မိုးညှင်းမြို့တွင် ကျပ် ၁၉သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါများဖမ်းဆီးရမိ

မိုးညှင်းမြို့တွင် ကျပ် ၁၉သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါများဖမ်းဆီးရမိ
 
EPN
မိုးညှင်း ဇန်နဝါရီ ၁၉
  •       မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနောက်ဘက် မော်ဟန်-နမ္မချီ သွားရာ ကားလမ်းတွင်စိတ်ကြွဆေးများ အား ဆိုင်ကယ်ဖြင့်သယ်ယူလာသော အမျိုးသားတစ်ဦး ထံမှကာလတန်ဖိုး ၁၉သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး မျးကို  ဇန်န၀ါရီ ၁၈ ရက်နေ့ ည၉နာရီအချိန်က ဖမ်းဆီးမိခဲ့ကြောင်းသိရသည် ။
  • ဖြစ်စဉ်မှာမိုးညှင်းခရိုင် ပြည်နယ်မှုခင်းအကူဌာနစိတ် ရဲအုပ်ကျော်မျိုးနိုင် အဖွဲ့နှင့်မော်ဟန်ရဲကင်းစခန်း အဖွဲ့တို့က အရပ်သက်သေများနှင့်ပူးပေါင်းကာ မော်ဟန်ကျေးရွာအနောက်ဖက်မော်ဟန်-နမ္မချီသွား ကားလမ်း အနီး  မော်ဟန်သင်္ချိုင်းအနီးတွင်စောင့်ဆိုင်းကာ မှော်ဟန်ဘက်သို့  သွားနေသော နေမျိုးအောင် ဆိုသူ၏ ဆိုင်ကယ် အား စစ်ဆေးခဲ့ကြောင်းသိရသည်။
  • နေမျိုးအောင်၏  ဘယ်ဘက်လက်တွင်ဆုတ်ကိုင်ထားသော အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော ပန်းရောင်စိတ်ကြွဆေးပြားဟုယူဆသော88/1စာတန်းပါ ဆေးပြား(၂၀၀)ပြား စီပါသောအထုပ်(၃)ထုပ်နှင့် ဆေးထိုးအပ်ထည့်ထားသောပလပ်စတစ်အိတ်အတွင်း88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား    အပြား(၅၀)ပြား ပါ(၁)ထုပ် စုစုပေါင်းဆေးပြား (၆၅၀) ပြား အလေးချိန် (၆၅)ဂရမ်ခန့် ကာလတန်ဖိုး ကျပ်၁၉သိန်း ၅သောင်း ဖိုး အားရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
  • “ကျွန်တော်တို့ မော်ဟန်-နမ္မချီ သွားရာကားလမ်းမှာရှောင်တစ်ခင် အမြဲဖမ်းနေပေမဲ့ ဖမ်းတိုင်းလဲမိနေပါ တယ် အခုလဲသွားရောက်စောင့်ဆိုင်းပြီးစစ်ဆေးဖမ်းခဲ့တာပါ” ဟု မော်ဟန်ရဲကင်းစခန်းဒုရဲအုပ်ဆန်းအောင်ထူး ကပြောသည်။
  • အဆိုပါမူးယစ်ဆေးပြားများကို နေမျိုးအောင်ဆိုသူက နမ္မချီမှော်သို့ရောက်ရှိစဉ် အမည်မသိ ရှမ်းအမျိုးသား တစ်ဦးထံမှ ဆေးပြား(၄)ထုပ်ကိုကျပ်၁၂သိန်းဖြင့်ဝယ်ယူခဲ့ပြီး သုံးစွဲရန်နှင့်ပြန်လည်ရောင်းချခဲ့ရာမှ ကျန်ရှိနေသော ပစ္စည်းများဖြစ်သည်ဟု သိရကြောင်း၊ မူးယစ်ဆေးများနှင့်အတူတွေ့ရှိခဲ့သူနေမျိုးအောင်အား မယ(ပ) ၁၄/၂၀၁၈  မူး /စိတ် ပုဒ်မ -၁၅ /၁၉(က)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။
သီဟ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ