မြစ်ကြီးနားမြို့၌ ပညာရေးစုံပွဲတော်ကျင်းပ

မြစ်ကြီးနားမြို့၌ ပညာရေးစုံပွဲတော်ကျင်းပ
 
EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၉
  •  မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၌ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ကာယ၊ဥာဏ ဘက်စုံထူးချွန်ဆုရ ကျောင်းသူ/သားများကို ဆုပေးအပ်ြခင်း၊ ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ကျောင်းသူ/သားလေးများ၏ အကပဒေသာများ ကပြဖျော်ဖြေမှုတို့ကို ဇန်နဝါရီလ (၁၉)ရက်၊ နံနက်(၉)နာရီမှ စတင်ကာ နေ့လည်(၁)နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အလက(၇) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသူ/သားများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင် ခဲ့ကြကြောင်း သိရသည်။
  • အဆိုပါ ပညာရေးစုံညီပွဲတော်၌  ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်း၌ လိုအပ်ချက်များစွာရှိနေပြီး အရေးကြီးဆုံးသော လိုအပ် နေမှုများကို  ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားရေးပိုင်း ပိုမိုအောင်မြင်စေရေး အတွက် ကျောင်းကော်မတီဝင်များနှင့် ကျောင်းသားမိဘများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
  •              ဆရာမကြီးမှ ပြောကြားရာတွင် "ကျမတို့ကျောင်းမှာ သင်ကြားရေးအပိုင်းနဲ့ ပတ်သက်လို့ စာရေးစားပွဲနဲ့ ကုလားထိုင်တွေ အများကြီးလိုတယ်။ ခုနှစ်တန်းနဲ့ ရှစ်တန်းကလေးတွေအတွက် တစ်ယောက်သုံး စားပွဲခုံနဲ့ ထိုင်ခုံတွေ လိုအပ်တယ်။ စာမေးပွဲအတွက် မေးခွန်းထုတ်ရင် သုံးဖို့မိတ္တူကူးစက်၊ အသံချဲ့စက်၊ မီးစက်စတာတွေ လိုအပ်နေပါတယ်။ နောက်တခုက ကျောင်းမှာသုံးထားတဲ့ မီးကြိုးတွေက ဟောင်းနွမ်းနေပြီဖြစ်လို့ ကလေးတွေ အတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့် ကျောင်းတွင်းမှာရှိတဲ့ မီးကြိုးနဲ့ ပလပ်ခုံ၊ ဘုတ်ခုံတွေကို ပြန်လည် ပြင်ဆင်တပ်ဆင်ပေးဖို့ လိုအပ်နေပါပြီ။"ဟု ကျွန်းပင်သာရပ်ကွက်ရှိ အလက(၇)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာဝင်း ကကျောင်း၏ လိုအပ်ချက်များကို ပြောသည်။
  •     ယနေ့ကျင်းပပြည်လုပ်သော အလက (၇) ကျောင်း၏ ပညာရေးစုံညီပွဲတော်၌ ကျောင်းသားမိဘဆရာ အသင်း ကော်မတီမှလည်း ကျောင်းသားမိဘများကို ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုနှစ်၌ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ သကဲ့သို့ နောင်နှစ်များ၌လည်း ဆက်လက်၍ ပံ့ပိုးကူညီပေးကြရန်တိုက်တွန်းခဲ့ကြောင်း သိရသည်။
  •     အဆိုပါ အလက(၇)ကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/မ (၁၆)ဦးရှိပြီး၊ စာရေးဝန်ထမ်း(၄)ဦး စုစုပေါင်း ဝန်ထမ်းအင်အား(၂၀)ဦး တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။
ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ