မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးမှူးရွေးချယ်
မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးမှူးရွေးချယ်
EPN
မိုးကောင်း ဒီဇင်ဘာ ၂၇
- ကချင်ပြည်နယ်မိုးကောင်းမြို့နန့်ရင်းရပ်ကွက်ကြီးကြပ်ရေးမှူးရွေးချယ်ပွဲကိုဒီဇင်ဘာ ၂၇ရက်နံနက်၁၀နာရီ က နန့်ရင်းရပ်ရှိ အလည်ကျောင်းတိုက်တွင်ပြုလုပ်ခဲ့သည်။
- တတိယအကြိမ်ပြင်ဆင်လိုက်သောရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာတွင်တဆက်တည်း၅ နှစ်နေထိုင်သူဖြစ်ရမည်ဖြစ်၍ နိုင်ငံ ဝန်ထမ်းဖြစ်ပါကတဆက်တည်း၂ နှစ်နေထိုင်သူဖြစ်ရရန်လိုအပ်ကြောင်းနှင့် ရပ်ရွာက လူအများ လေးစားကြည်ညိုသူ သိက္ခာသမာဓိရှိသူအုပ်စုတခုလုံးအတွက်အမှန်တကယ် အကျိုးပြုနိုင်သူအုပ်စုတခုလုံးအတွက်စဉ်းစားပေးနိုင်သူ လိုအပ် ချက်များကိုဘက်မလိုက်ဘဲဖြည့်ဆည်းပေးနိုင်သူအုပ်စုတခုလုံး၏အကျိုးစီးပွားနှင့်အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေး နိုင်သူဖြစ်ရန်လိုကြောင်းရွေးချယ်ရေးအဖွဲ့(၁)ခေါင်းဆောင်မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိဦးမျိုးသန့်စင် က ယနေ့ရွေးချယ်ပွဲတွင်ပြောသည်။
- “ ကြီးကြပ်ရေးမှူးတွေ ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေ ကျေးရွာတာဝန်ခံတွေ အုပ်ချုပ်ရေးမှူးလောင်း တွေကိုမဲပေး ရွေးချယ်ရမှာတတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေအရအိမ်ထောင်ဦးစီးကပဲမဲပေးရမယ်ဆိုတဲ့သဘောမဟုတ်ဘဲပုံစံ (၆၆/၆) စာရင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူတစ်အိမ်ထောင်မိသားစုကိုယ်စားလှယ်တစ်ဦးမှ မဲပေးရမည်ဖြစ်ပြီးရပ်ကွက်ကျေးရွာ နေပြည်သူများက အနည်းဆုံး ၃ကြိမ်အများဆုံး ၄ ကြိမ် မဲပေးကြရမှာဖြစ် တယ်”ဟုယင်းမှဆက်လက်ပြောကြားပါသည်။
- နန့်ရင်းရပ်ကွက်တွင်အိမ်ထောင်စု၃၅၃စု၊အိမ်ခြေ၃၄၆အိမ်နှင့်လူဦးရေ၂၁၀၄ဦးရှိရာယနေ့ရွေးချယ်ပွဲသို့အိမ်ထောင်စုကိုယ်စားလှယ်၂၂၀ဦးတက်ရောက်သည်။
- " အခြေခံအကျဆုံးဖြစ်တဲ့ ကြီးကြပ်ရေးမှူးရွေးတာမှာကအစဒီမိုကရေစီနည်းကျ အများဆန္ဒအရ ရွေးချယ်ပေးရ တယ်ဆိုတော့ရပ်ကွက်အတွက်ပိုကာင်းအောင်လုပ်ပေးတာလို့မြင်ပါတယ်"ဟုနန့်ရင်းသားကိုသက်ထွေးမှဆိုသည်။
- ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကိုရွေးချယ်ရေးကော်မတီအဖွဲ့(၁၀)ဖွဲ့ သည်ရပ်ကွက်(၁၄) ရပ်ကွက်နှင့်ကျေးရွာ(၃၆) အုပ်စုကိုဒီဇင်ဘာ(၂၁)ရက်မှစတင်၍ရပ်ကွက်ကျေးရွာများတွင်ကြီးကြပ်ရေးအဖွဲ့လိုက်လံရွေးချယ်ပေးလျှက်ရှိပြီးရွေးချယ်ခံ ရသောကြီးကြပ်ရေးအဖွဲ့များကို သင်တန်းပေးကာရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်ကို၂၀၁၈ခုနှစ်ဖေဖေါ်ဝါရီလကုန်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။



Comments
Post a Comment