မိုးညှင်းမြို့တွင် “နားခါရပ်ကွက်ပန်းခြံ” ကိုယ်ထူကိုယ်ထတည်ဆောက်နေ

မိုးညှင်းမြို့တွင် “နားခါရပ်ကွက်ပန်းခြံ” ကိုယ်ထူကိုယ်ထတည်ဆောက်နေ 

EPN
မိုးညှင်း ဇန်နဝါရီ ၁၉
  • မိုးညှင်းမြို့နားခါရပ်ကွက်တွင် နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပြည်သူများအပန်းဖြနိုင်ရန် ကိုယ်ထူကိုယ်ထ ပန်းခြံ ကိုတည်ဆောက်နေကြောင်းသိရသည်။
  • အဆိုပါပန်းခြံသည်မြို့နယ်စည်ပင်၏ ဘတ်ဂျက်ကိုအသုံးမပြုဘဲ မိုးညှင်းမြို့ပေါ်ရှိ အလှူရှင်များ ထည့်ဝင် ငွေဖြင့်သာ တည်ဆောက်နေကြောင်း မိုးညှင်းမြို့ နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောသည်။
  •        “အခု မိုးညှင်းမြို့မှာ တိုက်တာအဆောက်အဦ တွေပေါလာလို့အပန်းဖြေစရာနေရာမရှိ တော့ဘူးလေ မြို့ထဲ မှာပြည်သူတွေ အနားယူဖို့အလှူရှင် တွေရဲ့ အားကိုယူပြီး အပန်းဖြေနိုင်တဲ့နေရာလေးတစ်ခု ဖန်တီးပေး နေတာပါ “ ဟု နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်အေးကပြောသည် ။
  • အဆိုပါပန်းခြံအား “နားခါရပ်ကွက်ပန်းခြံ”ဟုအမည်ပေးထားပြီး  မိုးညင်းမြို့အလယ် သို့ဖြတ်သန်းစီးဆင်း နေသော နန့်ရင်းချောင်း၏ဘေး ရေတိုက်စားခဲ့သော ကမ်းပါးအား RCကွန်ကရစ်ကျောက်ခွေများဖြင့် ၂၀၁၆ခုနှစ် မေလမှစတင်ကာတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။
  • အဆိုပါ ပန်းခြံကို မိုးညှင်းမြို့နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်အေးမှ ကျပ်သိန်း(၄၀)ကျော်မတည်ခဲ့ပြီး နားခါရပ်ကွက်ပိုင်မြေနေရာတွင်အလျား ၁၁၈ပေ ၊တောင်ဘက်ရှိ အနံ ၄၀ ပေ ၊မြောက်ဘက်ရှိအနံ၃၂ပေ ရှိပြီး ပြည်သူများအပန်းဖြေစေဖို့အားကစားပစ္စည်းများလည်းထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။
  • “အခုတည်ဆောက်မှုက ၆၀ ရာခိုင်နှုန်းဘဲပြီးနေပါသေးတယ် လက်ရှိမြို့ပေါ်က အလှူရှင်တွေရဲ့အလှုငွေ ကျပ်သိန်း၂ရာကျော်ကို အသုံးပြုထားပါတယ် အားလုံးပြီးစီးသည် အထိဆိုရင်တော့ နောက်ထပ်ကျပ် ငွေ ၁၈၀ သိန်း လောက်ကုန်ဦးမယ်လို့ခန့်မှန်းထားပါတယ် ဒီပန်းခြံပြီး သွားရင်မိုးညှင်းမြို့မှာ မီးဘေးအန္တရာယ်တွေ တွေ့ကြုံလာရင်လည်း ကယ်ဆယ်ရေးစခန်းအနေနဲ့ကူညီနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်” ဟု နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောသည်။
  • မိုးညှင်း မြို့ပေါ်ရပ်ကွက်တွင်  ပြည်သူများအပန်းဖြေနားနေနိုင်ရန်အတွက်  အောင်သပြေ(၃)ရပ်ကွက်၌   မိုးညှင်းမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် ပန်းခြံ တစ်ခုသာတည်ရှိနေပြီး ယခုတည်ဆောက်နေသော နားခါရပ်ကွက် ပန်းခြံ အသစ်တစ်ခုထပ်မံတိုးလာတော့ မည်ဖြစ်ကြောင်းသိရသည်။
                                            သီဟ



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ