မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချ

မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချ
 
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၇

  • မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရသည့် အောင်မြင်သာကျေးရွာတွင်ရှိသော Twin Brothers ဝါးတူစက်ရုံမှ မြစ်ကြီးနားမြို့တွင်းသို့ နေ့စဉ် ဝါးတူအစုံ၂သောင်းခွဲခန့် တင်ပို့ရောင်းချဖြန့်ဖြူးနေကြောင်း အဆိုပါ စက်ရုံ၏တာဝန်ခံ မန်နေဂျာ ထံမှသိရသည်။
  • အဆိုပါစက်ရုံသည် ၂၀၁၅ခုနှစ်တွင်စတင်တည်ဆောက်ခြင်းဖြစ်ပြီး ယင်းနှစ်ကုန်ပိုင်းမှသာ ဝါးတူများကို ထုတ်လုပ်နိုင် ခဲ့၍ တူအကြမ်းမှ အချောထုတ်ပိုးပြီးသည့် အဆင့်အထိ ပြုလုပ်၍နေ့စဉ် မြစ်ကြီးနားမြို့တစ်ခုတည်း၌သာ ဝါးတူတစ်စုံကို ခြောက်ကျပ်ဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း ယင်းစက်ရုံမှ မန်နေဂျာဦးဆန်းအောင်ကပြောသည်။
  • ``ဖြန့်ချီတာကတော့ မြစ်ကြီးနားမြို့တွင်းပါပဲ ကျွန်တော်တို့ဆီက ဝါးတူတွေကို ဖယောင်းမသုံးဘဲ FDAက ခွင့်ပြု ထားတဲ့သဘာဝဆေးနဲ့ဘဲ ပေါင်းတာပါ ကျန်းမာရေးအရလည်း ကုန်ကြမ်းဝါးကိုပဲပေါင်းပြီးပြုတ်ပြီးတော့ သဘာဝလေနဲ့ပဲ လှမ်းတာပေါ့ ဘာမှChemical(ဓာတုဗေဒဆေးဝါး) မသုံးဘူးတချို့တွေကပိုးမတက်မှိုမတက်အောင်ဖယောင်းသုံးတယ်´´ဟု ၎င်းကပြောသည်။
  • အဆိုပါစက်ရုံတွင် အလုပ်သမားအဖြစ်အောင်မြင်သာရွာဒေသခံ (၁၃)ဦးကို ခန့်ထား၍ယခုဝါးတူစက်ရုံ တည်ဆောက်ခြင်းအားဖြင့် ဒေသခံများ၏ အလုပ်အကိုင်ရရှိစေရေးအတွက်လည်း အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။
  • ထို့အပြင်ယင်းစက်ရုံအတွက် လိုအပ်သောကုန်ကြမ်းဝါးများကို အောင်မြင်သာ ဒေသခံများထံမှ ဝယ်ယူ၍ူ ယင်းစက်ရုံကိုလည်းတိုးချဲ့လုပ်ဆောင်သွားရန်ရှိကြောင်းသိရသည်။
  • မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် ဝါးတူစက်ရုံပေါင်း ၅ရုံခန့်ရှိကြောင်း သိရပြီး ကချင်ပြည်နယ် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသည်။
မီးမီး


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ