မိုးညှင်းတွင်မြန်မာ့ အသံလွှင်ဌာနအတွက် ရေဒီယိုချစ်သူများအဖွဲ့ဝင်များပြားသော်လည်းFMထပ်ဆင့်လွင့်စက်မရှိသဖြင့် နားထောင်ရန်ခက်ခဲ့နေ

မိုးညှင်းတွင်မြန်မာ့ အသံလွှင်ဌာနအတွက် ရေဒီယိုချစ်သူများအဖွဲ့ဝင်များပြားသော်လည်းFMထပ်ဆင့်လွင့်စက်မရှိသဖြင့် နားထောင်ရန်ခက်ခဲ့နေ
 
EPN
မိုးညှင်း ဒီဇင်ဘာ ၂၇
  • မိုးညှင်းမြို့တွင် ဒီဇင်ဘာ၁၆ရက်နေ့က မိုးညှင်းမြို့မြို့တော်ခန်း၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သော မြန်မာ့ အသံချစ်သူ များ (Radio Fan Club) အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ အပြီးတွင်  မြန်မာ့အသံရေဒီယိုလိုင်းအား စိတ်ဝင်စားမှုများ ပြားလာသော်လည်း အစိုးရ၏ရေဒီယို လိုင်းမှာ နားထောင်ရန်ခက်ခဲနေကြောင်းသိရသည်။
  • အဆိုပါ  ထုတ်လွင့်မှုလိုင်းအား မိုးညှင်းခရိုင်တွင်ထပ်ဆင့်လွင်စက် တပ်ဆင်ပေးထားခြင်းမရှိသဖြင့် ရေဒီယို သောတ ရှင်များအတွက်ခက်ခဲနေကြသည်ဟု ဒေသခံများကပြောသည်။
  • မိုးညှင်းမြို့ဟာခရိုင်မြို့ဖြစ်လို့ ခရိုင်အဆင့်နဲ့အညီ အစိုးရဌာနရဲ့ရေဒီယိုလိုင်း တွေကိုထပ်ဆင့်မလွင့်ပေးနိုင်သေး တာကအတော်ဆိုးတယ်လက်ရှိအနေအထားအရပြည်သူတွေကသတင်းတွေကိုစိတ်ဝင်စားလာကြတဲ့ခေတ်ကိုရောက်နေ ကြ ပြီးအစိုးရအနေနဲ့ ပြည်သူတွေကိုချပြချင်တဲ့ဥပဒေတွေစည်းကမ်းတွေကို  အခြေခံလူတန်းစား ပြည်သူတွေအကြားမှာ စိမ့်ဝင်နိုင်အောင်ကုန်ကျစရိတ်သက်သာတဲ့ရေဒီယိုလိုင်းကနေဘဲထုတ်ပြန်လို့ရမယ်  မြန်မာ့အသံကထုတ်လွင့်တာ က ညံ့နေပြီးနိုင်ငံခြားထုတ်လွင့်တဲ့ရေဒီယိုလိုင်းတွေကအသံတွေကြည် လင်နေကြတယ် အခုအစိုးရသစ်လက်ထက်မှာ ခရိုင် အဆင့်မှီ ရေဒီယိုထပ်ဆင့်လွှင်စက်တပ်ဆင်ပေးဖို့လိုနေပါတယ်ဟု မိုးညှင်းဒေသခံဦးထွန်းမှပြောသည်။
  •  အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့အသံအားစိတ်ဝင်စားခဲ့သူ  မိုးညှင်းမြို့နယ်အတွင်း ဒေသခံပြည်သူတစ်ထောင့် ၃ရာ ကျော် တို့တက်ရောက်ခဲ့ကြသော်လည်း လက်ရှိအနေအထားအရ အစိုးရတာဝန်ရှိသူတွေမှ ခရိုင်အဆင့် ရေဒီယိုထပ်ဆင့် လွှင့်စက်တပ်ဆင်ပေးရန်အစီအစဉ်မရှိသေးကြောင်း သိရသည် ။
  • မိုးညှင်းမြို့နယ်အတွင်းရှိ နန်းမားဒေသတွင်MRTVမြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွင့်စက်ကို ၀ပ် ၃၀၀ အားဖြင့် ထုတ်လွင့်နေပြီးမြန်မာ့အသံရေဒီယိုလိုင်းကိုထပ်ဆင့်လွင့်စက် မတတ်ဆင်ပေးသေးသဖြင့် အမြို့မြို့အနယ်နယ် သတင်း များကို ရေဒီယို လိုင်း SW -3   လိုင်းတို  31 တွင် အသံလိုင်းဆူညံစွာဖြင့် ရှာဖွေနားဆင်နေ ကြရကြောင်းသိရသည် ။ 
  • အင်းတော်ကြီးဒေသနှင့် နန်းမားဒေသရှိ MRTVရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံများတွင် ရေဒီယို FMလိုင်းထပ်ဆင့်လွင့် စက် တပ်ဆင်ပေးပြီး ထပ်မံထုတ်လွင့် ပေးနိုင်ပါက မိုးညှင်းမြို့နယ် အတွင်းမြန်မာ့ အသံမှ ပြည်သူ့အတွက်တင်ဆက်သည့် သတင်းများနှင့်တင်ဆက်သည့်အစီအစဉ်အမျိုးမျိုးတို့ကိုရှင်းလင်းစွာကြားနိုင်မည်ဖြစ်ပြီးအစိုးရ၏တည်ဆောက်ရေးဆောင် ရွက်ချက်များကိုကြိုဆိုထောက်ခံနိုင်ကြမည်ဖြစ်ကြောင်း  ဒေသခံများကပြောသည်။
  • အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာမှာMRTV ရုပ်သံလွင့်စက်ရှိနေပေမဲ့  အင်းတော်ကြီးဒေသ ကျေးရွာအုပ်စု(၁၁) အုပ်စုအတွက်ကြည်ကြည်လင်လင် နားဆင်နိုင်ခြင်းမျိုးမရှိသေးပါ ဘူးတာဝါတိုင်ပတ်ဝန်ကျင်လောက်အနီးအနားလောက် တော့ရပါတယ် ရေဒီယိုထပ်ဆင့်လွင့်စက်ကိုလည်း တပ်ဆင်ပေးဖို့လိုနေသလို ရုပ်သံလွင့်စက်ကိုလည်းတိုးမြင့်ပေးမှ သာ အဆင်ပြေနိုင်ပါမယ်  ဟုအင်းတော်ကြီးဒေသ လုံးတံကျေးရွာနေ မြန်မာ့အသံ ထပ်ဆင့်လွင်စက်စက်ရုံမှူးဒေါ်ဝေေ၀အောင် ကပြောသည်။
  • မိုးညှင်းနယ် အတွင်းရှိ နန်းမားဒေသ တွင် MRTVရုပ်သံလှိုင်း အားဝပ် (၃၀၀ )၀ပ်ဖြင့်ထုတ်လွင့်နေသော်လည်း     အင်းတော်ကြီးဒေသ လုံးတုံကျေးရွာတွင် MRTVရုပ်သံလှိုင်း ၀ပ် (၅၀) ( CH-10) ဖြင့်သာ န၀တအစိုးရ လက်ထက် ၂၀၁၅ မတ်လ(၁၈)ရက်နေ့မှစတင်ကာရုပ်သံ(၁၄)လိုင်းအား ထုတ်လွင့် ပေးနေခဲ့ကြောင်းသိရသည်။
  •    အဆိုပါနှစ်ခုစလုံးကို ရေဒီယိုနှင့်ရုပ်သံလိုင်းအား ခရိုင်အဆင့်မှီ တိုးမြင့် တပ်ဆင်ပေးရန်လိုအပ်နေသကဲ့သို့ တောင်သူလယ်သမားများနှင့်အခြေခံကျေးလက်ပြည်သူများ မိုးညှင်းနှင့်အင်းတော်ကြီးဒေသအတွက် ရေဒီယိုFMလိုင်း ထပ်ဆင့်လွင့်စက်တပ်ဆင်ပေးနိုင်ရန်လိုလားနေကြကြောင်း မိုးညှင်းခရိုင်ဒေသခံများမှသိရသည် ။
သီဟ




Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ