မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲကချင် ပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင်လာရောက်အားပေးကြည့်ရှု

မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲကချင် ပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင်လာရောက်အားပေးကြည့်ရှု
 
EPN
မိုးကောင်း ဒီဇင်ဘာ ၂၇
  • ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(TSDP)မှမြို့နယ်အုပ်ချုပ်ရေးမှူး ဖလားအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၉ရက်နေ့မှစတင်ကျင်းပရာ ဒီဇင်ဘာ ၂၅ရက်ညနေ ၃နာရီတွင်မိုးကောင်း(က) အသင်းနှင့်နမ္မတီး အသင်းတို့ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်လာရောက်အားပေးကြည့်ရှုပါသည်။
  • ပြည်သူလူထုတစ်ရပ်လုံးဘောလုံးအားကစားကိုစိတ်ပါဝင်စားပြီးအားပေးချီးမြှောက်လာစေရန် မျိုးဆက်သစ် ဘောလုံးအားကစားသမားပေါ်ထွန်းလာစေရန်လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်ပြီးအားကစားစိတ်ဓါတ်များရှင်သန်ထက် မြက်စေရန်ထူးချွန်ထက်မြက်ပြီးအလားအလာရှိသောအားကစားသမားများပေါ်ထွက်လာစေရည်ရွယ်၍ကျင်းပပေးခြင်းဖြစ် ပြီး မြို့နယ်အတွင်းရှိဘောလုံးအသင်း (၁၁) သင်းကို(၃)အုပ်စုခွဲ၍နိုဝင်ဘာလ ၂၉ရက်နေ့မှစတင်ကာနောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင်အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
“ဆယ်စုနှစ်၂ခုလောက်မကျင်းပဖြစ်တဲ့ဘောလုံးပြိုင်ပွဲကိုအောင်မြင်သည်ထိဆောင်ရွက်ပေးခဲ့ကြတဲ့ဌာနဆိုင်ရာတွေ မြို့မိမြို့ဖတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအသင်းအုပ်ချုပ်သူတွေ ပါဝင်သူတွေ နည်းလမ်းပေး ပေါင်းစပ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။နောင်မှာလဲဒီကွင်းမှာအားကစားပွဲတွေကိုစဉ်ဆက်မပြတ်ကျင်းပပေးနိုင်တော့မှာပါ"ဟုမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှဆုပေးပွဲအပြီးဝမ်းသာစကားဆိုသည်။
  • အဆိုပါဗိုလ်လုပွဲယှဉ်ပြိုင်မှုကိုပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင် ပြည်နယ်အား/ကာမှူးဦးသိန်းဝင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်Dr.ခင်မကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးဝင်းမြင့်အောင်မြို့မရဲစခန်းမှူးဒုရဲမှူး သန်းထိုက်ဌာနဆိုင်ရာအရာရှိများရပ်ကွက်အုပ်ချုပ်ရေးမှူးများမြို့မိမြို့ဖများအားကစားဝါသနာရှင်စုစုပေါင်း၇၅၀ဦးခန့်တက် ရောက်အားပေးကြည့်ရှုကြသည်။
  • "ဒီပွဲကြီးကိုပြဿနာတစ်စုံတစ်ရာမဖြစ်ဘဲအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာအရမ်းအားရပါတယ်။ နောင်နှစ် နောင်နှစ်တွေမှာလဲဒီလိုပွဲတွေကျင်းပနိုင်တော့မှာပါ" ဟုမြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးဝင်းမြင့်အောင်ပြောပါသည်။
  • ဗိုလ်လုပွဲကိုမိုးကောင်း(က)အသင်းနှင့်နမ္မတီးအသင်းတို့ယှဉ်ပြိုင်ကစားရာမိုးကောင်း(က)အသင်းမှ၃ဂိုး၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။ ပွဲအပြီးတွင်ဆုပေးပွဲကိုဆက်လက်ကျင်းပရာMan of the match ဆု အကောင်းဆုံးများနှင့်ပထမ ဒုတိယဆုကိုတစ်ဆက်တည်းချီးမြှင့်ပါသည်။
  • "လူငယ်တွေလမ်းမှားပေါ်မှာမရှိအောင်အားကစားပွဲတွေစဉ်ဆက်မပြတ်ကျင်းပပေးတဲ့အပေါ်မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များကိုလေးစားစွာဖြင့်ဂုဏ်ယူပါတယ်"ဟုလာရောက်အားပေးသူကမ္ဘောဇအသင်ကြီးမှအားကစားသမားကိုစိုးကျော်မိုးမှပြောသည်။
  • ဆုပေးပွဲတွင်ပထမဆုဖလားကိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှချီးမြှင့်ခဲ့ပြီးပထမဆုချီးမြှင့်ငွေ ၅သိန်းကျပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဌဦးထွန်းတင်မှချီးမြှင့်ပေးပါသည်။
ချိုမောင်





Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ