ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာနည်းပါးကြောင်းလူ့ အခွင့်ရေးကော်မရှင်အဖွဲ့ဝင်ပြော

ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာနည်းပါးကြောင်းလူ့ အခွင့်ရေးကော်မရှင်အဖွဲ့ဝင်ပြော
 
EPN
ဟိုပင် ဒီဇင်ဘာ ၃၀
  • ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာရန်ကုန်၊မန္တလေးနေရာဒေသများနှင့်နှိုင်းယှဉ်ပါကနည်းပါး ကြောင်းကိုမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကပြောကြားသည်။
  • ကချင်ပြည်နယ်၊မိုးညှင်းမြို့၊စိမ်းလဲ့ရတနာခန်းမ၌ ဒီဇင်ဘာ (၂၉)နံနက်(၈း၅၀) အချိန်တွင်ကျင်းပသော လူ့အခွင့် အရေဆိုင်ရာ အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအပြီးတွင် သတင်းထောက် များ၏မေးမြန်းမှု ကို ယင်းသို့ဖြေ ကြားခဲ့သည်။
  • “ကချင်ပြည်နယ်မှာဆိုကျွန်တော်သိသလောက်လူ့အခွင့်အရေးချိုးဖောက်ခံရမှုနည်းပါတယ်ပြည်နယ်နှင့်တိုင်းတွေ မှာဆိုရင်ချင်းပြည်နယ်ကမရှိသလောက်နည်းပါတယ်၊ကယားကတော့ မရှိဘူး၊များသော အားဖြင့်လူ့အခွင့်အရေးတကယ် ချိုးဖောက်ခံရပြီးတိုင်းတန်းချက်များ တာကတော့မန္တလေးနှင့်ရန်ကုန်ပါပဲ”ဟုလူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးကပြောသည်။
  • ထို့အပြင် ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိပါက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
  • ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့်လူ့အခွင့်အရေးနှင့်ပတ်သက်၍ထိခိုက်နစ်နာနေပါက၎င်းကိစ္စရပ်များကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့စုံစမ်းအရေးယူပေးဖို့ လိုအပ်ကြောင်းနှင့်ယခုအချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရ၍တိုင်ကြားလာသောစာများမရှိသေးကြောင်း ပြည်သူ့လွတ်တော်ကိုယ်စာလှယ်ဒေါ်စန်းစန်းအိကပြောသည်။
  • အဆိုပါအခန်းအနားကို မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကော်မတီဝင် ဦးခင်မောင်လေးနှင့် ဒေါက်တာမြင့်ကြည်၊ မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး၊ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှုးနှင့်ခရိုင်ဦးစီးအရာရှိများ၊မိုးညှင်းဆယ်မိုင်အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူများလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့်မြို့နယ် ဦးစီးအရာရှိများ၊မိုးညှင်းခရိုင် မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ရပ်မိရပ်ဖများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
   ချစ်သား၊ ရှင်းသန့်၊ မိုးဟိန်း

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ