မိုးကောင်းတွင် တောင်ယာတွင် ပိန်းဥသွားဖော်စဉ် လူတစ်ဦး တောဝက်ပက်ခံရ

           မိုးကောင်းတွင် တောင်ယာတွင် ပိန်းဥသွားဖော်စဉ် လူတစ်ဦး တောဝက်ပက်ခံရ
EPN
မိုးကောင်း ဇန်နဝါရီ ၂၂

  • ကချင်ပြည်နယ်မိုးကောင်းမြို့ နတ်ကြီးကုန်းရှမ်းပိုင်းရပ် တောင်ယာတွင်ပိန်းဥသွားဖော် စဉ်တောဝက်ပက် ခံရသောဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

  • ယင်းနေ့၌ ဦးလဂျာ(၆၃)နှစ်သည် ကြာအင်းကျေးရွာအုပ်စု ဝါးကျစ်ကွင်းရှိ တောင်ယာတွင် ပိန်းဥစိုက်ပျိုးထားရာဇန်နဝါရီ ၂၁ရက်ညနေခင်း၌ ပိန်းဥသွားဖော်စဉ် တောဝက်ပက်ခံရသဖြင့် ပြင်းထန်သော ဒဏ်ရာရရှိ၍ မိုးကောင်းပြည်သူ့ဆေးရုံတွင်အတွင်းလူနာအဖြစ်ကုသမှု ခံယူနေကြောင်းသိရသည်။

  • "ဝါးကျစ်ကွင်းဘက်တောင်ယာမှာ ပိန်းဥစိုက်ထားတာ တောဝက်တွေလာလာစားတယ်ဆိုလို့ အမျိုးသားက ကိုင်းသွားထောင်ထားတာ တောဝက်ကမိနေတာကို ခွေးလေးငါးကောင်က ဝိုင်းထိုးဟောင်လိုက်တော့ တောဝက် က ရုန်းလိုက်တာကိုင်းကျိုးသွားပြီး လူကိုပြေးပက်တာ လူငယ်တွေလိုခပ်သွက်သွက် မရှောင်နိုင်လို့ပက်မိသွား တာ" ဟု ၎င်း၏အမျိုးသမီးဖြစ်သူဒေါ်ထုတင်မှပြောပါသည်။
  • တောဝက်ပက်ခံရသဖြင့် ဦးလဂျာတွင် ကျားအင်္ဂါထိပ်ပြတ်ရှပေါင်ပြတ်ရှ ခြေသလုံးနှစ်ဘက်လုံးပြတ်ရှ ဒဏ်ရာများရရှိခဲ့၍ မိုးကောင်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်းသိရသည်။
                                  ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ