လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)တွင် ဆောင်ရွက်ခဲ့သောအဆောက်အဦများအား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်
လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)တွင် ဆောင်ရွက်ခဲ့သောအဆောက်အဦများအား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်
EPN
မိုးကောင်း ဇန်နဝါရီ ၁၉
- ကချင်ပြည်နယ်တွင် ပထမဦးဆုံးစတင်ဆောင်ရွက်ခွင့်ရရှိသော မြို့ဖြစ်သောကြောင့် ရရှိသော အခွင့်အရေး ကိုကော်မတီဝင်များနှင့်ပြည်သူများ အကျိုးရှိစွာအသုံးချနိုင်သဖြင့်မံကိန်း၏ ရည်ရွယ်ချက်ဖြစ်သည့်ဆင်းရဲနွမ်းပါး သောကျေးလက် လူထုအနေဖြင့် အခြေခံလူမှု-စီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှုများအား လူထုဗဟိုပြု စနစ်ကိုကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည် အရည်အသွေးများကိုမြှင့်တင်ပေးရန်၊ ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်လျှင်မြန်စွာ တုန့်ပြန်နိုင်စေရန်အစရှိသည်တို့၌ အမျိုးသားများသာမက အမျိုးသမီးများပါတန်းတူအားလုံး ပူးပေါင်းပါဝင်ခဲ့သောကြောင့် ပထမနှစ်စက်ဝန်းစီမံကိန်းကြီးတစ်ခုလုံးကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ် ကြောင်းသိရသည်။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလူထုဗဟိုပြု စီိမံကိန်း(ပထမနှစ်စက်ဝန်း)တွင်တာဝန်ယူဆောက်လုပ်ခဲ့သောပညာရေး၊ ကျန်းမာရေး လျှပ်စစ်ဌာနတို့နှင့် သက်ဆိုင်သောအခြေခံအဆောက်အဦးများအား သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအဖွင့်အမှာစကားတွင် လူထုဗဟိုပြုစီမံကိန်းပြည်နယ်(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူးဦးထွန်းချစ်မှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၁၉ရက် နေ့လည်၁နာရီကထုဗဟိုပြု စီိမံကိန်း(ပထမနှစ်စက်ဝန်း)တွင်တာဝန်ယူဆောက်လုပ်ခဲ့သောပညာရေး ကျန်းမာရေး လျှပ်စစ်ဌာနတို့နှင့် သက်ဆိုင်သောအခြေခံအဆောက်အဦးများအား သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ပါသည်။
- "ပထမစက်ဝန်းမှာတော့လမ်းတံတားတွေရပါတယ် ကျေးရွာသားတွေအနေနဲ့ထူးထူးခြားခြားခံစားရပါတယ် ကိုယ့်ရပ်ရွာငွေနဲ့ဆိုမလွယ်ဘူးဗျ ဒုတိယနှစ်စက်ဝန်းမှာတော့ခန်းမလေးရချင်တယ် အောင်လဲအောင်မြင်စေချင် တယ်" ဟု ပင်းဘောဒေသခံရာအိမ်မှူးဦးကိုကိုကြီးမှ ဆိုသည်။
- ထို့နောက်ပညာရေး ကျန်းမာရေး လျှပ်စစ်ဌာနတို့နှင့်သက်ဆိုင်သောအခြေခံအဆောက်အဦ များအား သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ပြီး ပညာရေးဌာနဦးစီးအရာရှိ ဒေါ်အေးအေးနွယ်မှအားလုံးကိုယ်စားကျေးဇူးတင် စကားပြောကြားပါသည်။
- ယနေ့ အခမ်းအနားသို့ လူထုဗဟိုပြုစီမံကိန်းပြည်နယ်(တာဝန်ခံ)ဒုတိယညွှန်ကြားရေးမှူးဦးထွန်းချစ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးနေသူရိန်စိန် လှဌာနဆိုင်ရာအရာရှိများ ကျေးရွာတာဝန်ခံများတက်ရောက်ကြသည်။
- မိုးကောင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ ကျေးရွာ(၇၉)ရွာကို၂၀၁၆-၂၀၁၇ပထမနှစ်စက်ဝန်း၌ ကျပ်သိန်းပေါင်း(၁၂၆၈၀)သိန်းအသုံးပြု၍ လမ်းတံတားရေပေးဝေရေး၊မီးလင်းရေး၊စာသင်ကျောင်း၊ဆေးပေးခန်း၊ လုပ်ငန်းခွဲပေါင်း(၁၁၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။



Comments
Post a Comment