ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်

ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်
 
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၉

  •     ကချင်လက်နက်ကိုင်တပ်ဖွဲ့KIO၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းရန် ဟုဆိုကာKIOအဖွဲ့မှ စာဖြင့် ဆင့်ခေါ်စာများ ဖြန့်ဝေထားကြောင်းသိရသည်။
  •     အဆိုပါဆင့်ခေါ်စာများကို ယခုလ ဒီဇင်ဘာ (၂၃)ရက်နေ့စွဲဖြင့် မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဖြန့်ဝေထားကြောင်း၊ ယင်းဆင့်ခေါ်စာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်၍ မိမိတို့ KIO /KIA အဖွဲ့အစည်းအား ဘဏ္ဍာရေးအရသော်လည်းကောင်း ၊ အခြားသော အကူအညီမျိုးသော်လည်းကောင်း ပံ့ပိုးကူညီပေးစေရန်အတွက် ဆွေးနွေးလိုသည် ဟုပါရှိသည်။
  •     ထို့ပြင် ယင်းဆင့်ခေါ်စာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးညှိနှိုင်းခြင်းမရှိပါက မြစ်ကြီးနားတိုက်နယ်မှ ထိရောက် စွာအရေးယူမည်ဖြစ်ကြောင်း ၊ဆင့်ခေါ်စာနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကနောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သော ပြဿနာများ(သို့) ဆုံးရှံးခြင်းများသည် လူကြီးမင်း၏တာဝန်သာဖြစ်ကြောင်း ထည့်သွင်းရေးထားသည်။
  •     လက်ရှိ မြစ်ကြီးနားနှင့် တနိုင်းကြားရှိ လီဒိုလမ်းမပေါ်၌ ကချင်လက်နက်ကိုင်အဖွဲ့ KIO/ KIA အနေဖြင့် ခရီးသည်ယာဉ်လိုင်းများ နှင့် ခရီးသွားဆိုင်ကယ်များထံမှ ဆက်ကြေးကောက်ခံမှုများ ရှိနေကြောင်းသိရသည်။

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ