ရခိုင်ပြည်နယ်သို့လူမှုကရုဏာလုပ်ငန်းသွားရောက်လုပ်ကိုင်ပေးကြမည့် ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ဝဦး စတင်ထွက်ခွာ


 ရခိုင်ပြည်နယ်သို့လူမှုကရုဏာလုပ်ငန်းသွားရောက်လုပ်ကိုင်ပေးကြမည့် ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ဝဦး စတင်ထွက်ခွာ
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၈
  • ရခိုင်ပြည်နယ်သို့လူမှုကရုဏာ လုပ်ငန်း သွားရောက်လုပ်ကိုင် ပေးကြမည့် ကချင်ပြည်နယ်မှကြက် ခြေနီတပ်ဖွဲ့ဝင် ၁ဝ ဦးသည် မြစ် ကြီးနားမြို့မှရခိုင်ပြည်နယ်ရှိ မြန်မာ နိုင်ငံကြက်ခြေနီ တပ်ဖွဲ့ရုံးရှိရာ    သို့ ယနေ့နံနက်ပိုင်းက စတင် ထွက်ခွာသွားကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော ဒေသများ၌ လူမှုကရုဏာလုပ်ငန်းများတွင် လုပ်အားပေးအကူအညီသွားရောက် ဆောင်ရွက်ကြမည့် ကချင်ပြည် နယ်မှမြန်မာနိုင်ငံကြက်ခြေနီ တပ် ဖွဲ့ဝင် ၁ဝ ဦးကို ကချင်ပြည် နယ်  ကြက်ခြေနီ ကြီးကြပ်မှုကော် မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်ကမြစ်ကြီးနားမြို့ ကြက်ခြေနီ အစည်းအဝေးခန်းမ ဆောင်၌ ယမန်နေ့ ညနေ ၄ နာရီ ကတွေ့ဆုံအမှာစကားပြောကြား ခဲ့သည်။
  • ထို့ပြင်တပ်ဖွဲ့ဝင်များရခိုင်ပြည် နယ်သို့သွားရောက်ရာ၌ အသုံးပြု နိုင်ရန်အတွက်တစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ နှုန်းဖြင့် ၁ဝ ဦးအတွက် ငွေကျပ် ၂၅ဝဝဝဝ ကို အဖွဲ့ခေါင်း ဆောင်ဖြစ်သူ ဦးမြင့်အောင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
  • ''အခုလိုကျွန်တော်တို့ ကချင် ပြည်နယ်က တပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်ကိုစေလွှတ်တာဟာ ဒေသန္တရဗဟုသုတတွေ ရစေချင် တာရယ်၊ တခြားပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက တပ်ဖွဲ့ဝင်တွေနဲ့ ချစ်ကြည်ရင်းနှီးစေချင်တဲ့အတွက် ဖြစ်တယ်။ နောက်တစ်ချက်က ပဋိပက္ခတွေဖြစ်နေတဲ့နေရာဒေသ တွေမှာ ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေကိုဘယ်လိုနည်း၊ ဘယ်လို ဟန်၊ ဘယ်လိုပုံတွေနဲ့ လုပ်ကိုင် ဆောင်ရွက်နေကြသလဲဆိုတဲ့ အသိ ပညာတွေ တိုးပွားလာစေချင်တာ ကြောင့်ပါ။ ဒါမှလည်းကျွန်တော် တို့ပြည်နယ်မှာ တစ်စုံတစ်ခုဖြစ် ပေါ်လာခဲ့ရင် လုပ်ကိုင်ဆောင်ရွက် တဲ့အခါအဆင်ပြေအောင်လို့ပါ'' ဟု ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲ နက်စ်ကပြောသည်။
  • ရခိုင်ပြည်နယ်အတွင်းပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ လူမှု ကရုဏာလုပ်ငန်း သွားရောက်ရန် အတွက် ကချင်ပြည်နယ် ကြက် ခြေနီအသင်းမှ တပ်ဖွဲ့ဝင် ၁ဝ ဦး စေလွှတ်မည်ဖြစ်ရာ ၄င်းတပ်ဖွဲ့ဝင် ၁ဝ ဦးကို ကချင်ပြည်နယ်အတွင်း ရှိမြို့များမှ လုပ်အားပေးသွား ရောက်လုပ်ကိုင်လိုသည့် စိတ်ဆန္ဒ ရှိသူများကို စာရင်းတောင်းခံခဲ့ပြီး စိတ်ပါဝင်စား၍ စာရင်းပေးသွင်း သူများထဲမှပြန်လည်၍ ရွေးချယ် စိစစ်ကာစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘရန်ဆိုင်း




Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ