အင်းတော်ကြီးတွင် လမ်းခင်းကျောက်သယ်သည့်ကားတိမ်းမှောက်ပြီးလူတစ်ဦးသေဆုံး

အင်းတော်ကြီးတွင် လမ်းခင်းကျောက်သယ်သည့်ကားတိမ်းမှောက်ပြီးလူတစ်ဦးသေဆုံး

EPN
မိုးညှင်း ဇန်နဝါရီ ၁၉
  • အင်းတော်ကြီးဒေသတွင် အုံးစံဆိုင်-နန့်မွန်း ကားလမ်း တွင်  လမ်းခင်းကျောက်သယ်သည့် ကားတစ်စီး တိမ်းမှောက်ပြီး အခင်းဖြစ်နေရာတွင် ဇန်န၀ါရီ ၁၈ရက်နေ့ ညနေ၄နာရီခန့်က   လူတစ်ဦးသေဆုံးခဲ့ကြောင်း အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည် ။
  • သေဆုံးတဲ့ လူငယ်က အုံးစံဆိုင်-နန့်မွန်း ကားလမ်းဘေးက ဘုရားတည်နေတဲ့ နေရာမှာပန်းရန် အလုပ်လုပ် နေကြတာ ရွာမှပညာရေး စုံညီပွဲတော်အတွက်  ရပ်ကွက်အလုပ်ဆင်းဖို့လမ်းကြုံလိုက်လာရင်းနဲ့ အခုလိုသေဆုံးခဲ့တာပါဟု နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကပြောသည် ။
  • သေဆုံးခဲ့သည့် အင်းတော်ကြီးဒေသနန့်မွန်းကျေးရွာနေ အသက်၁၉နှစ်ရှိသိန်းလင်း ဆိုသူသည် နန့်မွန်း ကျေးရွာရှိရပ်ကွက် အလုပ်ဆင်းရန်အတွက် အုံးစံဆိုင်-နန့်မွန်း ကားလမ်းဘေးတွင်  တည်ရှိနေသော   ဘုရားကုန်း မှနန့်မွန်းကျေးရွာသို့ပြန်ရန် လမ်းကြုံကားဖြစ်သည့် နန့်မွန်းကျေးရွာနေအသက်၂၁ နှစ်ရှိ ၀င်းမြင့်ထွန်းဆိုသူ မောင်းလာသော လမ်းခင်းကျောက်များ တင်လာသည့် MDY ×××× FORLAND အမျိုးအစား အဖြူရောင်(၆)ဘီးကားအား စီးနင်းလိုက်ပါလာခဲ့ကြောင်းသိရသည်။
  •   အဆိုပါ ကားခေါင်းတွင် သိန်းလင်း ၊အသက်၁၈နှစ်ရှိ ဂွမ်မိုင် နှင့်ဆိုင်ဝမ် ဆိုသူတို့စီးနင်းလိုက်ပါ လာကြပြီး ရှေ့တွင်သွားနေသည့် YGN ×××FOR LAND အဖြူရောင်(၆)ဘီး ယာဉ်အားကျော်တက်စဉ် ဝဲဘက်မှန်ကို ပွတ်တိုက်မိပြီးအရှိန်မထိန်းနိုင်ဘဲလမ်း၏ ၀ဲဘက်ရှိအုတ်တိုင်များအား တိုက်မိကာတိမ်းမှောက်ခဲ့ တယ် ဟုဆိုသည်။
  • သိန်းလင်းဆိုသူမှာ မြေပြင်ပေါ်သို့ပြုတ်ကျပြီးယာဉ်၏၀ဲဘက် အနောက်ဘီးဖြင့် တက်ကြိတ်မိကာ သေဆုံး ခဲ့ကြောင်းသိရသည် ။
  • ကားဘီးမှတက်ကြိတ်ခဲ့သဖြင့် သိန်းလင်းဆိုသူ၏ ခန္ဓာကိုယ် ၀မ်းဗိုက်နှင့်ခါးမှာ ပြတ်ကာ ၀မ်းဗိုက်အတွင်းမှ အူများထွက်ပြီး သေဆုံးခဲ့ပြီး ဂွမ်မိုင်ဆိုသူတွင် ယာဘက်နဖူးပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်းနှင့် နာခေါင်းပွန်းပဲ့   ဒဏ်ရာများ ယာဘက်လက်ဖမိုးတွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြကြောင်းသိရသည်။
  • အဆိုပါကားအားလူသေဆုံးသည်အထိ တိမ်းမှောက်မှု ဖြစ်အောင်မဆင်မချင် မောင်းနင်ခဲ့သူဝင်းမြင့်ထွန်း ဆိုသူမှာထွက်ပြေးလွှတ်မြောက်နေသော်လည်းယာဉ် (ပ)၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၀၄-က/၂၀၂  ဖြင့်အမှုဖွင့် ကာရှာဖွေနေကြကြောင်း လုံးတုံနယ်မြေရဲစခန်းက သိရသည်။
                                                   သီဟ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ