ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည် EPN မြစ်ကြီးနား ဇန်နဝါရီ ၂၂ မြစ်ကြီးနားမြို့၊သီတာရပ်ကွက် ၊ဆုတောင်းပြည့်ကျောင်းတိုက် အတွင်းရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၏ စိန်ဖူးတော်အား အသစ်တဖန် ပြန်လည်ပြုပြင်ပြီး၍ တင်လှူပွဲနှင့် ထီးတော် ရွှေသင်္ကန်းကပ် လှူပွဲကျင်းပမည်ဖြစ်ကြောင်း အဆိုပါဘုရား၏ ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါပွဲကို ဇန်န၀ါရီ ၂၄ရက်နေ့ နံနက်၉နာရီ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်တွင် စိန်ဖူးတော်နှင့်ထီးတော်ကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးအုန်းမြင့်+ဇနီးဒေါ်နုနုဆွေမိသားစုတို့မှ မတည်၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ “စိန်ဖူးတော်နဲ့ထီးတော်ရွှေသင်္ကန်းက တစ်ဦးတည်းအလှုရှင်ပေါ့ ဒီစိန်ဖူးတော်နဲ့ထီးတော်က အရင်က အလှုရှင်ကလည်း သူတို့ပဲလေ ဆုတောင်းပြည့်စေတီတော်ကြီးရဲ့လုံးတော်ပြည့်ရွှေသင်္ကန်းကတော့ အများပြည် သူ လှူဒါန်းထားတဲ့ အလှူငွေနဲ့ပါ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၁၂၀၀လောက် ကုန်ကျမယ်”ဟု ဆုတောင်းပြည့်စေတီတော်ကြီးဂေါပကအဖွဲ့၏ ဥက္ကဌ ဦးအောင်မြင့်ကပြောသည်။ ဇန်န၀ါရီ၂၄ရက...