မြစ်ကြီးနားမြို့တွင်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို စုပေါင်း၍ပညာပေး
မြစ်ကြီးနားမြို့တွင်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို စုပေါင်း၍ပညာပေး
EPN
မြစ်ကြီးနား ဒီဇင်ဘာ၂၇
- စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးသူများကို ဖမ်းမိသည့်နေရာတွင် စုပေါင်းပညာပေးသည့် အစီအစဉ်ကို မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့ကြောင်း အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- နောက်ကြည့်မှန်မတပ်ထားသည့်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်၊ယာဉ်လိုင်စင်၊ နံပတ်ပြား၊ဆိုင်ကယ်စီးဦးထုတ် မပါရှိသည့်ဆိုင်ကယ်များလမ်းပြောင်းပြန်ရပ်နားထားသည့်ဆိုင်ကယ်များ ကို ဒီဇင်ဘာ၂၆ရက်နံနက်က မြစ်ကြီးနားမြို့၊မြို့မ ဈေးကြီးအနီးရှိအောင်ဆန်းလမ်းပေါ်တွင် စုပေါင်း၍ ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ``ဆိုင်ကယ်ဖမ်းမိတဲ့နေရာမှာပဲ ဖမ်းမိတဲ့လူ၅၀လောက်ကို ယာဉ်နဲ့ပတ်သက်တဲ့ စည်းကမ်းလိုက်နာရမယ့် အချက် တွေကို ရှင်းပြ ပြောပြခဲ့တယ် ဆယ်မိနစ်လောက်ပြောပြီးတော့ ဒဏ်ကြေးနဲ့အရေးယူတာမျိုး မလုပ်ဘဲပြန်လွှတ်ပေးတာပါ နောက်ဆိုရင် ယာဉ်နဲ့ပတ်သက်ပြီး စည်းကမ်းတင်းကျပ်မှု့တွေ ပိုစီစစ်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ် ´´ဟု မြစ်ကြီးနား မြို့ အမှတ်၉၈ယာဉ်ထိန်းရဲများတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်စိုးဦးကပြောသည်။
- အဆိုပါစည်းကမ်းများနှင့်အညီ မလိုက်နာသည့် ယာဉ်များသည် ယာဉ်တိုက်မှု ဖြစ်ပွားလာပါက ပိုမိုအသက်ဆုံးရှုံး ရနိုင်ခြင်း၊မလိုလားအပ်သည့်ပြသနာများ ဖြစ်ပွားလာနိုင်ခြင်းမျိုး ရှိလာနိုင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
- ၂၀၁၈ဇန်န၀ါရီလ၁၅ရက်မှ၂၁ရက်အထိ နိုင်ငံခြားအခြေစိုက်(FXB-Myanmar)၊ (PUMA)အဖွဲ့နှင့် မြစ်ကြီးနားမြို့၊ အမှတ်၉၈ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့၏ လူစည်ကားရာ နေရာများတွင် ယခုကဲ့သို့ စုပေါင်းပညာပေးခြင်း ဆိုင်ကယ်စီးဦးထုတ်ဝေခြင်း၊ယာဉ်မောင်းသူများ သိရှိလိုက်နာရမည့်စည်းကမ်းများကို ရေးသားထားသည့်စတစ်ကာများ၊ ရောင်ပြန်စတစ်ကာများ၊လက်ကမ်းစာစောင်များ၊အခမဲ့ဖြန့်ဝေခြင်းမျိုး ပြုလုပ်သွားရန်ရှိကြောင်း ဒုရဲမှူးကျော်စိုးဦး ကပြော သည်။




Comments
Post a Comment