“မိုးညှင်းခရိုင် အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးများဖမ်းဆီးနိုင်ကြောင်းခရိုင်ရဲမှူးကပြောကြား”
“မိုးညှင်းခရိုင် အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးများဖမ်းဆီးနိုင်ကြောင်းခရိုင်ရဲမှူးကပြောကြား”
EPN
မိုးညှင်း ဒီဇင်ဘာ ၂၉
EPN
မိုးညှင်း ဒီဇင်ဘာ ၂၉
- ကချင်ပြည်နယ်အတွင်း ဧရာဦးစစ်ဆင်ရေးအရမူးယစ်ဆေးရောင်းချသူများအားဖော်ထုတ်ဖမ်းဆီးခဲ့ရာ မိုးညှင်း ခရိုင် အတွင်းမူးယစ်ဆေး အမှုပေါင်း (၁၂၅)မှုတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည် ။
- အဆိုပါအမှုတွင် ကျားတရားခံ (၂၀၀) ဦးနှင့်မတရားခံ(၁၂)ဦး၊စုစုပေါင်း(၂၁၂ )ဦးတို့အားဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ကပြောသည် ။
- “မှုခင်းအသိပညာပေးဟောပြောပွဲတွေပြုလုပ်ပေးနေသလို ဧရာဦးစစ်ဆင်ရေးအရ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သူတွေကိုလည်း အရှိန်အဟုန်မြင့်ပြီး ဖော်ထုတ်ဖမ်းဆီးနေပါတယ် စစ်ဆင်ရေးကာလတစ်ခုအနေနဲ့ကတော့ နိုဝင်ဘာ (၁၅)ကနေဒီဇင်ဘာ(၃၁)ရက်နေ့အထိဖြစ်ပါတယ် “ဟု မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသောင်းလင်းကပြောသည် ။
- ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အတိုင်း ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့တက္ကသိုလ်တွေနဲ့ ဒီဂရီကောလိပ်ကျောင်းတွေကိုမူးယစ်ကင်းစင် နယ်မြေအဖြစ်သတ်မှတ်နိုင်ရေးကိုလည်းဆောင်ရွက်နေပါတယ် ဟု ၎င်းကဆက်ပြောသည်။
- အဆိုပါ ကျောင်းများအား မူးယစ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်အတွက် မိုးညှင်းဒီဂရီ ကောလိပ်ကျောင်း တွင်ဒီဇင်ဘာ၂၀ရက်နေ့ကမှုခင်းအသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ကြ့ပီးမိုးညှင်းမြို့နယ်အတွင်းကျောင်းပေါင်း(၂၁) ကျောင်းတို့တွင်ပြုလုပ်ပေးထားပြီးဖြစ်ကြောင်းသိရသည်။
- အဆိုပါ ဧရာဦးစစ်ဆင်ရေးအား စတင် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၂၅ရက်နေ့အထိ မိုးညှင်းခရိုင် အတွင်း တရားမ၀င်မူးယစ်ဆေးဝါး ဘိန်းဖြူ အလေးချိန် ၁သောင်း၅ထောင် ၆ရာ ၂၉ ဂရမ်နှင့်.၀၆ဂရမ်(၁၅၆၂၉.၀၆)ဂရမ် ၊ ဘိန်းမဲ့(၂)ဂရမ်၊စိတ်ကြွရူးသွပ်ဆေးပြား ၁သောင်း၁ထောင်၃ရာ၄၈ပြား (၁၁၃၄၈ပြား) ကို ဖမ်းဆီးမိထားပြီး အမှုပေါင်း (၁၂၅)မှု တို့ဖြင့်ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ကြောင်းမိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

Comments
Post a Comment