မြစ်ကြီးနားမြို့၌ ကြံ့ခိုင်ရေးပါတီမှ ရပ်/ကျေး ဥက္ကဠ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနားမြို့၌ ကြံ့ခိုင်ရေးပါတီမှ ရပ်/ကျေး ဥက္ကဠ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၂၀               
  • မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီ ဥက္ကဠ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့နယ်ရှိ ၎င်းပါတီရုံး၌ ဇန်နဝါရီလ (၂၀) ရက် နံနက်(၉)နာရီက စတင်ကျင်းပခဲ့ပြီး၊ ပါတီ၏ ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်း၊ ခရိုင်ဥက္ကဠ ဦးထွန်းဖေ၊ မြို့နယ် ဥက္ကဠ ဦးညွန့်ဝင်းတို့နှင့် ပါတီ ရပ်/ကျေး ဥက္ကဠ တာဝန်ပေးအပ်ခြင်း ခံရသူများ၊ ပါတီဝင်များ စုစုပေါင်း လူဦးရေ(၇၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
  •        အဆိုပါ အခမ်းအနား၌ ပါတီ၏ ပြည်နယ်အတွင်းရေမှူး ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် "ကျနော်တို့ ပါတီမှာက စည်းရုံးရေးမှူးဆိုပြီးပဲ သုံးလာတာဖြစ်တဲ့အတွက် ခေတ်စနစ်နဲ့ ဆီလျှော်အောင်လို့ ဒီနေ့မှာ ရပ်/ကျေး ဥက္ကဠ အဖြစ်တာဝန်ပေးအပ်တာပါ။ ဒါကလဲ ပါတီ ဗဟိုကော်မတီရဲ့ ၈/၂၀၁၇ စည်းဝေးဆုံးဖြတ်ချက်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ခြင်းဖြစ်ပါတယ်။ ပါတီဝင် နှစ်စဉ်ကြေးကတော့ ပါတီတိုင်းမှာ နှစ်စဉ်လုပ်နေတာဖြစ်လို့ အထွေအထူး ပြောဖို့မရှိပါဘူး။ ဒီနေ့ ရပ်ကျေး ဥက္ကဠ တာဝန်ပေးခံရသူတွေ အနေနဲ့ အခုထက်ပိုပြီး ကြိုးစားလုပ်ကိုင်ကြပါလို့ ပြောချင်ပါတယ်" ဟု ဆိုသည်။
  •              မြို့နယ်ဥက္ကဠမှလည်း ယခု တာဝန်ပေးအပ်ခြင်းခံရသူများမှာ ယခင်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းဆောင်တာများထက် ပိုမိုတာဝန်ကြီးလာပြီဖြစ်ပြီး ပို၍ကြိုးစားကြရန် လိုကြောင်းဆိုသည်။
  •            "ဒီနေ့ တာဝန်ပေးအပ်ခံရတဲ့သူတွေဟာ အရင်က လုပ်ကိုင်နေတဲ့ အလုပ်ထက် ပိုပြီးကြိုးစားဖို့ လိုလာပါပြီ။ ဒါကြောင့် ပိုပြီးတော့ ကြိုးစားကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ် "ဟု မြို့နယ်ပါတီ ဥက္ကဠ ဦးညွန့်ဝင်းကပြောသည်။
  •             ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ အနိုင်ရရှိခဲ့သော ပါတီကြီးတစ်ခုဖြစ်ကာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌မူ လွှတ်တော်နေရာ အနည်းငယ်သာ အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ယခုမှစတင် ကြိုးစားနေပြီဖြစ်ကြောင်း သိရသည်။
                                                ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ