မိုးကောင်းမြို့နယ် ဗောဓိကုန်းစေတီဘုရားပွဲရှိလောင်းကစားဒိုင်များကိုဖမ်းဆီး


မိုးကောင်းမြို့နယ် ဗောဓိကုန်းစေတီဘုရားပွဲရှိလောင်းကစားဒိုင်များကိုဖမ်းဆီး

EPN
 မိုးကောင်း ဒီဇင်ဘာ ၂၉
  •       ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ပင့်သာကျေးရွာဗောဓိကုန်းစေတီဘုရားပွဲတွင်ဘုရားပွဲကိုအကြောင်းပြု၍လောင်းကစားမှုပြုနေကြောင်းသတင်းအရဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
  •       ဒီဇင်ဘာ၂၃ရက်နေ့မှ၂၈ရက်နေ့ထိကျင်းပမည်ဖြစ်သောမိုးကောင်းမြို့နယ်ပင့်သာကျေးရွာဗောဓိကုန်းစေတီဘုရားပွဲတွင်လောင်းကစားဝိုင်းများပါရှိကြောင်းသတင်းအရ ဒီဇင်ဘာ ၂၇ ရက်ည၁၀နာရီတွင်မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်း ရေးဌာနမှ ရဲအုပ်ကျော်မင်းစိုး ၊ရဲအုပ်မြင့်သူဒုရဲအုပ်ဇော်လွင်၊ ဒုရဲအုပ်ကျော်မျိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည်  ၆ ကောင်ခုံ နိုင်ငံခြားဘောလုံးသမားပုံများရိုက်နှိပ်ထားသည့်ဆတိုးလျော်စက်ပန်းခုံရှမ်းကိုးမီးခုံ ၊ငါးရှဉ့်လျောဖါးပါသစ်သား အန်စာတုံး ခုံများကိုဖမ်းဆီးသိမ်းဆည်းခဲ့သည်။
  •       ဖြစ်စဉ်နှင့်ပတ်သက်၍လောင်းကစားဒိုင်ပြုလုပ်သူဦးစိုးမင်းထွန်း(၃၀)နှစ်ဦးဇော်သက်ထွေး(၂၇)နှစ်ဦးမျိုးဇော်သိန်း (၂၅)နှစ်ဒေါ်ဝင်းဝင်းမေ(၂၈)နှစ်မျိုးထက်(ခ)ဝတုတ်(၃၈)နှစ်ဖိုးလပြည့်(၂၅)နှစ်တို့ကိုပင်းဘောနယ်မြေရဲစခန်းမှ(ပ)အမှတ် ၁၅/၁၆/၁၇/၁၈/၁၉/၂၀၁၇လောင်းကစားဥပဒေပုဒ်မ၁၂(က)ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
  ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ