ခေတ္တတိမ်းရှောင်လာသော ကဆုန့်နှင့်ဇွပ်မိုင်ကျေးရွာများမှ တိုင်းရင်းသားများကို နိုင်ငံသားစီစစ်ရေးကဒ်ပြား ပြုလုပ်ပေးအပ်
ခေတ္တတိမ်းရှောင်လာသော ကဆုန့်နှင့်ဇွပ်မိုင်ကျေးရွာများမှ တိုင်းရင်းသားများကို နိုင်ငံသားစီစစ်ရေးကဒ်ပြား ပြုလုပ်ပေးအပ်
EPN
မိုးကောင်း ဇန်နဝါရီ ၁၉
- နယ်မြေအခြေအနေအရ ခေတ္တတိမ်းရှောင်လာသော ကဆုန့်နှင့် ဇွပ်မိုင် ကျေးရွာများမှတိုင်းရင်းသားများကို ကိုင်ဆောင်သင့်သည့်ကဒ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ် လမ်းခွကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးဦးLယော်ထုန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူး ဦးဝေဖြိုးကျော်နှင့်ဝန်ထမ်းများသည်ဇန်နဝါရီ ၁၈ရက်ညနေ၄နာရီကနယ်မြေအခြေအနေအရ ခေတ္တ တိမ်းရှောင်လာသော ကဆုန့်နှင့်ဇွပ်မိုင်ကျေးရွာများမှ တိုင်းရင်းသားများကို ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ပြုလုပ်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားကျား(၅၄)ဦး နှင့်မ(၄၄)ဦးကို ၎င်း(၁၈)နှစ်ပြည့်ကျား(၃၁)ဦးနှင့် မ(၃၃)ဦးကို၎င်းနိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ပေးအပ်ခဲ့ပါသည်။
- "ကိုင်ဆောင်သင့်တဲ့ ကဒ်ကိုအချိန်နဲ့ တပြေးညီကွင်းဆင်းဆောင်ရွက်ပေးတဲ့မြို့နယ်မှူးနဲ့ဝန်ထမ်းတွေကို ကျေးဇူးတင်လေးစားပါတယ်"ဟုဇွပ်မိုင်ကျေးရွာတာဝန်ခံဆရာဦးဆိုင်းဘူမှဆိုသည်။
- အဆိုပါပေးအပ်ပွဲသို့မြို့နယ် ဦးစီးမှူးဦးLယော်ထုန်နှင့်ဝန်ထမ်းများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ ဒုတိယ ဦးစီးမှူးဦးဝေဖြိုးကျော် လမ်းခွကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဦးလမိုင်လဆမ် ၊ကဆုန့်ဒေသကျေးရွာ တာဝန်ခံ ဦးလဆမ် ၊ ဦးလဂျောင်လတောင် ဇွပ်မိုင်ကျေးရွာတာဝန်ခံဆရာဦးဆိုင်းဘူနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ပြီးအဆိုပါကျေးရွာနေပြည်သူများကိုနိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအားနိုင်ငံသား စိစစ်ရေးကဒ်များ စိစစ်၍ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


Comments
Post a Comment