ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်ပေါ်ရှိဘုရား ဌာပနာပိတ်ပွဲ ကျင်းပမည်
ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်ပေါ်ရှိဘုရား ဌာပနာပိတ်ပွဲ ကျင်းပမည်
EPN
မြစ်ကြီးနား ဇန်နဝါရီ ၂၀
- ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာတွင်ရှိသော ရွှေမိုးတောင်ပေါ်တွင် ``ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့် စေတီတော်´´၏ ဌာပနာပိတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။
- အဆိုပါ ဌာပနာပိတ်ပွဲကို ဇန်န၀ါရီလ၂၃ရက်နေ့ နံနက်၉နာရီတွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိမှာ ဌာပနာပိတ်ပွဲ အတွက် ရတနာပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး (၁၃၂၆၀၀၀)ကျပ်ခန့် ရရှိထားပြီဖြစ်ကြောင်း ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တကေတုမာလာက မိန့်ကြားသည်။
- ``ဌာပနာပိတ်ပွဲ အစီအစဉ်တွေကို အဲ့ဒီနေ့တစ်ရက်ထဲမှာပဲ ပထမပိုင်း၊ဒုတိယပိုင်း၊တတိယပိုင်း သုံးပိုင်းခွဲပြီး လုပ်သွားမှာပါ ဒီနေ့အထိတော့ ဌာပနာတော်သွင်းမယ့် ရတနာပစ္စည်းအစုံ သိန်းတစ်ရာကျောဖိုး ရရှိထားပါပြီ´´ဟု ဆရာတော်က မိန့်ကြားသည်။
- ဇန်နဝါရီ၂၃ရက်နေ့တွင် ပြုလုပ်မည့်အစီအစဉ် ပထမပိုင်းအဖြစ် ဘုရားရှိခိုး ကန်တော့ခြင်းနှင့်လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေခြင်းအစီအစဉ်၊ ဒုတိယပိုင်းအဖြစ် လက်ျာရစ်လှည့်လည် ပူဇော်မည့် အစီအစဉ် ၊တတိယပိုင်းအဖြစ် ဘုရားဒါယိကာများနှင့် ဆရာတော်များမှ ဌာပနာတိုက်ကိုပိတ်ခြင်းတို့ဖြင့် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
- ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့် စေတီတော် အတွင်းဌာပနာရန်အတွက် လှူဒါန်းထား သည့် ပစ္စည်းများအဖြစ်စိန်ဆွဲသီး၊ စိန်လက်စွပ်၊ ရွှေနားကွင်း၊ ရွှေအပ်စသည့် ရွှေထည်ပစ္စည်းများ၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပယင်းဆွဲကြိုး၊ ငွေကြုတ်၊ ရွှေကြုပ်၊ ကျောက်စိမ်းပြားဆိုက်စုံ၊ ဗုဒ္ဓရုပ်ပွားတော်များ ပါရှိကြောင်းသိရသည်။
- အဆိုပါ ရွှေမိုးတောင်ပေါ်ရှိရွှေမိုးတောင်ပေါ်ရှိ ``ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့် စေတီတော်´´သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇွန်လအတွင်းက ပျံလွန်တော်မူသွားသည့် ဝန်းသိုဆရာတော် ဘုရားကြီး ကြီးမှူး၍ တည်ထားသော ဘုရားဖြစ်သည်။
မီးမီး


Comments
Post a Comment