ကိုယ်ထူကိုယ်ထ သုသာန်သွားလမ်းပြီးစီးရန် ငွေကြေးအကူအညီ လိုအပ်နေ

ကိုယ်ထူကိုယ်ထ သုသာန်သွားလမ်းပြီးစီးရန် ငွေကြေးအကူအညီ လိုအပ်နေ

EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၉
  • မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်  ၊နယ်မြေ၁၁အတွင်း ရှမ်းရွာ၊ဇီးကျွန်းရပ်ကွက်ဘက်သို့သွားသော ကိုယ်ထူကိုယ်ထ သုသာန်သွားလမ်းခင်းကျင်းရာတွင် ပြီးစီးရန်ငွေကြေး အကူအညီ လိုအပ်နေကြောင်း အဆိုပါလမ်းဖြစ်မြှောက်ရေး ကော်မတီ ဥက္ကဌထံမှ သိရသည်။
  • ကိုယ်ထူကိုယ်ထလမ်းဖြစ်သည့်အတွက် အဆိုပါလမ်းပေါ်ရှိ လမ်းဘေးဝဲယာအိမ်များမှ အလှူငွေ စုစုပေါင်း သိန်း(၉၀)ကျပ် ဝန်းကျင်ရရှိထားသော်လည်း ထိုလမ်းပြီးစီးရန်အတွက် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း သိန်း(၄၀၀)ကျပ်ခန့် ကုန်ကျမည်ဖြစ်သောကြောင့် သိန်း(၃၀၀)ကျပ်ခန့်  အကူအညီလိုအပ်နေသေးကြောင်း သိရသည်။
  • ``လမ်းဘေးဝဲယာ တစ်အိမ်ကို ၂သိန်းစီသတ်မှတ်ပြီးကောက်တယ် ပိုက်ဆံထည့်တော့ထည့်ကြတယ် ဒါပေမယ့် တချို့အိမ်တွေက မထည့်နိုင်ကြဘူး  အခုကလမ်းပြီးဘို့အတွက် အလှုငွေလိုအပ်လာလို့ပါ´´ဟု အဆိုပါလမ်းဖြစ်မြှောက်ရေး ကော်မတီ ဥက္ကဌဦးတင်ညွန့်ကပြောသည်။
  • အဆိုပါလမ်းကို ၁၈ပေအကျယ်နှင့် လမ်းအလည်တွင် ရေမတင်စေရန် ၇လက်မအထူ ပြုလုပ်ထားပြီး ဘေးဘက်တွင် ၆လက်မအထူရှိ၍ စုစုပေါင်းအရှည် ပေပေါင်း၂၇၀၀ကျော် ခင်းရမည်ဖြစ်ပြီး ယခုထိပေပေါင်း ၇၀၀ခန့်ထိသာ ခင်းပြီးသေးကြောင်း သိရသည်။ 
  • ``ဇန်နဝါရီလက ဒီလမ်းကိုစလုပ်တာ အခုကဘိလပ်မြေ လိုအပ်ချက် ရှိတယ် အလှူရှင်တွေ အနည်း အကျဉ်းပဲလာလို့ လုပ်ငန်းကို လောလောဆည် ဖြေးဖြေးချင်းပဲသွားနေရတယ်´´ဟု အဆိုပါလမ်းကို ဦးဆောင်ဆောက်လုပ်နေသည့် ဦးညွန့်ဝင်းကပြောသည်။
  • အဆိုပါလမ်းအတွက် ဆက်သွယ်လှူဒါန်းလိုပါက မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊နယ်မြေ၁၀၊ အိမ်အမှတ်၃၀၇၊ဦးတင်ညွန့်၊ဖုန်းနံပတ်..၀၉.၄၀၀၀၁၀၂၅၃သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

                                               မီးမီး





Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ