ကုန်ကြမ်းရောင်းချနေမှုမှ ကုန်ချောရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ပဲစင်းငုံအထူးပြု စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

ကုန်ကြမ်းရောင်းချနေမှုမှ ကုန်ချောရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ပဲစင်းငုံအထူးပြု စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၂
  • မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ပူးပေါင်းဖွင့်လှစ်သော ဆန်၊ပဲ၊ပြောင်း၊ဂျုံ၊ ပဲစင်းငုံ (အထူးပြု) တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို ဇန်နဝါရီလ(၂၂)ရက်၊ နံနက်(၉)နာရီခွဲ၌ ၄င်းရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်း၊ အသေးစား စက်မှုလက်မှုဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးအောင်မောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အရာရှိကြီးများ၊ သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၇၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
  • ယင်းသင်တန်းကို ဇန်နဝါရီ(၂၂)ရက်မှ (၂၆)ရက်ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ တက်ရောက်သူများအားလုံးကို သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
  •  “ကချင်ပြည်နယ်မှာ အသေးစားလုပ်ငန်းရှင်တွေ များများပေါ်ထွက်လာ စေဖို့နဲ့ ကုန်ချော ထုတ်လုပ်တဲ့ နည်းပညာတွေဖြန့်ဝေ ပေးချင်တဲ့အတွက် ဒီသင်တန်းကို ဖွင့်လှစ်နိုင်အောင် ကြိုးစားဖွင့်လှစ်ပေးခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းမှာလဲ အသေးစားလုပ်ငန်းရှင်တွေ များများပေါ်ထွက်လာဖို့ လိုတယ်ဆိုတဲ့ အချက်ကြောင့်လဲ ဖြစ်ပါတယ်။”ဟု  အသေးစားစက်မှုလက်မှု ဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးအောင်မောင်း ကပြောသည်။
  • သင်တန်းဖွင့်ပွဲ၌ ဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များ တိုးပွားလာခြင်းဖြင့် အလုပ်အကိုင်း အခွင့်အလမ်းများ တိုးပွားလာပြီး မိသားစုဝင်ငွေ မြင့်မားလာကာ လူနေမှုဘဝ ဖွံ့ဖြိုးလာစေရန်နှင့် စားသုံးသူ ပြည်သူများ အစာအဟာရ ဖူလုံမှုရှိစေရန်အတွက် ရည်ရွယ်ကြောင်း ၄င်းကဆိုသည်။
  • အဆိုပါ သင်တန်းကို ပူးပေါင်းပံ့ပိုးကူညီခဲ့သော မင်္ဂလာမြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူမှ ပြောကြားရာတွင်လည်း နိုင်ငံတွင်းမှ ကုန်ကြမ်းများကို ထုတ်ရောင်းနေရမှုကို တားဆီးနိုင်ပြီး၊ ကုန်ချောထုတ်လုပ်မှုကို မြှင့်တင်နိုင်စေရန်အတွက် ရည်ရွယ်ကာ ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  • “ကျနော်တို့ နိုင်ငံဟာ သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ကုန်ပစ္စည်းကို မဆို ကုန်ကြမ်းအတိုင်းပဲ ထုတ်ရောင်းနေကြရတယ်။ ကုန်ချောမထုတ်နိုင်ဘူး။ ဒါကြောင့် ကုန်ချောထုတ်လုပ်တဲ့ နည်ပညာပေး သင်တန်းတစ်ခုဖြစ်တဲ့ ဒီသင်တန်းကို ကူညီပံ့ပိုးဖြစ်တာပါ ” ဟု မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ် ရေးကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာဟိန်းသူ ကပြောသည်။
  • ယခုဖွင့်လှစ်သော ပဲစင်းငုံ (အထူးပြု) တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းတွင် ပဲစင်းငုံအပြင် ဆန်၊ပဲ၊ပြောင်း၊ ဂျုံများဖြင့် ပြုလုပ်သော စားသောက်ကုန်များဖြစ်၍ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဥပါဒ် အန္တရာယ်ကင်းသည့် တန်ဖိုးမြင့် ပဲစင်းငုံအခြေခံ စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်၍ သင်တန်းတွင် ပဲစင်းငုံကို အခြေခံ၍ ပဲကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပဲလမုန့်၊ တို့ဟူးခြောက်၊ ပူတင်း၊ ပဲခေါက်ဆွဲ၊ ပဲချောင်း၊ အချိုကြော်၊ အစပ်ကြော်၊ ပဲအာဟာရမှုန့်၊ ပဲဟင်းခတ်မှုန့်တို့ကို လက်တွေ့ ထုတ်လုပ်တတ်အောင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးနှင့် နည်းပြဆရာ/မ(၃)ဦးမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသား/သူဦးရေ (၅၀)ဦး တက်ရောက်သင်ကြား လျှက်ရှိကြောင်း သိရသည်။
                              ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ