ဟိုပင်မြို့ ဇိနာရာမကျောင်းတိုက် ဆရာတော်အား ယနေ့သင်္ဂြိုလ် မည်
ဟိုပင်မြို့ ဇိနာရာမကျောင်းတိုက် ဆရာတော်အား ယနေ့သင်္ဂြိုလ် မည်
EPN
ဟိုပင် ဇန်နဝါရီ ၂၁
- ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ဂါတ်ကုန်းရပ်ရှိ ဇိနာရာမကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုမင်္ဂလ၏ ရုပ်ကလပ် တော်အား ယနေ့ ဇန်နဝါရီ ၂၂ တနင်္လာနေ့ နံနက် ၉နာရီ အချိန်၌ ဟိုပင်မြို့တစ်မိုင်ကုန်းသုသာန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
- ဆရာတော်သည် သက်တော် (၄၈)နှစ် သိက္ခာတော် (၂၈)ဝါ ရှိပြီး ဇန်နဝါရီ ၁၈ရက်နေ့ ညနေ ၄နာရီတွင် ဘဝနတ် ပျံလွန်တော်မှုသွားပါသဖြင့် ကြွင်းကျန်ရစ်သောရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇော်ပွဲကို ပြုလုပ်သွားမည် ဖြစ်၍ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့အနေဖြင့် ဇန်နဝါရီ ၂၂ရက် မွန်လွဲ ၁နာရီတွင် ကြွရောက်ပူဇော်နိုင်ကြောင်း သိရသည်။



Comments
Post a Comment