ဖားကန့်မြို့နယ်အတွင်း ရေဘေးအန္တရာယ်မှကင်းဝေးစေရန် စွန့်ပစ်မြေစာပုံများရှင်းလင်း
ဖားကန့်မြို့နယ်အတွင်း ရေဘေးအန္တရာယ်မှကင်းဝေးစေရန် စွန့်ပစ်မြေစာပုံများရှင်းလင်း
EPN
မြစ်ကြီးနား၊ဇန်နဝါရီ ၂၂
EPN
မြစ်ကြီးနား၊ဇန်နဝါရီ ၂၂
- ကချင်ပြည်နယ်၊ဖားကန့်မြို့တွင် မြို့တွင်းနှင့်ကျေးရွာများ နေပြည်သူများအား ရေဘေးအန္တာရာယ်မှ ကင်းဝေးစေရန်ဖားကန့် အခြေပြုတပ်မ(၁၀၁)တပ်မမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ဇန်နဝါရီ ၂၂ရက်နေ့က ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
- ပြည်သူများရေဘေးသင့်မှုဖြစ်ရခြင်းမှာဥရုချောင်းအတွင်းသို့စွန့်ပစ်မြေစာများနှင့်နွံကနှယ်များကြောင့်ဖြစ် သည့်အတွက်အဆိုပါစွန့်ပစ်မြေစာများနှင့်နွံတနှယ်များအား ပြန်လည်ဆယ်တင်ဖယ်ရှားခြင်း လုပ်ငန်းများကို ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများမှ စက်ယန္တရားများဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
- အဆိုပါဥရုချောင်းကြမ်းပြင်တွင်ယခင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများ၏စွန့်ပစ်မြေစာများကြောင့်နွံတနယ်များမြင့်တက်လာသည့်အတွက် မိုးတွင်းကာလအတွင်း ဥရုချောင်းရေကြီးရေလျှံလျက် ရှိရာဖားကန့်မြို့ နှင့်အနီးတဝိုက်ကျေးရွာများ ဖြစ်သောလုံးခင်း၊ နမ္မဖြစ်၊ဆိပ်မူစသည့်ကျေးရွာအုပ်စုများ နေပြည်သူများနှစ်စဉ် ရေဘေးဒုက္ခခံစားနေရကြောင်းသိရှိရသည်။
- ဖားကန့်မြို့အတွင်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများမှ ဥရုချောင်းတစ်လျှေက် မြေစာပုံများ စွန့်ပစ် နေမှုကြောင့် ဒေသခံများက ယခင်နှစ်များတွင်လည်း ကန့်ကွက် ဆန္ဒပြမှုများရှိခဲ့သည်။



Comments
Post a Comment