တတိယအကြိမ်မြောက် ဓမ္မစကူးလ်ကျောင်းတော်များ စုံညီပွဲတော်ကျင်းပ

တတိယအကြိမ်မြောက် ဓမ္မစကူးလ်ကျောင်းတော်များ စုံညီပွဲတော်ကျင်းပ

EPN
မိုးကောင်း  ဇန်နဝါရီ  ၂၁
  • တတိယအကြိမ်မြောက် ဓမ္မစကူးလ်ကျောင်းတော်များ စုံညီပွဲတော်ကိုရွှေသာလျောင်းဘုရားဝင်းတွင် ယမန်နေ့ နေ့ခင်းကကျင်းပပြုလုပ်ပါသည်။
  • တိုင်းပြည်ပျက်တယ်ဆိုတာ ဗုံးခွဲဖျက်ဆီးမှပျက်တာ မဟုတ်ပါဘူး။ အဲဒီတိုင်းပြည်မှာနေတဲ့သူတွေ ပညာ     မတတ်ရင်လဲပျက်ပါတယ် စိတ်ရင်းစိတ်ဓါတ်မကောင်းသူတွေ လက်ထဲအုပ်ချုပ်မှုအာဏာရောက်ရင် လဲပျက်ပါ တယ်။ ဘုန်းကြီးတို့ ဓမ္မစကူလ်းဆိုတာစိတ်ရင်း စိတ်ဓာတ်ကောင်းမွန် အောင်သင်ကြားပေးနေတာပါ။ နောင်အနာဂါတ်ကိုဦးဆောင်မဲ့သူတွေအနေနဲ့စိတ်ရင်းစိတ်ဓါတ်ကောင်းမွန်ပြီးပညာတတ်ဖြစ်အောင်ကြိုးစားကြပါ"ဟု ပစ္ဆိမာရုံကျောင်းဆရာတော်ဦးသာသနမှမိန့်ပါသည်။
  • ကချင်ပြည်နယ် မိုးကောင်းမြို့ရွှေသာလျောင်းဘုရားဝင်းတွင် ဇန်နဝါရီလ ၂၀ရက်နေ့နေ့ခင်း ၁၁နာရီမှစ၍ တတိယအကြိမ်မြောက် ဓမ္မစကူးလ်ကျောင်းတော်များ စုံညီပွဲတော်ကျင်းပပြုလုပ်ရာတွင် ဆရာတော်မှအထက်ပါ အတိုင်းသြဝါဒစကားတွင်မိန့်ကြားခြင်းဖြစ်သည်။
  • နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကျောင်းဆရာတော်ဦး ဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ပစ္ဆိမာရုံကျောင်းဆရာတော်ဦးသာသနမှ သြဝါဒစကားမိန့်ကြားကာကြွရောက် လာသော ဆရာတော်ကြီးများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှ နဝကမ္မဝတ္ထု ငွေဆက်ကပ်ပြီးမွန်းလွှဲ ၁း၃၀နာရီ၌ ဆရာတော်များပြန်ကြွပြီး ဒုတိယပိုင်းအဖြစ် ဓမ္မစကူးလ်ဆရာ/မများနှင့်ကျောင်းသူ/သားများ၏ ပြဇာတ်ဗုဒ္ဓဝင် ဇာတ်တော် အဆို အကများတင်ဆက်ကြသည်။
  • "ဓမ္မစကူးလ်ကျောင်းတက်တဲ့ကလေးတွေမှာ ထူးခြားတဲ့ပြောင်းလဲမှုအနေနဲ့ကတော့ မဟုတ်တာမမှန်     တာလုပ်ရမှာကိုကြောက်လာတယ် ရွံ့လာတယ် ဟုတ်တာမှန်တာလုပ်တဲ့နေရာမှာရဲရင့်လာကြတယ် ကလေး တွေကိုသင်ပေးရင်းနဲ့ ကလေးတွေဆီကလဲပြန်သင်ယူရပါတယ်" ဟုဓမ္မစကူးလ်ကျောင်း ဆရာလုပ်သက်၃နှစ် ရှိအောင်ရှမ်းစုကျေးရွာမှ ဆရာမျိုးမြင့်အောင်မှဆိုသည်။
  • ဓမ္မစကူးလ် ကျောင်းတော်များစုံညီပွဲတော်ကို ဧည့်သည်များဆရာ/မများနှင့်ကျောင်းသူ/သားများအင်အား   ၂၅၀၀ဦးခန့်တက်ရောက်၍ ပွဲတော်တွင်ကလေးငယ်များ အသိတိုးပွားစေရန်ဗုဒ္ဓဝင်ပြခန်းများ ထားရှိပြီး ကျောင်းတော်ဂေါစဂံများမှ စတုဒီသာအကျွေးအမွေးများဖြင့်ကျွေးမွေးဧည့်ခံကြသည်။
  • မိုးကောင်းမြို့ပေါ်တွင်ဓမ္မစကူးလ်ကျောင်းတော်၁၃ကျောင်းရှိ၍တစ်မြို့နယ်လုံးအနေဖြင့်၂၆ကျောင်းရှိကာ ကျောင်းသူ/သား၃၀၀၀ဦးခန့်ကိုဆရာ/ဆရာမ ၂၅၀ဦးခန့်က ဘာသာရေးယဉ်ကျေးမှုစာပေသင်ကြားပေးလျှက်    ရှိသည်။           
                                              ချိုမောင်





Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ