လယ်ယာသုံး လက်တွန်းထွန်စက်တိမ်းမှောက်သဖြင့်သေဆုံးမှုဖြစ်ပွား

လယ်ယာသုံး လက်တွန်းထွန်စက်တိမ်းမှောက်သဖြင့်သေဆုံးမှုဖြစ်ပွား
 
EPN
မိုးကောင်း ဒီဇင်ဘာ ၃၀
  •      မြစ်ကြီးနားတနိုင်း(လီဒို)လမ်းမကြီးတွင်လယ်ယာသုံးလက်တွန်းထွန်စက်အရှိန်လွန်တိမ်းမှောက်သဖြင့်ယာဉ်မောင်းသူသေဆုံးသွားပါသည်။
  •       ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မြစ်ကြီးနား၊တနိုင်း(လီဒို)လမ်းမကြီးပေါ်ရှိလွယ်လီယံကျေးရွာအုပ်စုမရမ်က ထောင်ကျေးရွာနှင့်နမ်နွမ်ကျေးရွာကြားကီလိုမီတာအမှတ်KM 8 နှင့်KM9ကြားတွင်ဒီဇင်ဘာ ၂၈ရက်ညနေ၃ နာရီခန့်က တနိုင်းဘက်မှမြစ်ကြီးနားဘက်သို့မောင်နိုင်မင်းအောင်(၂၂)နှစ်မောင်းနှင်လာသောလယ်ယာသုံးလက်တွန်းထွန်စက်သည်အရှိန်လွန်တိမ်းမှောက်သဖြင့်ယာဉ်မောင်းသူမောင်နိုင်မင်းအောင်သည်နှာခေါင်းသွေးထွက်ဒါဏ်ရာဝမ်းဗိုက်ဖူးရောင်နောက်ကျောပွန်းပဲ့ဒါဏ်ရာများဖြင့်သေဆုံးသွားပါသည်။
  •      "ရှေ့ဘီးတစ်ဘီးပေါ်ခြေထောက်တင်မောင်းတဲ့ထွန်စက်လေမြင်ဘူးတယ်မဟုတ်လားလမ်းကောင်းတယ်ဆိုပြီး အရမ်းမောင်းတော့အရှိန်မထိန်းနိုင်တော့မှောက်တော့တာပေါ့"ဟုအမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမိုးကောင်းတပ်ဖွဲ့စိတ် ခေါင်းဆောင်ရဲအုပ်ဇေမျိုးဝင်းမှပြောပါသည်။
  •      ဖြစ်စဉ်ကြောင့်လူသေဆုံးသည်အထိယာဉ်အားမဆင်မခြင်မောင်းနှင်သူမောင်နိုင်မင်းအောင်အားမိုးကောင်းမြို့မ ရဲစခန်းမှယာဉ်(ပ)၃၉/၂၀၁၇ရာဇသတ်ကြီးပုဒ်မ၃၀၄-ကဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
  ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ