ဟိုပင်တွင် ကြီးကြပ်ရေးမှူး(၅)ဦးကိုရွေးချယ်ပွဲ၌ စိတ်ဝင်စားသူနည်းပါးပြီး လာရောက်သူအနည်းငယ်သာရှိ

ဟိုပင်တွင် ကြီးကြပ်ရေးမှူး(၅)ဦးကိုရွေးချယ်ပွဲ၌ စိတ်ဝင်စားသူနည်းပါးပြီး လာရောက်သူအနည်းငယ်သာရှိ
 
EPN
ဟိုပင် ဒီဇင်ဘာ ၂၉
  • ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရေးအတွက်အများယုံကြည်လေးစာပြီး၊သြဇာသက္ကမရှိသူ များကိုကြီးကြပ်ရေးမှူးအဖြစ်ရွေးချယ်ရာ၊စိတ်ဝင်စားသူ နည်းပါး ပြီးလာရောက်သူအနည်း ငယ်သာရှိကြောင်းသိရသည်။
  • အဆိုပါရွေးချယ်ပွဲကိုဟိုပင်မြို့၊တကွင်းကျေးရွာ ၊အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၁၁)နာရီအချိန် မှစတင်ခဲ့ပြီးဟိုပင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးမိုးအောင်၊စည်ပင်သာယာရေးမှလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဌေး၊ဟိုပင် လယ်ယာမြေစာစီမံခန့်ခွဲရေး(၂)စာရင်းအင်းဦးစီးဌာနမှဦးဇော်ဝင်းထွန်းတို့ကအရွေး ချယ်ခံရသူများ၏စာရင်းကို မှတ်တမ်းတင်ပေးခဲ့ကြောင်းသိရသည်။
  • “ကျွန်တော်တို့ကလာရွေးပေးတာမဟုတ်ပါဘူးကျေးရွာကလူတွေရွေးချယ်ပေးတာကို စာရင်းလာမှတ်ပေးတာပါ၊ ဒါကြောင့်မို့လွတ်လွတ်လပ်လပ်ဘဲရွေးချယ်ကြပါ”ဟု ဟိုပင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးမိုးအောင်ကပြောသည်။
  • ကြီးကြပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ပါကဆန္ဒမဲထည့်ပိုင်ခွင့်မရှိခြင်း၊အုပ်ချုပ်ရေးမှူးအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိ ခြင်း၊ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကိုပြီးဆုံးသည်အထိတာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီးဒိုင်လူကြီး တစ်ဦး အဖြစ်သာလုပ်ဆောင်ရမည်ဖြစ်ကြောင်းကို၎င်းက ဆက်ပြောသည်။
  • ရွေးချယ်ခြင်းမပြုလုပ်မှီသုံးရက်ခန့်ကကြိုတင်ကာမည်သူမဆိုပွင့်လင်းစွာလာရောက် ရွေးချယ်နိုင်ကြောင်းဆော် သြောထားသော်လည်းစိတ်ဝင်စားသူနည်းပါးပြီး တကွင်းကျေးရွာတွင်လူဦးရေ(၆၀၀၀)ကျော်ရှိသည့်အနက်လူဦး ရေ(၃၀)ကျော် သာ တက်ရောက်ကြောင်းကိုအစည်းအဝေးမှတ်တမ်းအရသိရသည်။
  • အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရန်အတွက်ယခုရွေးချယ်ခံရသော ဦးစိန်မောင်လေး၊ဦးရန်အေး၊ ဦးစံညွှန့်ဦး၊ဦးမြင့်ဖေ၊ဦးစံမောင်တို့ဖြစ်ပြီး၎င်းတို့အနေဖြင့်ပေးအပ်သောတာဝန်ကိုထမ်းဆောင်နိုင်ခြင်းရှိ/မရှိကို ဟိုပင် အထွေထွေအုပ်ချုပ်ရေးမှူးကမေးမြန်ပြီးထမ်းဆောင်နိုင်သောကြောင့်၎င်းတို့(၅)ဦးအားကြီးကြပ်ရေးမှူးအဖြစ်အတည်ပြုမှတ်တမ်းတင်ခဲ့သည်။
ချစ်သား

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ