ဟိုပင်-မိုးညှင်းကြားပြည်ထောင်စုကားလမ်းမပေါ်ရှိလယ်မှီးဆည်တံတားအသစ် ပြန်လည်တည်ဆောက်
ဟိုပင်-မိုးညှင်းကြားပြည်ထောင်စုကားလမ်းမပေါ်ရှိလယ်မှီးဆည်တံတားအသစ် ပြန်လည်တည်ဆောက်
EPN
ဟိုပင် ဒီဇင်ဘာ၂၇
EPN
ဟိုပင် ဒီဇင်ဘာ၂၇
- ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့လယ်မှီး ကျေးရွာ၊ရွှေဘို-မြစ်ကြီးနာပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင် အမှတ်(၂၀၂/၃-၂၀၂/၄)လယ်မှီးဆည်တံတားကို အသစ်ပြန်လည်တည်ဆောက် လျက်ရှိရာ လာမည့် ၂၀၁၈ခုနှစ်မတ် လကုန် အပြီး တည်ဆောက်သွားမည် ဖြစ် ကြောင်း သိရသည် ။
- အဆိုပါ တံတားအားပြည်ထောင်စုဝန်ကြီးနှင့်ကချင်ပြည်နယ်အစိုးရတို့၏လမ်းညွှန်မှုဖြင့်၂၀၁၇-၁၀၁၈ဘဏ္ဍာရေး နှစ်ခွင့်ပြုကျပ်ငွေ ၄၇၀သန်း အကုန်အကျခံ တည်ဆောက်လျက်ရှိပြီး တံတားအရှည်မှာ ၁၄၀ပေ၊အကျယ်မှာ ယာဉ် အတွက်၂၄ပေ၊လူသွားလမ်းအတွက်တစ်ဘက်လျှင်(၃)ပေ၊ အမြင့်၆၈ပေရှိသောရေလည်တိုင်နှင့်ကမ်းကပ်ခုံ၊ယက်မနှင့် ကြမ်းခင်းတို့မှာသံကူကွန်ကရစ် အမျိုးအစား ဖြစ်ကြောင်းသိရသည်။
- ” ကချင်ပြည်နယ်မှာရှိတဲ့တံတားကြီးတွေအားလုံးလိုလိုRC တွေဖြစ်ကုန်ပြီးကျန်နေတဲ့တံတားကြီးတွေကို လည်းပြီး အောင်လုပ်တာပါလယ်မှီ တံတားလည်းတံတာကြီးထဲမှာပါတော့လူကြီးတွေရဲလမ်းညွှန်မှုနဲ့လာရောက်လုပ် ဆောင်တာပါ'' ဟု (မြို့ပြ)အငယ်တန်းအင်ဂျင်နီယာဦးအောင်သန်းဦးက ပြောသည်။
- လယ်မှီးတံတားအဟောင်းကိုအသုံးပြုခဲ့သည်မှာနှစ်ပေါင်းငါးဆယ်ကျော်လာပြီးတံတားဟောင်း၏ကြံ့ခိုင်မှုမှာလျှော့နည်းလာပြီဖြစ်သောကြောင့်ယခုလိုတံတားအသစ်လာ ရောက်တည်ဆောက်ပေးသည့်အတွက်ဒေသခံများ အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီးပြည်ထောင်စုဝန်ကြီးနှင့်ကချင်ပြည်နယ်အစိုးရကိုလည်းအထူးပင်ကျေးဇူး တင်ကြောင်း လယ်မှီးဒေသခံများကဆိုသည်။
- အဆိုပါတံတားတည်ဆောက်ပြီးစီးပါကကားကြီး၊ကားငယ်ခရီသွားပြည်သူများလွယ်လင့်တကူအန္တရာယ်ကင်းကင်းနှင့်သွား လာနိုင်မည်ဖြစ်ပြီး၊ မိုးညှင်းမြို့သို့ဈေးသွားဝယ်မည့် ဒေသခံများ၊ ရွှေဘို-မြစ်ကြီးနားသို့ ဖြတ်သန်းသွားလာ မည့် မော်တော်ယာဉ်ကြီးများအတွက် လျင်မြန်လွယ်ကူစွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။


Comments
Post a Comment