မိုးညှင်းမြို့နယ် တွင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား ဇန်နဝါရီ ၂၁
  • ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် နန့်မွန်းကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ်ခန့်က ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
  • ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ဆိုင်းအောင်ရပ်ကွက်နေ ဒေါ်တင်မာမိုး(ခ) ဒေါ်ဖဲ ၊(၄၇)နှစ် မောင်းနှင်လာသော MDY- CROWN ကားအမျိုးအစားနှင့် ဗန်းမောက်မြို့နယ် တောင်သူကြီးကုန်းကျေးရွာ တွင်နေထိုင်သူ ဦးညွန့်လွင်  (၂၉)နှစ် မောင်းနှင်လာသော KANDA- 125ဆိုင်ကယ် အမျိုးအစားတို့သည် မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာရှိ ပန့်ဆီဆိုင်တစ်ခုရှေ့တွင် မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ကြောင်းသိရသည်။
  •     ၎င်းဖြစ်ပွားမှု၌ ဦးညွန့်လွင်မောင်းနှင်လာသော ဆိုင်ကယ်နောက်တွင် မင်းဘူးမြို့နယ် တိုက်မွန် ကျေးရွာနေ ဦးပါဋ္ဌိ (၃၃)နှစ် ဝါတော် (၁၃)ဝါအား တင်ဆောင်လာခဲ့ရာ၎င်းမှာ  ဘယ်ခြေသန်းနှင့် ဝမ်းဗိုက်နားတွေ ဒဏ်ရာရခဲ့ပြီး ဦးညွန့်လွင်မှာ ဘယ်ဘက်မျက်ခုံးထက် လေးလက်မခန့် ကွဲဒဏ်ရာနှင့် ဘယ်ဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့မှုကြောင့် ဒဏ်ရာမှာ မစိုးရိမ်ရသော်လည်း  မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပါရမီ လူမှုကူညီရေးအသင်း ကားဖြင့် ၁၁နာရီ အချိန်က ပို့ဆောင်ခဲ့ကြောင်းသိရသည်။
                                  လွမ်းအောင်

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ