ကေအိုင်အေမှ ဖားကန့်- တနိုင်း ကြားပြေးဆွဲနေသော ကားသမားများထံမှ ငွေကြေးကောက်ခံ

ကေအိုင်အေမှ ဖားကန့်- တနိုင်း ကြားပြေးဆွဲနေသော ကားသမားများထံမှ ငွေကြေးကောက်ခံ

EPN
မြစ်ကြီးနား ဇန်နဝါရီ ၂၁
  •     ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ လွယ်လီယံကျေးရွာအုပ်စု၊ လွယ်လီယံကျေးရွာနှင့် ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာကြား တနိုင်း-မြစ်ကြီးနား လီဒိုလမ်းပေါ်၌ ကေအိုင်အေတပ် ရင်း(၁၁)မှ အင်အား(၃၀)ဦး ခန့်ပါဝင်သော တပ်ဖွဲ့သည် ဖားကန့်- တနိုင်း အဆင်း၊ အတက် မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံ လျက်ရှိကြောင်းသိရသည်။
  •     ယခုလ ဇန်နဝါရီလ ယမန်နေ့နံနက် ၈နာရီခန့် အချိန်က ကေအိုင်အေ ရင်း(၁၁) မှ ဗိုလ်အဆင့်ရှိသူ ဦးလှရွှေ ခေါင်းဆောင်သော တပ်ဖွဲ့သည် ဖားကန့်-တနိုင်း အဆင်း၊ အတက် ကား(၁)စီးလျှင် ငါးသောင်းကျပ် မှ နှစ်သိန်းငါးသောင်းကျပ် ထိကောက်ခံလျက်ရှိကြောင်း အဆိုပါ လမ်းအတွင်း ပြေးဆွဲနေသော ကားသမားများထံမှ သိရှိရသည်။
  •     “ကေအိုင်အေ တပ်ဖွဲ့က ကျွန်တော်တို့ကားသမား တွေဆီကနေ ပိုက်ဆံကောက်တယ် ၊ ကားတစ်စီးကို ငါးသောင်းကနေ နှစ်သိန်းငါးသောင်းကျပ် ထိကောက်ပါတယ်၊ အရင်ကသူတို့ ဆီမှာ ပိုက်ဆံပေးခဲ့ဖူးတဲ့သူ တွေကျတော့ သက်သေခံ ကဒ်ပြားပြရင် နှစ်သောင်း ကနေ သုံးသောင်း အထိပေးရတယ်” ဟု အဆိုပါ လမ်းတွင်ပြေးဆွဲနေသော ကားသမားတစ်ဦးကပြောသည်။
  •     ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေမှ ဖားကန့် -တနိုင်းလမ်းအတွင်း ကားသမားများထံမှ ယခုကဲ့သို့ ငွေးကြေးကောက်ခံနေမှု သည် မကြာခဏ ကောက်ခံမှုများရှနေပြီး ယခုလ(၁၁)ရက်နေ့တွင် တစ်ကြိမ် (၁၃)ရက်နေ့ (၁၆)ရက်နေ့တွင်နှစ်ကြိမ် နှင့် ယမန်နေ့ ၂၀ရက်နေ့တွင် တစ်ကြိမ်ဖြစ်ပြီး  ယခုလအတွင်းတွင် လေးကြိမ်းတိုင် ရှိနေပြီး ဖြစ်ကြောင်းသိရသည်။

                                           လွမ်းအောင်

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ