မိုးညှင်းမြို့တွင် အထက(၂)အစိုးရစာသင်ကျောင်းမှ ကျောင်းသူလေးတစ်ဦး ကြိုးဆွဲချသေဆုံး

မိုးညှင်းမြို့တွင် အထက(၂)အစိုးရစာသင်ကျောင်းမှ ကျောင်းသူလေးတစ်ဦး ကြိုးဆွဲချသေဆုံး


EPN
မိုးညှင်းဇန်နဝါရီ၂၀
  • မိုးညှင်းမြို့အောင်သပြေ(၃)ရပ်ကွက်နေ အထက(၂)အစိုးရစာသင်ကျောင်းမှ ကျောင်းသူလေးတစ်ဦး  ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ၃နာရီခန့် အချိန်က  တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
  • မြေးဖြစ်သူက  သူ့ရဲ့မိဘတွေနဲ့ အဆက်အသွယ်ပြတ်ပြီး ဆင်းရဲ နွမ်းပါးစွာနဲ့ ကျောင်းတက်နေရလို့  သူ စိတ်ညှစ်နေ တယ် ကျမက သက်ငယ်ရိတ် သွားနေပြီးအိမ်ပြန်မှ  သေဆုံးနေတာသိရတယ် ဟု သေဆုံးသူ၏ အဖွားဖြစ်သူ ဒေါ်ခင်သောင်း ကပြောသည်။
  •  သေဆုံးခဲ့သူ အသက်၁၆နှစ်ရှိ မယဉ်ရူပါစိုးသည်  အသက်(၇၀)နှစ်ရှိ အဖွားဖြစ်သူ ဒေါ်ခင်သောင်း   ပိုင်ဆိုင် သည့်  အောင်သပြေ(၃)ရပ်ကွက် အိမ်အမှတ်၃/၅၁ နေအိမ် တွင်  အတူ နေထိုင်ပြီးမိုးညှင်းအထက(၂) ဒဿမတန်း(B) အခန်းတွင်    ပညာသင်ကြားနေသော ကျောင်းသူလေး ဖြစ်ကြောင်းသိရသည်။
  •  ဖြစ်စဉ်မှာ  အောင်သပြေ(၃)ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ မိုးညှင်းမြို့မ ရဲစခန်း ဒုတိယစခန်းမှူး  ရဲအုပ်ညွှန်လှိုင် နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ မယဉ်ရူပါစိုး ဆိုသူမှာ အောင်သပြေ(၃) ရပ်ကွက်  နေအိမ်အတွင်းရှိသေတ္တာပေါ်တွင်မှောက်လျက်အနေအထားဖြင့်   ၎င်း၏လည်ပင်းတွင် (၄)ပင်လိမ်ပလပ်စတစ် ကြိုးစွပ်လျက်သေဆုံးသေဆုံးနေခဲ့ကြောင်းသိရသည်။
  •  အခင်းဖြစ်သည့်နေရာတွင် (၆)ပေခန့်ရှိသော  (၄)ပင်လိမ်ပလပ်စတစ်ကြိုး ကွင်းအသေး၏ အစမှာဖွာနေပြီးပြတ် ကျထားသည့် အနေအထား  များတွေ့ရှိသဖြင့်ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းအိပ်ခန်း၏ကြမ်းပြင်မှ (၇)ပေမြင့်သောနေရာ တွင်  တန်းထိုးထားသည့်  ၆X၃ လက်မ  ဆိုဒ်အရွယ် သစ်သားတန်းတွင်ကြိုးရာများတွေ့ရှိခဲ့သည်ဟုဆိုသည်။
  • အဆိုပါသေဆုံးမှုမှာ ဓမ္မတာအတိုင်းဟုတ်မဟုတ် သိရှိစေရန် သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၈)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
                                                သီဟ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ