အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှမြန်မာနိုင်ငံတစ်နှံတစ်လျားလှည့်လည်ရာတွင်(၉၆)မြို့နယ်အဖြစ်မိုးကောင်းမြို့သို့လာရောက်ဆွေးနွေးခြင်းဖြစ်

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှမြန်မာနိုင်ငံတစ်နှံတစ်လျားလှည့်လည်ရာတွင်(၉၆)မြို့နယ်အဖြစ်မိုးကောင်းမြို့သို့လာရောက်ဆွေးနွေးခြင်းဖြစ်
 
EPN
 မိုးကောင်း ဒီဇင်ဘာ ၂၉
  • မြန်မာနိုင်ငံအတွင်း၌လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့်ကာကွယ်ခြင်းအားဖြင့်လူ့အခွင့်အရေးကိုလေးစားလိုက်နာကျင့်သုံးသည့်လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန်နှင့်ဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်လူ့အခွင့်အရေးကိုလူတိုင်းရရှိခံစားနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်းလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်လေးမှလူ့အခွင့်အရေးဆိုင်ရာမျော်မှန်းချက်နှင့်ရည်ရွယ်ချက်ကိုဦးစွာရှင်းလင်းဆွေးနွေးပါသည်။
  • “လူ့အခွင့်အရေးသည်လူသားအားလုံးနှင့်သက်ဆိုင်သည့်မွေးရာပါအခွင့်အရေးဖြစ်ပြီးနုတ်ပယ်၍မရ ခွဲခြမ်း၍မရ အပြန်အလှန်အမှီသဟဲပြုနေကြောင်းနှင့်ကမ္ဘာ့ကုလသမဂ္ဂမှအခြားအဖွဲ့အစည်းများတွင်အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသော်လည်းလူ့အခွင့်အရေးနှင့်ပတ်သက်၍အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးမထားဘဲမိမိတို့နိုင်ငံနှင့်သင့်လျော်သောမိမိတို့နိုင်ငံကိုက်ညီသောလူ့အခွင့်အရေးကိုကျင့်သုံးခွင့်ပြုထားကြောင်း” အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်လေး ပြောသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမဉ္ဇူသကခန်းမတွင်ဒီဇင်ဘာ ၂၈ရက် နံနက်၉ နာရီ၌ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်လေး ၊ဒေါက်တာမြင့်ကြည်တို့သည် လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့ အခွင့်အရေးကြေငြာစာတမ်း၊ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များ မြန်မာ နိုင်ငံ၏မူလလူ့အခွင့်အရေးနှင့်တာဝန်များအမျိုးသမီးများ အားနည်းမျိုးစုံဖြင့်အဆင့်အတန်းခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းထားရှိရခြင်းအကြောင်းအရာများနှင့် တိုင်တန်းချက်များ လက်ခံဆောင် ရွက်ခြင်း စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားဆွေးနွေးပါသည်။
  • ဆက်လက်၍အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဒေါက်တာမြင့်ကြည်မှကမ္ဘာ့လူ့ အခွင့်အရေးကြေငြာ စာတမ်းအကြောင်းကိုဆွေးနွေးပါသည်။
  • အဆိုပါဆွေးနွေးပွဲကိုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံ ပါတီအသီးသီးမှကိုယ်စားလှယ်များ ဌာန ဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖိတ်ကြားထားသောဧည့်သည်တော်များစုစုပေါင်း ၂၇၀ ဦးခန့်တက်ရောက်ပါသည်။
ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ