Posts

Showing posts from December, 2017

မျိုးဆက်သစ် လက်ဝှေ့သမားပေါ်ထွက်ရေးအတွက် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကျင်းပလျှက်ရှိ

Image
မျိုးဆက်သစ် လက်ဝှေ့သမားပေါ်ထွက်ရေးအတွက် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကျင်းပလျှက်ရှိ   EPN မြစ်ကြီးနား၊ ဒီဇင်ဘာ ၃၀ မြန်မာ့ရိုးရာ လက်ဝှေ့ မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ရိုးရာလက်ဝှေ့ဆပ်ကော်မတီ ဒုဥက္ကဌ၊ ဟူးကောင်းကျား လက်ဝှေ့ကလပ် ဦးစီးတည်ထောင်သူ ဦးကျားလေး မှ ဒီဇင်ဘာလ (၂၈)ရက်နှင့်(၂၉)ရက် နှစ်ရက်တိုင်တိုင် ညနေ(၆)နာရီအချိန်၌  မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ ပြည်နယ်အားကစားခန်းမ၌ မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲကြီးကို   ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။ "ဒီနှစ် ကျနော် ကချင်ပြည်နယ် လက်ရွေးစင် လက်ဝှေ့အဖွဲ့ကို နည်းပြနေနဲ့ သွားပြိုင်တဲ့အခါမှာ ကျနော်တို့ ကချင်ပြည်နယ် အသင်းက ထင်မထားလောက်တဲ့ အောင်မြင်မှုလို့ ပြောရမဲ့ ပြည်နယ်နဲ့တိုင်း (၁၄)ခုမှာ အသင်းလိုက် ဒုတိယဆုကို ရခဲ့တယ်။ ဒါနဲ့ပဲ ကျနော့်စိတ်ထဲမှာ ကိုယ့်ပြည်နယ်မှာ မျိုးဆက်ပြတ်သွားမှာ စိုးတာနဲ့ လက်ဝှေ့စင်တွေကော ဘာတွေကော လက်ဝှေ့ပွဲ တစ်ခုအတွက် လိုအပ်တာတွေအစုံ သိန်း(၆၀)ကျော်လောက် အကုန်ဝယ်ပြီး၊ လက်ဝှေ့ပွဲသွင်းတဲ့ လောကထဲကို ခြေစုံပစ်ဝင်လ...

လယ်ယာသုံး လက်တွန်းထွန်စက်တိမ်းမှောက်သဖြင့်သေဆုံးမှုဖြစ်ပွား

Image
လယ်ယာသုံး လက်တွန်းထွန်စက်တိမ်းမှောက်သဖြင့်သေဆုံးမှုဖြစ်ပွား   EPN မိုးကောင်း ဒီဇင်ဘာ ၃၀      မြစ်ကြီးနားတနိုင်း(လီဒို)လမ်းမကြီးတွင်လယ်ယာသုံးလက်တွန်းထွန်စက်အရှိန်လွန်တိမ်းမှောက်သဖြင့်ယာဉ်မောင်းသူသေဆုံးသွားပါသည်။       ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မြစ်ကြီးနား၊တနိုင်း(လီဒို)လမ်းမကြီးပေါ်ရှိလွယ်လီယံကျေးရွာအုပ်စုမရမ်က ထောင်ကျေးရွာနှင့်နမ်နွမ်ကျေးရွာကြားကီလိုမီတာအမှတ်KM 8 နှင့်KM9ကြားတွင်ဒီဇင်ဘာ ၂၈ရက်ညနေ၃ နာရီခန့်က တနိုင်းဘက်မှမြစ်ကြီးနားဘက်သို့မောင်နိုင်မင်းအောင်(၂၂)နှစ်မောင်းနှင်လာသောလယ်ယာသုံးလက်တွန်းထွန်စက်သည်အရှိန်လွန်တိမ်းမှောက်သဖြင့်ယာဉ်မောင်းသူမောင်နိုင်မင်းအောင်သည်နှာခေါင်းသွေးထွက်ဒါဏ်ရာဝမ်းဗိုက်ဖူးရောင်နောက်ကျောပွန်းပဲ့ဒါဏ်ရာများဖြင့်သေဆုံးသွားပါသည်။      "ရှေ့ဘီးတစ်ဘီးပေါ်ခြေထောက်တင်မောင်းတဲ့ထွန်စက်လေမြင်ဘူးတယ်မဟုတ်လားလမ်းကောင်းတယ်ဆိုပြီး အရမ်းမောင်းတော့အရှိန်မထိန်းနိုင်တော့မှောက်တော့တာပေါ့"ဟုအမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမိုးကောင်းတပ်ဖွဲ့စိတ် ခေါင်းဆောင်ရဲအုပ်ဇေမျိုးဝင်းမှပြောပါသည်။      ...

ချီဖွေဒေသခံများ လျှပ်စစ်မီးပြတ်တောက်မည်ကို စိုးရိမ်လျှက်ရှိ

Image
ချီဖွေဒေသခံများ လျှပ်စစ်မီးပြတ်တောက်မည်ကို စိုးရိမ်လျှက်ရှိ   EPN ချီဖွေ၊ ဒီဇင်ဘာ ၃၀ ချီဖွေမြို့နယ်၊ နန်းဦးကျေးရွာ၌ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားရှိပြီး ၂၀၁၃ ခု၊ နိုဝင်ဘာလ မှစ၍  မြို့ပေါ်မီးလင်းရေးအတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ မြစ်ကြီးနား-ချီဖွေ သွားကားလမ်း ဖောက်လုပ်မှု လုပ်ငန်းစတင်ချိန်ဖြစ်သော ၂၀၁၆ ခု၊ နိုဝင်ဘာလမှစ၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။ ချီဖွေဒေသ တဝိုက်တွင် ရာသီဥတုဆိုးရွားမှု၊ မကြာခဏ မြေပြိုမှုနှင့် အခြားသော သဘာဝဘေးများကြောင့် လျှပ်စစ်မီး မကြာခဏ ပျက်တတ်သည့်အတွက် “ဆန်းလင်း” ကုမ္ပဏီမှ မကြာခဏပင် ဝင်ရောက်ကူညီကာ လျှပ်စစ်မီး ဖြန့်ဝေပေးနေရပြီး၊ နောက်နောင် အချိန်များတွင် မီးထပ်မံပြတ်တော်မှု ဖြစ်မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျှက် ရှိကြောင်း သိရသည်။ “ကျနော်တို့ ချီဖွေမြို့မှာက မြေပြိုတာနဲ့ မိုးများတာနဲ့ ခဏခဏ မီးပျက်တတ်တယ်။ မီးပျက်တိုင်းလဲ “ဆန်းလင်း” ကုမ္ပဏီက ပေးနေလို့ မီးရနေတာ၊ မဟုတ်ရင်တော့ မလွယ်ဘူး။ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံတော့ ရှိပေမဲ့ အလကားပဲ၊ ဒေသဖွံ့ဖြိုးရေးအတွက် မပြောနဲ့၊ မြို့ထဲမှာ မီးရဖို့အတွက်တောင် စိတ်ချလက်ချ အားကိုးလို့မ...

ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာနည်းပါးကြောင်းလူ့ အခွင့်ရေးကော်မရှင်အဖွဲ့ဝင်ပြော

Image
ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာနည်းပါးကြောင်းလူ့ အခွင့်ရေးကော်မရှင်အဖွဲ့ဝင်ပြော   EPN ဟိုပင် ဒီဇင်ဘာ ၃၀ ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာရန်ကုန်၊မန္တလေးနေရာဒေသများနှင့်နှိုင်းယှဉ်ပါကနည်းပါး ကြောင်းကိုမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကပြောကြားသည်။ ကချင်ပြည်နယ်၊မိုးညှင်းမြို့၊စိမ်းလဲ့ရတနာခန်းမ၌ ဒီဇင်ဘာ (၂၉)နံနက်(၈း၅၀) အချိန်တွင်ကျင်းပသော လူ့အခွင့် အရေဆိုင်ရာ အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအပြီးတွင် သတင်းထောက် များ၏မေးမြန်းမှု ကို ယင်းသို့ဖြေ ကြားခဲ့သည်။ “ကချင်ပြည်နယ်မှာဆိုကျွန်တော်သိသလောက်လူ့အခွင့်အရေးချိုးဖောက်ခံရမှုနည်းပါတယ်ပြည်နယ်နှင့်တိုင်းတွေ မှာဆိုရင်ချင်းပြည်နယ်ကမရှိသလောက်နည်းပါတယ်၊ကယားကတော့ မရှိဘူး၊များသော အားဖြင့်လူ့အခွင့်အရေးတကယ် ချိုးဖောက်ခံရပြီးတိုင်းတန်းချက်များ တာကတော့မန္တလေးနှင့်ရန်ကုန်ပါပဲ”ဟုလူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးကပြောသည်။ ထို့အပြင် ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိပါက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုက်ရိုက်တိုင်ကြ...

ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်

Image
ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်   EPN မြစ်ကြီးနား ဒီဇင်ဘာ ၂၉     ကချင်လက်နက်ကိုင်တပ်ဖွဲ့KIO၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းရန် ဟုဆိုကာKIOအဖွဲ့မှ စာဖြင့် ဆင့်ခေါ်စာများ ဖြန့်ဝေထားကြောင်းသိရသည်။     အဆိုပါဆင့်ခေါ်စာများကို ယခုလ ဒီဇင်ဘာ (၂၃)ရက်နေ့စွဲဖြင့် မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဖြန့်ဝေထားကြောင်း၊ ယင်းဆင့်ခေါ်စာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်၍ မိမိတို့ KIO /KIA အဖွဲ့အစည်းအား ဘဏ္ဍာရေးအရသော်လည်းကောင်း ၊ အခြားသော အကူအညီမျိုးသော်လည်းကောင်း ပံ့ပိုးကူညီပေးစေရန်အတွက် ဆွေးနွေးလိုသည် ဟုပါရှိသည်။     ထို့ပြင် ယင်းဆင့်ခေါ်စာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးညှိနှိုင်းခြင်းမရှိပါက မြစ်ကြီးနားတိုက်နယ်မှ ထိရောက် စွာအရေးယူမည်ဖြစ်ကြောင...

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို မြစ်ကြီးနားဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်

Image
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို မြစ်ကြီးနားဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသပေးသွားမည် EPN မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်လူနာများကို မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ လာမည့်၂၀၁၈ခု၊ ဇန်နဝါရီလ၊ (၁၁)ရက်မှ(၁၄)ရက်အထိ မန္တလေး သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ခွဲစိတ်အထူးကု ပါမောက္ခ ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့် ကချင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်းဌာနတို့ ပူးပေါင်းကာ (၄)ရက်ကြာ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှုတွင် ကုသမှုခံယူရန် သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် စာရင်းပေးသွင်းထားသူ အရေအတွက် (၆၀)ကျော်ခန့်ရှိသည်ဟု ဆိုသည်။ “ကချင်ပြည်နယ်ထဲက ခရိုင်လေးခရိုင်လုံးက ဒီဝေဒနာရှင်တွေထဲက ကုသချင်လို့ စာရင်းပေးထားတဲ့သူတွေ အားလုံးပါမယ်။ ကျနော် သိသလောက်ဆိုရင် အယောက်(၆၀)ကျော်ရှိတယ်လို့ ပြောတယ်။ မန္တလေးက သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်က ပါမောက္ခ ဆရာဝန်ကြီးတွေလာမယ်။ ကျနော်တို့ ဆေးရုံမှာ ခွဲမယ်၊ ခွဲပြီးရ...

ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင်အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်

Image
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင်အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်   EPN မိုးညှင်း ဒီဇင်ဘာ ၂၉        ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ၌ အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံ စိုက်ပျိုးရေး အသင်းက စမ်းသပ်စိုက်ပျိုးခဲ့သော အော်ဂဲနစ်စပါးများ ဖြစ်ထွန်းအောင်မြင်နေကြောင်းနိုင်ငံတကာအပင်နှင့် တိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့ ( FAUNA & FLORA INT-ERNATIONAL ) FFI မှ သိရသည်။         ''အော်ဂဲနစ်ဟုတ်မဟုတ် စစ်ဆေးရဦးမှာပါဆန်မှုန့် နမူနာယူပြီးတော့ ရှမ်းမောမြေမှာ စစ်ဆေးမှာပါ အော်ဂဲနစ်စပါး ဖြစ်လာပြီ ဆိုရင်တော့ သည်ဒေသက စားသုံးသူတွေ ရွေးချယ်ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ '' ဟု FFI မှ အသင်းအဖွဲ့ကြီးကြပ်ရေးမှူး ဦးယိန်းခေါက ဆိုသည်။          အင်းတော်ကြီးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လွန်ခဲ့သော ၅ နှစ်ကျော်ကာလမှစ၍ အင်းတော်ကြီးကန် ညစ်ညမ်းခြင်းနှင့် လယ်ယာမြေ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်စေသည့် ဓါတုပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာ သုံးစွဲခြင်း တို့များပြားလာသဖြင့် အင်းတော်ကြီးဒေသ သဘာဝလယ်ယာသီး...

“မိုးညှင်းခရိုင် အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးများဖမ်းဆီးနိုင်ကြောင်းခရိုင်ရဲမှူးကပြောကြား”

Image
“မိုးညှင်းခရိုင် အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးများဖမ်းဆီးနိုင်ကြောင်းခရိုင်ရဲမှူးကပြောကြား”   EPN မိုးညှင်း ဒီဇင်ဘာ ၂၉ ကချင်ပြည်နယ်အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးရောင်းချသူများအားဖော်ထုတ်ဖမ်းဆီးခဲ့ရာ မိုးညှင်း ခရိုင် အတွင်းမူးယစ်ဆေး အမှုပေါင်း (၁၂၅)မှုတို့ကို   ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည် ။ အဆိုပါအမှုတွင် ကျားတရားခံ (၂၀၀) ဦးနှင့်မတရားခံ(၁၂)ဦး၊စုစုပေါင်း(၂၁၂ )ဦးတို့အားဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ကပြောသည် ။ “မှုခင်းအသိပညာပေးဟောပြောပွဲတွေပြုလုပ်ပေးနေသလို  ဧရာဦးစစ်ဆင်ရေးအရ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သူတွေကိုလည်း အရှိန်အဟုန်မြင့်ပြီး   ဖော်ထုတ်ဖမ်းဆီးနေပါတယ် စစ်ဆင်ရေးကာလတစ်ခုအနေနဲ့ကတော့ နိုဝင်ဘာ (၁၅)ကနေဒီဇင်ဘာ(၃၁)ရက်နေ့အထိဖြစ်ပါတယ် “ဟု မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသောင်းလင်းကပြောသည် ။      ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အတိုင်း ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့တက္ကသိုလ်တွေနဲ့ ဒီဂရီကောလိပ်ကျောင်းတွေကိုမူးယစ်ကင်းစင် နယ်မြေအဖြစ်သတ်မှတ်နိုင်ရေးကိုလည်းဆောင်ရွက်နေပါတယ်...

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှမြန်မာနိုင်ငံတစ်နှံတစ်လျားလှည့်လည်ရာတွင်(၉၆)မြို့နယ်အဖြစ်မိုးကောင်းမြို့သို့လာရောက်ဆွေးနွေးခြင်းဖြစ်

Image
အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှမြန်မာနိုင်ငံတစ်နှံတစ်လျားလှည့်လည်ရာတွင်(၉၆)မြို့နယ်အဖြစ်မိုးကောင်းမြို့သို့လာရောက်ဆွေးနွေးခြင်းဖြစ်   EPN  မိုးကောင်း ဒီဇင်ဘာ ၂၉ မြန်မာနိုင်ငံအတွင်း၌လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့်ကာကွယ်ခြင်းအားဖြင့်လူ့အခွင့်အရေးကိုလေးစားလိုက်နာကျင့်သုံးသည့်လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန်နှင့်ဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်လူ့အခွင့်အရေးကိုလူတိုင်းရရှိခံစားနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်းလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်လေးမှလူ့အခွင့်အရေးဆိုင်ရာမျော်မှန်းချက်နှင့်ရည်ရွယ်ချက်ကိုဦးစွာရှင်းလင်းဆွေးနွေးပါသည်။ “လူ့အခွင့်အရေးသည်လူသားအားလုံးနှင့်သက်ဆိုင်သည့်မွေးရာပါအခွင့်အရေးဖြစ်ပြီးနုတ်ပယ်၍မရ ခွဲခြမ်း၍မရ အပြန်အလှန်အမှီသဟဲပြုနေကြောင်းနှင့်ကမ္ဘာ့ကုလသမဂ္ဂမှအခြားအဖွဲ့အစည်းများတွင်အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသော်လည်းလူ့အခွင့်အရေးနှင့်ပတ်သက်၍အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးမထားဘဲမိမိတို့နိုင်ငံနှင့်သင့်လျော်သောမိမိတို့နိုင်ငံကိုက်ညီသောလူ့အခွင့်အရေးကိုကျင့်သုံးခွင့်ပြုထားကြောင်း” အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်လေး ပြောသည်။ ကချင်ပြည်နယ်မိုးကောင်းမြိ...

ဟိုပင်တွင် ကြီးကြပ်ရေးမှူး(၅)ဦးကိုရွေးချယ်ပွဲ၌ စိတ်ဝင်စားသူနည်းပါးပြီး လာရောက်သူအနည်းငယ်သာရှိ

Image
ဟိုပင်တွင် ကြီးကြပ်ရေးမှူး(၅)ဦးကိုရွေးချယ်ပွဲ၌ စိတ်ဝင်စားသူနည်းပါးပြီး လာရောက်သူအနည်းငယ်သာရှိ   EPN ဟိုပင် ဒီဇင်ဘာ ၂၉ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရေးအတွက်အများယုံကြည်လေးစာပြီး၊သြဇာသက္ကမရှိသူ များကိုကြီးကြပ်ရေးမှူးအဖြစ်ရွေးချယ်ရာ၊စိတ်ဝင်စားသူ နည်းပါး ပြီးလာရောက်သူအနည်း ငယ်သာရှိကြောင်းသိရသည်။ အဆိုပါရွေးချယ်ပွဲကိုဟိုပင်မြို့၊တကွင်းကျေးရွာ ၊အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၁၁)နာရီအချိန် မှစတင်ခဲ့ပြီးဟိုပင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးမိုးအောင်၊စည်ပင်သာယာရေးမှလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဌေး၊ဟိုပင် လယ်ယာမြေစာစီမံခန့်ခွဲရေး(၂)စာရင်းအင်းဦးစီးဌာနမှဦးဇော်ဝင်းထွန်းတို့ကအရွေး ချယ်ခံရသူများ၏စာရင်းကို မှတ်တမ်းတင်ပေးခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့ကလာရွေးပေးတာမဟုတ်ပါဘူးကျေးရွာကလူတွေရွေးချယ်ပေးတာကို စာရင်းလာမှတ်ပေးတာပါ၊ ဒါကြောင့်မို့လွတ်လွတ်လပ်လပ်ဘဲရွေးချယ်ကြပါ”ဟု ဟိုပင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးမိုးအောင်ကပြောသည်။ ကြီးကြပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ပါကဆန္ဒမဲထည့်ပိုင်ခွင့်မရှိခြင်း၊အုပ်ချုပ်ရေးမှူးအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိ ခြင်း၊ရပ်ကွက်(သို့)ေ...

မိုးကောင်းမြို့နယ် ဗောဓိကုန်းစေတီဘုရားပွဲရှိလောင်းကစားဒိုင်များကိုဖမ်းဆီး

Image
မိုးကောင်းမြို့နယ် ဗောဓိကုန်းစေတီဘုရားပွဲရှိလောင်းကစားဒိုင်များကိုဖမ်းဆီး EPN  မိုးကောင်း ဒီဇင်ဘာ ၂၉       ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ပင့်သာကျေးရွာဗောဓိကုန်းစေတီဘုရားပွဲတွင်ဘုရားပွဲကိုအကြောင်းပြု၍လောင်းကစားမှုပြုနေကြောင်းသတင်းအရဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။       ဒီဇင်ဘာ၂၃ရက်နေ့မှ၂၈ရက်နေ့ထိကျင်းပမည်ဖြစ်သောမိုးကောင်းမြို့နယ်ပင့်သာကျေးရွာဗောဓိကုန်းစေတီဘုရားပွဲတွင်လောင်းကစားဝိုင်းများပါရှိကြောင်းသတင်းအရ ဒီဇင်ဘာ ၂၇ ရက်ည၁၀နာရီတွင်မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်း ရေးဌာနမှ ရဲအုပ်ကျော်မင်းစိုး ၊ရဲအုပ်မြင့်သူဒုရဲအုပ်ဇော်လွင်၊ ဒုရဲအုပ်ကျော်မျိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည်  ၆ ကောင်ခုံ နိုင်ငံခြားဘောလုံးသမားပုံများရိုက်နှိပ်ထားသည့်ဆတိုးလျော်စက်ပန်းခုံရှမ်းကိုးမီးခုံ ၊ငါးရှဉ့်လျောဖါးပါသစ်သား အန်စာတုံး ခုံများကိုဖမ်းဆီးသိမ်းဆည်းခဲ့သည်။       ဖြစ်စဉ်နှင့်ပတ်သက်၍လောင်းကစားဒိုင်ပြုလုပ်သူဦးစိုးမင်းထွန်း(၃၀)နှစ်ဦးဇော်သက်ထွေး(၂၇)နှစ်ဦးမျိုးဇော်သိန်း (၂၅)နှစ်ဒေါ်ဝင်းဝင်းမေ(၂၈)နှစ်မျိုးထက်(ခ)ဝတုတ်(၃၈)နှစ်...

ရခိုင်ပြည်နယ်သို့လူမှုကရုဏာလုပ်ငန်းသွားရောက်လုပ်ကိုင်ပေးကြမည့် ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ဝဦး စတင်ထွက်ခွာ

Image
 ရခိုင်ပြည်နယ်သို့လူမှုကရုဏာလုပ်ငန်းသွားရောက်လုပ်ကိုင်ပေးကြမည့် ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ဝဦး စတင်ထွက်ခွာ EPN မြစ်ကြီးနား ဒီဇင်ဘာ ၂၈ ရခိုင်ပြည်နယ်သို့လူမှုကရုဏာ လုပ်ငန်း သွားရောက်လုပ်ကိုင် ပေးကြမည့် ကချင်ပြည်နယ်မှကြက် ခြေနီတပ်ဖွဲ့ဝင် ၁ဝ ဦးသည် မြစ် ကြီးနားမြို့မှရခိုင်ပြည်နယ်ရှိ မြန်မာ နိုင်ငံကြက်ခြေနီ တပ်ဖွဲ့ရုံးရှိရာ    သို့ ယနေ့နံနက်ပိုင်းက စတင် ထွက်ခွာသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ဒေသများ၌ လူမှုကရုဏာလုပ်ငန်းများတွင် လုပ်အားပေးအကူအညီသွားရောက် ဆောင်ရွက်ကြမည့် ကချင်ပြည် နယ်မှမြန်မာနိုင်ငံကြက်ခြေနီ တပ် ဖွဲ့ဝင် ၁ဝ ဦးကို ကချင်ပြည် နယ်  ကြက်ခြေနီ ကြီးကြပ်မှုကော် မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်ကမြစ်ကြီးနားမြို့ ကြက်ခြေနီ အစည်းအဝေးခန်းမ ဆောင်၌ ယမန်နေ့ ညနေ ၄ နာရီ ကတွေ့ဆုံအမှာစကားပြောကြား ခဲ့သည်။ ထို့ပြင်တပ်ဖွဲ့ဝင်များရခိုင်ပြည် နယ်သို့သွားရောက်ရာ၌ အသုံးပြု နိုင်ရန်အတွက်တစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ နှုန်းဖြင့် ၁ဝ ဦးအတွက် ငွေကျပ် ၂၅ဝဝဝဝ ကို အဖွဲ့ခေါင်း ဆောင်ဖြစ်သူ ဦးမြင့်အောင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ''အခုလိုကျွန်တော်တို့...

ကချင်ပြည်နယ်ရှိ ဘိန်းခင်းဧက၁၀၀ကျော်ကိုဖျက်စီး

Image
ကချင်ပြည်နယ်ရှိ ဘိန်းခင်းဧက၁၀၀ကျော်ကိုဖျက်စီး   EPN မြစ်ကြီးနား ဒီဇင်ဘာ၂၇ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝိုင်းမော်မြို့နယ်၊ကန်ပိုင်တည်မြို့နယ်၊ချီဖွေမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၀၀ကျော်ကိုဖျက်စီးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ချီဖွေမြို့နယ်အတွင်းရှိ လန်းဂျောရွာ၊ဝူးကွေ့ရွာနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝေမိုးကျေးရွာ၊ လငန်ကျေးရွာ၊ ရှငေါ် ကျေးရွာ၊ရှဖကျေးရွာ၊ စင်ကြိုင်ကျေးရွာ၊ချောင်းမော်ကျေးရွာ၊ရှမ်းကြူရွာသစ်၊ချောင်းမော-လုံရှာအနီး၊အထက်ဘာတွန်၊ အောက်ဘာတွန် ၊ယင်းရွာပတ်ဝန်းကျင်အနီးရှိ ဘိန်းခင်းများကို ဖျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု၂ ၊ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ရပ်ကွက် အတွင်းဖွဲ့စည့်ထားသည့်မူး စိတ်တားအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးနှင့် စိုက်ပျိုးရေး ၊မြေစာရင်း၊အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ စုစုပေါင်း လူအင်အား၁၀၀ ခန့်ပါဝင်၍ ဒီဇင်ဘာ ၁၄ရက်မှ၂၄ရက်အထိ ဘိန်းခင်းဧကပေါင်း ၁၅၇ ဒသမ ၆၂ဧကကို သွားရောက်၍ ဖျက်စီးခဲ့ ကြခြင်းဖြစ်ကြောင်းသိရသည်။ ``ဒီနှစ်ဘိန်းခင်းသွားဖျက်တဲ့အခါ ဧကတစ်...

မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချ

Image
မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချ   EPN မြစ်ကြီးနား ဒီဇင်ဘာ ၂၇ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရသည့် အောင်မြင်သာကျေးရွာတွင်ရှိသော Twin Brothers ဝါးတူစက်ရုံမှ မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချဖြန့်ဖြူးနေကြောင်း အဆိုပါ စက်ရုံ၏တာဝန်ခံ မန်နေဂျာ ထံမှသိရသည်။ အဆိုပါစက်ရုံသည် ၂၀၁၅ခုနှစ်တွင်စတင်တည်ဆောက်ခြင်းဖြစ်ပြီး ယင်းနှစ်ကုန်ပိုင်းမှသာ ဝါးတူများကို ထုတ်လုပ်နိုင် ခဲ့၍ တူအကြမ်းမှ အချောထုတ်ပိုးပြီးသည့် အဆင့်အထိ ပြုလုပ်၍နေ့စဉ် မြစ်ကြီးနားမြို့တစ်ခုတည်း၌သာ ဝါးတူတစ်စုံကို ခြောက်ကျပ်ဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း ယင်းစက်ရုံမှ မန်နေဂျာဦးဆန်းအောင်ကပြောသည်။ ``ဖြန့်ချီတာကတော့ မြစ်ကြီးနားမြို့တွင်းပါပဲ ကျွန်တော်တို့ဆီက ဝါးတူတွေကို ဖယောင်းမသုံးဘဲ FDAက ခွင့်ပြု ထားတဲ့သဘာဝဆေးနဲ့ဘဲ ပေါင်းတာပါ ကျန်းမာရေးအရလည်း ကုန်ကြမ်းဝါးကိုပဲပေါင်းပြီးပြုတ်ပြီးတော့ သဘာဝလေနဲ့ပဲ လှမ်းတာပေါ့ ဘာမှChemical(ဓာတုဗေဒဆေးဝါး) မသုံးဘူးတချို့တွေကပိုးမတက်မှိုမတက်အောင်ဖယောင်းသုံးတယ်´´ဟု ၎င်းကပြောသည်။ အဆိုပါစက...

မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား လူကုန်ကူးမှုတားဆီးရေးဟောပြောမှုပြုလုပ်

Image
မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား လူကုန်ကူးမှုတားဆီးရေးဟောပြောမှုပြုလုပ်   EPN မိုးညှင်း ဒီဇင်ဘာ ၂၇ မိုးညှင်းမြို့နယ်အတွင်းရှိကျောင်းသားလူငယ်များအတွက်လူကုန်ကူးမှုမှ တားဆီးကာကွယ်နိုင်ရန် အတွက် မိုးညှင်းမြို့ ရှိ အစိုးရစာ သင်ကျောင်းများအပြင် ပြင်ပကိုယ်ပိုင်ကျောင်း၌ မိုးညှင်းခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတို့နှင့် လူကုန်ကူးမှုတားဆီး နိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်းကာ ဟောပြောမှုများပြုလုပ်နေကြောင်းသိရသည် ။  အဆိုပါဟောပြောမှုမှာ လုပ်ငန်းခွင်ထဲ၌ အချိန်ကုန်နေသူများနှင့်  ကျောင်းသားလူငယ်များ လူမှောင်ခို ၊လူကုန်ကူး ခံရသည့်  ဘေးမှ ကင်းဝေးစေရန်ရည်ရွယ်ပြီး  တားဆီးကာကွယ်ဖို့လူတိုင်းရဲ့သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ အချိန် က မိုးညှင်းလူရည်ချွန်ကိုယ်ပိုင်ကျောင်း တွင်ပြုလုပ်သော လူမှောင်ခို၊ လူ ကုန်ကူးတားဆီး ကာကွယ်ရေးဟောပြောပွဲတွင် မိုးညှင်းခရိုင် အမှတ် (၁၂)လူကုန်ကူးမှုတားဆီး  နိမ်နင်းရေးရဲတပ်ဖွဲ့စု မှပြောသည်။ “လူကုန်ကူးမှုတားဆီးကာကွယ်ဖို့ဆိုတာလူတိုင်းရဲ့သမိုင်းပေးတာဝန်တစ်ခုပါအဓိကကတော့လူငယ်တွေအတွက်ပါ အလုပ်ရှာပေးမယ် လစာကောင်...

မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးမှူးရွေးချယ်

Image
မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးမှူးရွေးချယ်   EPN  မိုးကောင်း ဒီဇင်ဘာ ၂၇      ကချင်ပြည်နယ်မိုးကောင်းမြို့နန့်ရင်းရပ်ကွက်ကြီးကြပ်ရေးမှူးရွေးချယ်ပွဲကိုဒီဇင်ဘာ ၂၇ရက်နံနက်၁၀နာရီ က နန့်ရင်းရပ်ရှိ အလည်ကျောင်းတိုက်တွင်ပြုလုပ်ခဲ့သည်။ တတိယအကြိမ်ပြင်ဆင်လိုက်သောရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ ကြီးကြပ်ရေးအဖွဲ့ကို     ရွေးချယ်ရာတွင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာတွင်တဆက်တည်း၅ နှစ်နေထိုင်သူဖြစ်ရမည်ဖြစ်၍ နိုင်ငံ ဝန်ထမ်းဖြစ်ပါကတဆက်တည်း၂ နှစ်နေထိုင်သူဖြစ်ရရန်လိုအပ်ကြောင်းနှင့် ရပ်ရွာက လူအများ လေးစားကြည်ညိုသူ သိက္ခာသမာဓိရှိသူအုပ်စုတခုလုံးအတွက်အမှန်တကယ် အကျိုးပြုနိုင်သူအုပ်စုတခုလုံးအတွက်စဉ်းစားပေးနိုင်သူ လိုအပ် ချက်များကိုဘက်မလိုက်ဘဲဖြည့်ဆည်းပေးနိုင်သူအုပ်စုတခုလုံး၏အကျိုးစီးပွားနှင့်အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေး နိုင်သူဖြစ်ရန်လိုကြောင်းရွေးချယ်ရေးအဖွဲ့(၁)ခေါင်းဆောင်မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိဦးမျိုးသန့်စင် က ယနေ့ရွေးချယ်ပွဲတွင်ပြောသည်။      “ ကြီးကြပ်ရေးမှူးတေ...

မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲကချင် ပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင်လာရောက်အားပေးကြည့်ရှု

Image
မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲကချင် ပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင်လာရောက်အားပေးကြည့်ရှု   EPN မိုးကောင်း ဒီဇင်ဘာ ၂၇ ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(TSDP)မှမြို့နယ်အုပ်ချုပ်ရေးမှူး ဖလားအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၉ရက်နေ့မှစတင်ကျင်းပရာ ဒီဇင်ဘာ ၂၅ရက်ညနေ ၃နာရီတွင်မိုးကောင်း(က) အသင်းနှင့်နမ္မတီး အသင်းတို့ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်လာရောက်အားပေးကြည့်ရှုပါသည်။ ပြည်သူလူထုတစ်ရပ်လုံးဘောလုံးအားကစားကိုစိတ်ပါဝင်စားပြီးအားပေးချီးမြှောက်လာစေရန် မျိုးဆက်သစ် ဘောလုံးအားကစားသမားပေါ်ထွန်းလာစေရန်လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်ပြီးအားကစားစိတ်ဓါတ်များရှင်သန်ထက် မြက်စေရန်ထူးချွန်ထက်မြက်ပြီးအလားအလာရှိသောအားကစားသမားများပေါ်ထွက်လာစေရည်ရွယ်၍ကျင်းပပေးခြင်းဖြစ် ပြီး မြို့နယ်အတွင်းရှိဘောလုံးအသင်း (၁၁) သင်းကို(၃)အုပ်စုခွဲ၍နိုဝင်ဘာလ ၂၉ရက်နေ့မှစတင်ကာနောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင်အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။ “ဆယ်စုနှစ်၂ခုလောက်မကျင်းပဖြစ်တဲ့ဘောလုံးပြိုင်ပွဲကိုအောင်မြင်သည်ထိ...

မိုးညှင်းတွင်မြန်မာ့ အသံလွှင်ဌာနအတွက် ရေဒီယိုချစ်သူများအဖွဲ့ဝင်များပြားသော်လည်းFMထပ်ဆင့်လွင့်စက်မရှိသဖြင့် နားထောင်ရန်ခက်ခဲ့နေ

Image
မိုးညှင်းတွင်မြန်မာ့ အသံလွှင်ဌာနအတွက် ရေဒီယိုချစ်သူများအဖွဲ့ဝင်များပြားသော်လည်းFMထပ်ဆင့်လွင့်စက်မရှိသဖြင့် နားထောင်ရန်ခက်ခဲ့နေ   EPN မိုးညှင်း ဒီဇင်ဘာ ၂၇ မိုးညှင်းမြို့တွင် ဒီဇင်ဘာ၁၆ရက်နေ့က မိုးညှင်းမြို့မြို့တော်ခန်း၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သော မြန်မာ့ အသံချစ်သူ များ (Radio Fan Club) အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ အပြီးတွင်  မြန်မာ့အသံရေဒီယိုလိုင်းအား စိတ်ဝင်စားမှုများ ပြားလာသော်လည်း အစိုးရ၏ရေဒီယို လိုင်းမှာ နားထောင်ရန်ခက်ခဲနေကြောင်းသိရသည်။ အဆိုပါ  ထုတ်လွင့်မှုလိုင်းအား မိုးညှင်းခရိုင်တွင်ထပ်ဆင့်လွင်စက် တပ်ဆင်ပေးထားခြင်းမရှိသဖြင့် ရေဒီယို သောတ ရှင်များအတွက်ခက်ခဲနေကြသည်ဟု ဒေသခံများကပြောသည်။ မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်လို့ ခရိုင်အဆင့်နဲ့အညီ အစိုးရဌာနရဲ့ရေဒီယိုလိုင်း တွေကိုထပ်ဆင့်မလွင့်ပေးနိုင်သေး တာကအတော်ဆိုးတယ်လက်ရှိအနေအထားအရပြည်သူတွေကသတင်းတွေကိုစိတ်ဝင်စားလာကြတဲ့ခေတ်ကိုရောက်နေ ကြ ပြီးအစိုးရအနေနဲ့ ပြည်သူတွေကိုချပြချင်တဲ့ဥပဒေတွေစည်းကမ်းတွေကို  အခြေခံလူတန်းစား ပြည်သူတွေအကြားမှာ စိမ့်ဝင်နိုင်အောင်ကုန်ကျစရိတ်သက်သာတဲ့ရေဒီယိုလိုင်းကနေဘဲထုတ်ပြန်လို့ရမယ်...

(၁၆ ) ကြိမ်မြောက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

Image
(၁၆ ) ကြိမ်မြောက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ   EPN ဗန်းမော် ဒီဇင်ဘာ ၂၇       ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်( ၁၆)ကြိမ်မြောက် အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲကိုဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကရွှေကျီးနားကျေးရွာ တံခွန်တိုင်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။          ရှေးဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ကာစက်ကဲကုန်းကျောင်းတိုက် ဆရာတော် ဦးနန္ဒာသီရိကပဋ္ဌာန်းရောင်ခြည်တော်ဂါထာဖြင့် ရှင်တော်မြတ်ဘုရားအားပင့်ဆောင်၍ ဝတ်ရွတ်အသင်းများကပဋ္ဌာန်းရောင်ခြည်တော်  ရှစ်လုံးဘွဲ့ကဗျာရွတ်ဖတ်ပူဇော်ခဲ့ ကြသည်။       ဆက်လက်၍ မံပင်ကျောင်းတိုက်ဆရာတော် ဦးကောဝိဒကမဟာပဋ္ဌာန်းကျမ်းတော်မြတ် ကိုရှိခိုးပူဇော်၍ နိုင်ငံတော် သံဃာ့နာယက ဗဟိုဝန်ဆောင်မြို့ လေးထပ်ဆရာတော် ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြ ပြီး မိုးဖိန်းကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသ  ကပဋ္ဌာန်းဒေသနာတော်နာကြားရန် နတ်ဗြဟ္မာ များကို ဖိတ်ကြား ခဲ့ သည်။        ထိုနောက်နောင်လိုက် ကျောင်းတိုက်ဆရာတော်ဦးသဇ္ဇ...

ဟိုပင်-မိုးညှင်းကြားပြည်ထောင်စုကားလမ်းမပေါ်ရှိလယ်မှီးဆည်တံတားအသစ် ပြန်လည်တည်ဆောက်

Image
ဟိုပင်-မိုးညှင်းကြားပြည်ထောင်စုကားလမ်းမပေါ်ရှိလယ်မှီးဆည်တံတားအသစ် ပြန်လည်တည်ဆောက်   EPN ဟိုပင် ဒီဇင်ဘာ၂၇ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့လယ်မှီး ကျေးရွာ၊ရွှေဘို-မြစ်ကြီးနာပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင် အမှတ်(၂၀၂/၃-၂၀၂/၄)လယ်မှီးဆည်တံတားကို အသစ်ပြန်လည်တည်ဆောက် လျက်ရှိရာ လာမည့် ၂၀၁၈ခုနှစ်မတ် လကုန် အပြီး တည်ဆောက်သွားမည် ဖြစ် ကြောင်း သိရသည် ။ အဆိုပါ တံတားအားပြည်ထောင်စုဝန်ကြီးနှင့်ကချင်ပြည်နယ်အစိုးရတို့၏လမ်းညွှန်မှုဖြင့်၂၀၁၇-၁၀၁၈ဘဏ္ဍာရေး နှစ်ခွင့်ပြုကျပ်ငွေ ၄၇၀သန်း အကုန်အကျခံ တည်ဆောက်လျက်ရှိပြီး တံတားအရှည်မှာ ၁၄၀ပေ၊အကျယ်မှာ ယာဉ် အတွက်၂၄ပေ၊လူသွားလမ်းအတွက်တစ်ဘက်လျှင်(၃)ပေ၊ အမြင့်၆၈ပေရှိသောရေလည်တိုင်နှင့်ကမ်းကပ်ခုံ၊ယက်မနှင့် ကြမ်းခင်းတို့မှာသံကူကွန်ကရစ် အမျိုးအစား ဖြစ်ကြောင်းသိရသည်။ ” ကချင်ပြည်နယ်မှာရှိတဲ့တံတားကြီးတွေအားလုံးလိုလိုRC တွေဖြစ်ကုန်ပြီးကျန်နေတဲ့တံတားကြီးတွေကို လည်းပြီး အောင်လုပ်တာပါလယ်မှီ တံတားလည်းတံတာကြီးထဲမှာပါတော့လူကြီးတွေရဲလမ်းညွှန်မှုနဲ့လာရောက်လုပ် ဆောင်တာပါ'' ဟု (မြို့ပြ)အငယ်တန်းအင်ဂျင်နီယာဦးအောင်သန်းဦးက ပြောသည်။ လယ်မှီးတံတားအဟောင်းကိုအသုံးပြုခဲ့သည်မ...

မြစ်ကြီးနားမြို့တွင်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို စုပေါင်း၍ပညာပေး

Image
မြစ်ကြီးနားမြို့တွင်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို စုပေါင်း၍ပညာပေး   EPN မြစ်ကြီးနား ဒီဇင်ဘာ၂၇ စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို ဖမ်းမိသည့်နေရာတွင် စုပေါင်းပညာပေးသည့် အစီအစဉ်ကို  မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့ကြောင်း အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ နောက်ကြည့်မှန်မတပ်ထားသည့်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်၊ယာဉ်လိုင်စင်၊ နံပတ်ပြား၊ဆိုင်ကယ်စီးဦးထုတ် မပါရှိသည့်ဆိုင်ကယ်များလမ်းပြောင်းပြန်ရပ်နားထားသည့်ဆိုင်ကယ်များ ကို ဒီဇင်ဘာ၂၆ရက်နံနက်က မြစ်ကြီးနားမြို့၊မြို့မ ဈေးကြီးအနီးရှိအောင်ဆန်းလမ်းပေါ်တွင် စုပေါင်း၍ ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ``ဆိုင်ကယ်ဖမ်းမိတဲ့နေရာမှာပဲ ဖမ်းမိတဲ့လူ၅၀လောက်ကို ယာဉ်နဲ့ပတ်သက်တဲ့ စည်းကမ်းလိုက်နာရမယ့် အချက် တွေကို ရှင်းပြ ပြောပြခဲ့တယ် ဆယ်မိနစ်လောက်ပြောပြီးတော့ ဒဏ်ကြေးနဲ့အရေးယူတာမျိုး မလုပ်ဘဲပြန်လွှတ်ပေးတာပါ နောက်ဆိုရင် ယာဉ်နဲ့ပတ်သက်ပြီး စည်းကမ်းတင်းကျပ်မှု့တွေ ပိုစီစစ်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ် ´´ဟု မြစ်ကြီးနား မြို့ အမှတ်၉၈ယာဉ်ထိန်းရဲများတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်စိုးဦးကပြောသည်။ အဆိုပါစည်းကမ်းများနှ...