မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား လူကုန်ကူးမှုတားဆီးရေးဟောပြောမှုပြုလုပ်

မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား လူကုန်ကူးမှုတားဆီးရေးဟောပြောမှုပြုလုပ်
 
EPN
မိုးညှင်း ဒီဇင်ဘာ ၂၇
  • မိုးညှင်းမြို့နယ်အတွင်းရှိကျောင်းသားလူငယ်များအတွက်လူကုန်ကူးမှုမှ တားဆီးကာကွယ်နိုင်ရန် အတွက် မိုးညှင်းမြို့ ရှိ အစိုးရစာ သင်ကျောင်းများအပြင် ပြင်ပကိုယ်ပိုင်ကျောင်း၌ မိုးညှင်းခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတို့နှင့် လူကုန်ကူးမှုတားဆီး နိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်းကာ ဟောပြောမှုများပြုလုပ်နေကြောင်းသိရသည် ။ 
  • အဆိုပါဟောပြောမှုမှာ လုပ်ငန်းခွင်ထဲ၌ အချိန်ကုန်နေသူများနှင့်  ကျောင်းသားလူငယ်များ လူမှောင်ခို ၊လူကုန်ကူး ခံရသည့်  ဘေးမှ ကင်းဝေးစေရန်ရည်ရွယ်ပြီး  တားဆီးကာကွယ်ဖို့လူတိုင်းရဲ့သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ အချိန် က မိုးညှင်းလူရည်ချွန်ကိုယ်ပိုင်ကျောင်း တွင်ပြုလုပ်သော လူမှောင်ခို၊ လူ ကုန်ကူးတားဆီး ကာကွယ်ရေးဟောပြောပွဲတွင် မိုးညှင်းခရိုင် အမှတ် (၁၂)လူကုန်ကူးမှုတားဆီး  နိမ်နင်းရေးရဲတပ်ဖွဲ့စု မှပြောသည်။
  • “လူကုန်ကူးမှုတားဆီးကာကွယ်ဖို့ဆိုတာလူတိုင်းရဲ့သမိုင်းပေးတာဝန်တစ်ခုပါအဓိကကတော့လူငယ်တွေအတွက်ပါ အလုပ်ရှာပေးမယ် လစာကောင်းတဲ့အလုပ်ရမယ် ဆိုပြီးလူကုန်ကူးမခံရစေဖို့ လူတိုင်းကိုအယုံအကြည်မလွန်မိစေဖို့ ပတ်ဝန်းကျင်ကိုအဆက်မပြတ်စေဘဲအခုလိုသိထားသင့်တဲ့အသိပညာတွေကိုပြန်လည်ဖြန့်ဝေပေးနိုင်ဖို့ရည်ရွယ်ပြီးဟော ပြောပွဲတွေပြုလုပ်ပေးနေတာပါ လူကုန်ကူးတာမခံရဖို့အတွက် အလုပ်လုပ်ကြမဲ့လူငယ်တွေ နဲ့ကျောင်းသားလူငယ်တွေက လည်းမိဘအုပ်ထိန်းသူဆွေမျိုးတွေကိုအသိမပေးဘဲပြင်ပ တွေကိုထွက်မသွားကြဖို့လိုပါတယ်”ဟု လူကုန်ကူးမှုတားဆီး နိမ်နင်းရေးရဲတပ်ဖွဲ့ဒုရဲမှူးစိုးမင်းကပြောသည်။
  • လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးက အခြားလူတစ်ဦးကိုပြည့်တန်ဆာလုပ်ခိုင်းခြင်း အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်လုပ်ခိုင်းခြင်း၊အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေ  ခြင်း ၊ကျွေးမြီဖြင့်နောင်ဖွဲ့ခိုင်းစေခြင်း၊အခြားသူတစ်ယောက်၏ခန္ဓာကိုယ်အစိတ်အပိုင်းအားထုတ်ယူဖယ်ရှားခြင်း ရောင်းစား ခြင်းစည့်တို့ကိုပြုရာမှငွေကြေးသော်လည်းကောင်းအကျိုးအမြတ်တစ်စုံတရာကိုသော်လည်းကောင်းလက်ခံခြင်း(သို့)လက် ခံရယူရန်သဘောတူခြင်းတိုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
  • မြန်မာနိုင်ငံအတွင်း မိန်းကလေးများလူကုန်ကူးခံရသည့်အခါ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ယူမှုများခံရတတ်ခြင်း  မိန်းကလေးများတစ်ဖက်နိုင်ငံသို့အဓမ္မလက်ထပ်ရန်ရောင်းစားခံရခြင်း၊သမီးရည်းစား(သို့)လက်ထပ်ပြီးနယ်စပ်သို့သွားရောက်လည်ပတ် မည်ဟုခေါ်ကာရောင်း စားခံရခြင်းများ ရှိနေကြောင်းဟောပြောခဲ့ပြီး  ပရိုဂျက်တာနှင့် ရှင်းလင်းကာ လက်ကမ်းစာစောင်များလည်းပေးဝေခဲ့ကြကြောင်းသိရသည်။
  • အမျိုးသမီးများ နှင့်ကလေးသူငယ်များကို လူကုန်ကူးမှုဖြစ်ပွားခဲ့ပါက ပုဒ်မ-၂၄ အရ ထောင်ဒဏ်(၁၀)နှစ်မှ ထောင်ဒဏ်တစ်သက်အထိ၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များမှအပ အခြားသူတစ်ဦးဦးကိုလူကုန်ကူးပါက ပုဒ်မ၂၅ အရ ထောင်ဒဏ် နှစ် (၅) မှ၁၀နှစ်အထိ၊လူကုန်ကူးမှုကို(၃)ဦးနှင့်အထက်ပူးပေါင်း၍ကျူးလွန်ပါက ပုဒ်မ-၂၈ အရ ထောင်ဒဏ်နှစ်(၂၀)မှထောင်ဒဏ်တစ်သက်၊ လူကုန်ကူးမှုကျူးလွန်စဉ်ထောင်ဒဏ်၎နှစ်နှင့်အထက်ချမှတ်နိုင်သည့်ပြစ်မှု ကိုကျူးလွန်ပါက ပုဒ်မ-၂၉ အရ ထောင်ဒဏ်(၁၀)နှစ်မှသေဒဏ်အထိ ကျခံရနိုင်ကြောင်းသိရသည်။
သီဟ



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ