ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်

         ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်
EPN
မြစ်ကြီးနား ဇန်နဝါရီ ၂၂

  •  မြစ်ကြီးနားမြို့၊သီတာရပ်ကွက် ၊ဆုတောင်းပြည့်ကျောင်းတိုက် အတွင်းရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၏ စိန်ဖူးတော်အား အသစ်တဖန် ပြန်လည်ပြုပြင်ပြီး၍ တင်လှူပွဲနှင့် ထီးတော် ရွှေသင်္ကန်းကပ် လှူပွဲကျင်းပမည်ဖြစ်ကြောင်း အဆိုပါဘုရား၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
  • အဆိုပါပွဲကို ဇန်န၀ါရီ ၂၄ရက်နေ့ နံနက်၉နာရီ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်တွင် စိန်ဖူးတော်နှင့်ထီးတော်ကို  ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးအုန်းမြင့်+ဇနီးဒေါ်နုနုဆွေမိသားစုတို့မှ မတည်၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
  • “စိန်ဖူးတော်နဲ့ထီးတော်ရွှေသင်္ကန်းက တစ်ဦးတည်းအလှုရှင်ပေါ့ ဒီစိန်ဖူးတော်နဲ့ထီးတော်က အရင်က အလှုရှင်ကလည်း သူတို့ပဲလေ ဆုတောင်းပြည့်စေတီတော်ကြီးရဲ့လုံးတော်ပြည့်ရွှေသင်္ကန်းကတော့ အများပြည် သူ လှူဒါန်းထားတဲ့ အလှူငွေနဲ့ပါ  ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၁၂၀၀လောက် ကုန်ကျမယ်”ဟု ဆုတောင်းပြည့်စေတီတော်ကြီးဂေါပကအဖွဲ့၏ ဥက္ကဌ ဦးအောင်မြင့်ကပြောသည်။
  •  ဇန်န၀ါရီ၂၄ရက်နေ့ နံနက်၉နာရီတွင်စတင်၍အစီအစဉ်ကို ၃ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပြုလုပ်မည့် အစီအစဉ် ပထမပိုင်းအဖြစ် ဘုရားရှိခိုး ကန်တော့ခြင်းနှင့်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခြင်း၊ ဒုတိယပိုင်းအဖြစ် လက်ျာရစ်၃ကြိမ် လှည့်လည်ပူဇော်မည့် အစီအစဉ် ၊တတိယပိုင်းအဖြစ် သံဃာတော်များမှ ဘုရားအနေကဇာတင်ခြင်းနှင့် အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ဖြစ်ကြောင်း သိရသည်။
  •  ဆုတောင်းပြည့်ဘုရားကို ၂၀၀၆ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးအုန်းမြင့်+ ဇနီးဒေါ်နုနုဆွေ မိသားစုတို့က စိန်ဖူးတော်အား တင်လှူပူဇော်ထားခဲ့ပြီး ယခု၎င်းတို့မှ စိန်ဖူးတော်အားပြန်လည်ပြုပြင်ပြီး ထီးတော် ကို ရွှေသင်္ကန်းကပ်ခြင်းဖြစ်သည်။
  •  ၂၀၁၈ခုနှစ်အတွင်း လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၏ ဘေးပတ်ပတ်လည်တွင် အရံစေတီအဆောင်ငယ်များ အသစ်ပြုလုပ်သွားရန်ရှိပြီးဇန်န၀ါရီ  ၂၂ရက်အထိ စုစုပေါင်းအလှူခံရရှိထားသော လက်ကျန်ငွေမှာ ကျပ်သိန်းပေါင်း၁၀၀၀ကျော်ခန့် ကျန်ရှိသေးကြောင်း ဦးအောင်မြင့်ကပြောသည်။
                       မီးမီး



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ