မျိုးဆက်သစ် လက်ဝှေ့သမားပေါ်ထွက်ရေးအတွက် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကျင်းပလျှက်ရှိ

မျိုးဆက်သစ် လက်ဝှေ့သမားပေါ်ထွက်ရေးအတွက် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကျင်းပလျှက်ရှိ
 
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၃၀
  • မြန်မာ့ရိုးရာ လက်ဝှေ့ မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ရိုးရာလက်ဝှေ့ဆပ်ကော်မတီ ဒုဥက္ကဌ၊ ဟူးကောင်းကျား လက်ဝှေ့ကလပ် ဦးစီးတည်ထောင်သူ ဦးကျားလေး မှ ဒီဇင်ဘာလ (၂၈)ရက်နှင့်(၂၉)ရက် နှစ်ရက်တိုင်တိုင် ညနေ(၆)နာရီအချိန်၌  မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ ပြည်နယ်အားကစားခန်းမ၌ မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲကြီးကို   ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။
  • "ဒီနှစ် ကျနော် ကချင်ပြည်နယ် လက်ရွေးစင် လက်ဝှေ့အဖွဲ့ကို နည်းပြနေနဲ့ သွားပြိုင်တဲ့အခါမှာ ကျနော်တို့ ကချင်ပြည်နယ် အသင်းက ထင်မထားလောက်တဲ့ အောင်မြင်မှုလို့ ပြောရမဲ့ ပြည်နယ်နဲ့တိုင်း (၁၄)ခုမှာ အသင်းလိုက် ဒုတိယဆုကို ရခဲ့တယ်။ ဒါနဲ့ပဲ ကျနော့်စိတ်ထဲမှာ ကိုယ့်ပြည်နယ်မှာ မျိုးဆက်ပြတ်သွားမှာ စိုးတာနဲ့ လက်ဝှေ့စင်တွေကော ဘာတွေကော လက်ဝှေ့ပွဲ တစ်ခုအတွက် လိုအပ်တာတွေအစုံ သိန်း(၆၀)ကျော်လောက် အကုန်ဝယ်ပြီး၊ လက်ဝှေ့ပွဲသွင်းတဲ့ လောကထဲကို ခြေစုံပစ်ဝင်လာခဲ့တာပါပဲ။ ကျနော် တစ်နှစ်ကိုသုံးပွဲလောက်လုပ်ပေးပြီး မျိုးဆက်သစ်တွေ ထွက်လာအောင်လုပ်မယ်။"ဟု လက်ဝှေ့ပွဲ စီစဉ်သူ ဟူးကောင်းကျား ကလပ် တည်ထောင်သူ ဦးကျားလေး ကပြောသည်။
  • ယခုကျင်းပလျှက်ရှိသော လက်ဝှေ့ပွဲ၌ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ဆုရရှိထားသော ကျွဲကြီး (ဟူးကောင်းကလပ်) ၊ ထွန်းထွန်းဝင်း (မြစ်ကြီးနား) ပြည်နယ်နှင့်တိုင်း ငွေတံဆိပ်ဆု ရရှိသောရွှေဒုံး (ဟူးကောင်းကျားကလပ်)၊ကိုဖြိုး(မြစ်ကြီးနား)၊  အောင်လံဆုရှင်ဖြစ်သော ကျော်စိုး (အမရပူရကလပ်) စသည့် ကစားသမားများ ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည်ဟု သိရသည်။
  • "ပြည်နယ်နဲ့တိုင်းပြိုင်ပွဲမှာ ရွှေရထားတဲ့ ကစားသမား၊ ငွေရထားတဲ့ ကစားသမား၊ အောင်လံဆုရထားတဲ့ ကစားသမားတွေ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ ဦးကျားလေး ကမျိုးဆက်သစ်တွေ ပေါ်ထွက်ရေးလို့သာပြောတာ တကယ့်ပွဲကြီးပွဲကောင်းတွေကို ထည့်သွင်းထားတာပါ။ လက်ဝှေ့ပွဲတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ရသတွေအားလုံး အပြည့်အစုံ မြင်တွေ့ရမှာပါ။" ဟု အဆိုပါ လက်ဝှေ့ပွဲ၌ ကြိုးဝိုင်းဒိုင်အဖြစ် ဆောင်ရွက်သူ လက်ဝှေ့ကစားသမားဟောင်း ကိုဖိုက်တာ ကပြောသည်။
  • အဆိုပါ လက်ဝှေ့ပွဲ၌ (၂၈)ရက်နေ့တွင် တွဲဆိုင်း(၈)ဆိုင်း ရင်ဆိုင်ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ပြီး၊ မျိုးဆက်သစ် ကြားပွဲများအဖြစ် (၂)ချီ ပွဲစဉ်နှင့် (၃)ချီ ပွဲစဉ်များ ပါဝင်ပြီး၊ (၄)ချီ အထူးစိန်ခေါ်ပွဲအဖြစ် ပွဲစဉ်တစ်ပွဲ ပါဝင်မည်ဖြစ်သည်။ (၂၉)ရက်နေ့တွင်လည်း ၎င်းနည်းတူ တွဲဆိုင်း(၈)ဆိုင်း ရင်ဆိုင် ထိုးသတ်မည်ဖြစ်ကာ လက်ဝှေ့ကစားသမားများ၏ ထိုးသတ် ကြေးများအဖြစ် ဆုကြေးငွေကျပ်သုံးသောင်း၊ ငါးသောင်း မှစ၍ ကျပ်သုံးသိန်း၊ ငါးသိန်း အထိ ချီးမြှင့် ပေးအပ် သွားမည် ဖြစ်ကာ ယခုလက်ဝှေ့ပွဲမှ မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားသစ်များစွာ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း လက်ဝှေ့ပွဲစီစဉ်သူ ဦးကျားလေး မှ ပြောသည်။
ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ