(၁၆ ) ကြိမ်မြောက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
(၁၆ ) ကြိမ်မြောက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
EPN
ဗန်းမော် ဒီဇင်ဘာ ၂၇
- ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်( ၁၆)ကြိမ်မြောက် အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲကိုဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကရွှေကျီးနားကျေးရွာ တံခွန်တိုင်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
- ရှေးဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ကာစက်ကဲကုန်းကျောင်းတိုက် ဆရာတော် ဦးနန္ဒာသီရိကပဋ္ဌာန်းရောင်ခြည်တော်ဂါထာဖြင့် ရှင်တော်မြတ်ဘုရားအားပင့်ဆောင်၍ ဝတ်ရွတ်အသင်းများကပဋ္ဌာန်းရောင်ခြည်တော် ရှစ်လုံးဘွဲ့ကဗျာရွတ်ဖတ်ပူဇော်ခဲ့ ကြသည်။
- ဆက်လက်၍ မံပင်ကျောင်းတိုက်ဆရာတော် ဦးကောဝိဒကမဟာပဋ္ဌာန်းကျမ်းတော်မြတ် ကိုရှိခိုးပူဇော်၍ နိုင်ငံတော် သံဃာ့နာယက ဗဟိုဝန်ဆောင်မြို့ လေးထပ်ဆရာတော် ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြ ပြီး မိုးဖိန်းကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသ ကပဋ္ဌာန်းဒေသနာတော်နာကြားရန် နတ်ဗြဟ္မာ များကို ဖိတ်ကြား ခဲ့ သည်။
- ထိုနောက်နောင်လိုက် ကျောင်းတိုက်ဆရာတော်ဦးသဇ္ဇနကပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ကြရန်တိုက်တွန်း နှိုး ဆော်၍ သံဃာတော်အရှင်သူမြတ်များနှင့် ပရိတ်သတ်များကပဋ္ဌာန်းပစ္စယုဒ္ဒေ သ ပါဠိတော်က်ုသံပြိုင် ရွတ်ဖတ် ကြပြီး ပဋ္ဌာန်းဒေသနာတော် စတင် ရွတ်ဖတ် ပူဇော်ခဲ့ကာ ဒီဇင်ဘာ ၃၀ရက်နေအထိ ငါးရက်တိုင်တိုင်ရွတ်ဖတ် ပူဇော် မည့်ဖြစ် ကြောင်း တံခွန်တိုင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဣန္ဒာသဖ ထံမှသိရှိရသည်။
- အိုက်ခေါတော်စေတီအားရှမ်းမျိုးနွယ်ဝင်များ၏ ကောက်ဦးဆွမ်းစုပေါင်းကပ်လှူ ပူဇော်ပွဲအကြို အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်မှာ ယခုနှစ်အပါအဝင် (၁၆) ကြိမ်မြောက်ရှိခဲ့ကြောင်း။ ကောက်ဦးဆွမ်းကပ်လှူပူ ဇော်ပွဲ ကိုနှစ်စဉ် ပြာသိုလဆန်း ၁၅ ရက်နေ့ တွင်ကျင်းပ လျှက်ရှိကြောင်း ၊ယခုနှစ်တွင်( ၄၁) ကြိမ်မြောက်ဖြစ်ကြောင်း ၊ဗန်းမော် ခရိုင်အတွင်းရှိ ရဟန်းသံဃာများက ကျောင်းတိုက်သို့ကြွ ရောက်၍အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကိုပါဝင်ကူညီ ရွတ်ဖတ်ပူဇော်ပေးလျှက်ရှိကြောင်း၊ အကျိုးတော်ဆောင် ဆရာတော်က မိန့်ကြားခဲ့သည်။
ဗန်းမော်သမိန်

Comments
Post a Comment