Posts

Showing posts from February, 2018

ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ

Image
ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကုတင်၅၀၀ဆံ့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံအတွင်းရှိ အမျိုးသမီး သားဖွားဆောင်နှင့် ကလေးဖျားနာဆောင်ကို ယခုနှစ်အတွင်း တိုးချဲ့ရန်အစီအစဉ်မရှိသေး ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးထံမှ သိရသည်။ အဆိုပါဆေးရုံကြီး၏ သားဖွားမီးယပ်ဆောင်နှင့် ကလေးဖျားနာဆောင်များ၏  အခန်းများတွင် သတ်မှတ်ထားသည့် လူနာဦးရေထက် ကျော်လွန်များပြားနေသောကြောင့် ဆေးရုံလာတက်သည့် လူနာများမှာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည့်အကြောင်း မေးမြန်းရာမှ ထိုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။  ``၂၀၁၈ထဲတော့ တိုးနိုင်လောက်မှာ မဟုတ်သေးဘူး၊ ဒီဆေးရုံဝင်းထဲမှာ လေးထပ်ဆောင်အသစ်ဆောက်နေတာ အပေါ်ဆုံးထပ်က ခွဲစိတ်ခန်းပါတယ် အောက်ကလူနာဆောင်၊ ခွဲစိတ်ခန်းနဲ့ဆက်နွယ်တဲ့ လူနာဆောင်တွေပေါ့ ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေပေါ့ အဲ့ဒီဘက်က လေးထပ်အသစ်အဆောင်ပြီးသွားရင်တော့ ရွေ့လို့ရပြီ ဒီအဆောင် အဟောင်းဘက်က ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေ ၊လွတ်သွားတဲ့နေရာမှာ  ကလေးဆောင်တို့ သားဖွ...

ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး

Image
ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး EPN မိုးကောင်း၊ ဖေဖော်ဝါရီ ၁၂ အများသည် အသင်းအတွက်မဖြစ်စေရ အသင်းကသာလျှင် အများအတွက်ဖြစ်စေရမည် ဟူသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်တာဝန်ယူစဉ်ကာလက နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုပေး အပ်ရန်လျာထား ခြင်းခံခဲ့ရသည်။ ကချင်ပြည်နယ် မိုးကောင်းမြို့တွင်၂၀၀၄ ခုနှစ်၌"မိုးကောင်းနာရေးကူညီ မှုအသင်း"ဟူသော အမည်ဖြင့် စတင်ဖွဲ့စည်းပြီး၂၀၀၆ခုနှစ်၌"လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး အဖြစ်အမည်ပြောင်း၍ အလုပ်အမှုဆောင် (၂၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းကာနိုင်ငံတော်၏ လူမှုရေးလုပ်ငန်းများတွင် တဖက်တလမ်းမှကူညီဆောင်ရွက်နေသော အသင်းကြီးဖြစ်သည်။ မြို့ရွာဖွံ့ဖြိုးရေး အခမဲ့ပညာသင်ကြားရေး နိုင်ငံဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ နယ်မြေအပိုင်းအခြား သတ်မှတ်မထားဘဲအရေးပေါ်လူနာများ အချိန်မှီဆေးကုသနိုင်ရန် ပို့ဆောင်ပေးရေး ၊နာရေး လိုအပ်ချက် များကိုအခမဲ့ဆောင်ရွက်ရေးနှင့် ဘာသာရေး သာသနာရေး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်...

ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို

Image
ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂      ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်အတွင်းမှ ကေအိုင်အေမှ ဖမ်းဆီးထားသူ အားပြန်လွတ်ပေးရန်  မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တောင်းဆိုထားကြောင်း သိရှိရသည်။     ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ရက်နေ့ ညနေ ၃နာရီ အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်တွင် ကေအိုင်အေ တပ်ရင်း(၄)မှ တပ်သားသစ်စုဆောင်းခြင်းဖြင့် ဖမ်းဆီးသွားသူများအနက်မှ နောင်တာလောကျေးရွာ၊ ရပ်ကွက်(၃)နေ (ဘ)ဦးမျိုးအောင် (မိ) ဒေါ်ခင်ညိုတို့၏ သားဖြစ်သူ မောင်မျိုးလင်းဇော် ၊ အသက် (၂၅)နှစ်အား တပ်သားသစ်စုဆောင်းခြင်းမှ ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် တောင်းဆိုထားကြောင်းသိရသည်။ “သူတို့လက်နက်ကိုင် အချင်းချင်းတောင်မှ ပြန်လွတ်ပေးတာပဲ၊ ရှမ်းမျိုးနွယ်စုနဲ့ ကေအိုင်အေ ဆိုတာက ရန်သူတွေလည်း မဟုတ်ဘူး၊ ဒါကြောင့် ပြန်လွတ်ပေးဖို့တောင်းဆိုတာပါ”ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စ...

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

Image
မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက် EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ  ၉     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့်  အသွားအလာပြတ်တောက်နေပြီး လက်ရှိ    မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။     အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။     “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတဆင...

မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ

Image
မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ EPN မိုးကောင်း ဖေဖော်ဝါရီ ၉  မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးကြိုး ကီလိုမီတာ ၇၈၀၀ကျော် ကာလတန်ကြေး ကျပ်သိန်း ၃၀၀ကျော်ဖိုး ခိုးယူသူနှင့်လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သိရသည်။ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်ဆက်သွယ်ရေးကြိုးများ မကြာခဏ ခိုးယူခံ နေရသဖြင့် ပြည်သူများ၊  ဆက်သွယ်ရေးတာဝန်ရှိသူများ နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဖေဖေါ်ဝါရီ ၇ ရက်နေ့က ခိုးရာပါ ပစ္စည်းများနှင့် အတူရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာ ကျေးရွာအနီး၌ မိုးကောင်းမြို့နယ် အောင်ရှမ်းစုကျေးရွာနေ မျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ် တို့ကိုဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးအား  ဆက်လက်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော(၈)ရက် ခန့်က မိုးကောင်းမြို့ အရှေ့ရပ်နေ ဒေါ်ဌေးမြင့်ထံကြေးကြိုး(၂၅)ကျပ်သား ရောင်းချထားကြောင်းနှင့် အရှေ့ရပ်နေ ကိုတင့်နိုင်ဝင်း ထံရောင်းချရန် ကြေး...

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

Image
မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက် EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ  ၉     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့်  အသွားအလာပြတ်တောက်နေပြီး လက်ရှိ    မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။     အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။     “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတ...

ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း

Image
ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း   EPN ပန်ဝါ ဇန်နဝါရီ ၈ ကချင်ပြည်နယ် အထူးဒေသ(၁) ပန်ဝါမြို့တွင်ပထမဆုံးအကြိမ်  လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ပန်ဝါမြို့ စိန်ပေါလ် ကက်သစ်လစ် ဘုရားကျောင်း၌ပထမဆုံးအကြိမ် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ယမန်နေ့ နေ့လည်(၁)နာရီတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇခုန်ယိန်းဆောင် မှ မတည်ငွေအဖြစ် တရုတ်ငွေယွမ်(၂၅၀၀၀) လှူဒါန်းပေးရာ လာချိဒ်စာပေ/ ယဉ်ကျေးမှုမှ Doctor ဂျီယိန်ဘောမ်မှ လက်ခံရယူခဲ့သည်။ အဆိုပါ ဘုရားကျောင်းတွင် Doctor ဂလောင်ယိန်းဘောမ် နှင့် ဆရာမကျန်းဝမ် တို့မှ  ကက်သလစ်ဆုတောင်း မေတ္တာအား လာချိဒ်စာပေ/စကားဖြင့် သင်ကြားခြင်း၊ ဆုတောင်းခြင်း action sound များဖြင့် သင်ကြားနေခြင်းဖြစ် သည်။ " လာချိဒ်မျိုးနွယ်စု ဘာသာစကား/စာတွေကို ဒေသမှာရှိတဲ့ ပြည်သူတွေ သင်ကြားနိုင်အောင်နဲ့ လိုအပ်တဲ့ နေရာမှာ အသုံးပြုနိုင်အောင် မတည်ငွေအဖြစ်လှူဒါန်းခဲ့တာပါ "ဟု ချီဖွေမြ...

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

Image
    မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်   EPN မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြို့ကျက်သရေဆောင် ပြည်လုံးချမ်းသာ ရွှေသာ လျောင်းမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၈)ရက်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နံနက်(၆) နာရီ အချိန်၌ ဗုဒ္ဓါဘိသေက မင်္ဂလာပွဲကို မြို့ပေါ်ကျောင်းတိုက်(၂၃)ကျောင်းမှ ဆရာတော်ကြီးများ သံဃာတော်များအပါး (၃၀)ပါး ကြွရောက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။ ထို့နောက် မွန်းလွှဲ(၁)နာရီအချိန်တွင် ရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ရွှေသာ လျောင်းမြတ်စွာဘုရား အာရုဏ်ခံ တန်ဆောင်းအတွင်း၌ ကျင်းပရာ ကြွရောက်လာသော ဆရာတော် သံဃာတော် များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ     သုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယက ဥက္ကဌ နမ္မတီးမြို့၊ မြို့သစ်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ သာသနာရေးရာများကို လျောက်ထားပြီး ရွှေသာလျောင်းမြတ်စွာဘုရာြး...

ရှင်ဗွေယန်မြို့တွင် ဒေသတွင်းဖွံ့ရေးလုပ်ငန်းများလုပ်ဆောင်နေ

Image
ရှင်ဗွေယန်မြို့တွင် ဒေသတွင်းဖွံ့ရေးလုပ်ငန်းများလုပ်ဆောင်နေ   EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရှဗွေယန်မြို့တွင် မြို့တွင်းလမ်းနှင့် ရပ်ကွက်များရှိလမ်းများ၊ တံတားများဆောက်လုပ်နေခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရှိရသည်။ အဆိုပါဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်န၀ါရီလကစတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ အစိုးရဘတ်ဂျတ်ငွေဖြင့် လုပ်ဆောင်နေကြောင်း တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ထံမှသိရသည်။ “ကျွန်တော်တို့ဒီလုပ်ငန်းကို ၂၀၁၇-၂၀၁၈ အစိုးရဘတ်ဂျတ်နဲ့လုပ်တာပါ၊ (န.တ.လ)ရံပုံငွေအနေဖြင့် လမ်း အရှည်ပေ၂၀၇၀ဖိုး ကုန်ကျခံထားပါတယ်၊ စည်ပင်ရန်ပုံငွေက သိန်း(၁၅၀၀) ကုန်ကျခံထားတယ် ပြီးတော့ ကျွန်တော် တို့ လွှတ်တော်ရံပုံငွေကိုလည်း (၄)ရပ်ကွက်စလုံးမှာ အသုံးပြုထားပါတယ် "ဟု တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောသည်။ ရှင်ဗွေယန်မြို့တွင် ရပ်ကွက်စုစုပေါး(၄)ရပ်ကွက်ရှိရာ ယခင်မြေသားသက်သက်လမ်းများအပေါ် ကျောက်ချော ခင်းခြင်း၊ ကွန်ဂရက်လောင်းခြင်းလုပ်ငန်းများကို ယင်းဒေသခံပြည်သူများ၏ နေ့စားလုပ်အားဖြင့်...

ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ

Image
                              ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ   EPN မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာမှ ဆက်သွယ်ရေးကြိုးများ ခိုးယူနေသူကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်ဖေဖေါ်ဝါရီ (၇)ရက်၊ ည(၇)နာရီခန့်က နယ်မြေလှည့်ကင်း ဆောင်ရွက် နေစဉ် ရွှေဘို၊ မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာကျေးရွာအနီး၌ KENBO အစိမ်းရောင်ဖြင့် ပီနန်အိတ်နှင့် ထည့်ထားသော အထုတ်တစ်ထုပ်ကို ဂွကြားညှပ်လျှက် လူငယ်နှစ်ဦးရပ်နေသည်ကို မသင်္ကာသဖြင့် စစ်ဆေးရာ အဆိုပါပီနန်အိတ်အတွင်း ဆက်သွယ်ရေးကြိုးဟု ယူဆရသော အနက်ရောင်ကာဗာပါပေ ၁၅၀ခန့် အရှည်ရှိ ကြိုးခွေ(၃)ခွေနှင့် ဝါးရိုးတပ်ဓါးမတစ်ချောင်းကို တွေ့ရှိသဖြင့် စစ်မေးရာ ၎င်းတို့နှစ်ဦးမှာ မိုးကောင်းမြို့နယ်၊ အောင်ရှမ်းစု ကျေးရွာ နေမျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ်ဟု သိရှိရပြီး တစ်နေရာမှ ခိုးယူလာ သည်ဟု ယူဆသဖြင့် သက်သေများရှေ့တွင်...

ကျောင်းပြန်တက်ရန် သူငယ်ချင်းများနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်မည်ဟု သင်တန်းရပ်စဲခံရသည့် မိုးညှင်းဒီဂရီကောလိပ်ကျောင်းသူတစ်ဦး ပြောဆို

Image
ကျောင်းပြန်တက်ရန် သူငယ်ချင်းများနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်မည်ဟု သင်တန်းရပ်စဲခံရသည့် မိုးညှင်းဒီဂရီကောလိပ်ကျောင်းသူတစ်ဦး ပြောဆို   EPN မိုးညှင်း၊ ဖေဖော်ဝါရီ ၈ ယခုပညာသင်နှစ်တွင် ရတနာပုံတက္ကသိုလ် လေးထပ်ဆောင်ရှေ့နှင့် ကျောင်းဝင်းအတွင်း စာသင်ခန်းများတွင် ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် သင်တန်းမှ ရပ်စဲခြင်းခံရသည့် မိုးညှင်းဒီဂရီကောလိပ်မှကျောင်းသူတစ်ဦးက ကျောင်းပြန်တက်ရန်အတွက် သူငယ်ချင်းများနှင့် တိုင်ပင်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟု ဆိုသည်။ ''ကျောင်းဆက်တက်မတက်ဆိုတာ ကျွန်မတစ်ယောက်ထဲ ဆုံးဖြတ်လို့မရဘူး၊ ကျန်တဲ့ (၃) ယောက်ကို မေးကြည့်ရဦးမယ်၊ အစိုးရကကျောင်းဆက်တက်ဖို့ အခွင့်အရေးပေးတယ်ဆိုပေမဲ့ ကျွန်မတို့ဘက်ကလည်းစောင့်ကြည့်စရာတွေရှိပါတယ်၊ အားလုံး (၇၂) ယောက် ပြန်ပို့တဲ့အထဲမှာ ၅၆ ယောက်ပဲ ကျောင်းထုတ်ခံရတယ်l ကျန်တဲ့ (၁၆) ယောက်ကို ဘာလို့မထုတ်တာလည်းကိုကျွန်မတို့ သိချင်တယ်'' ဟုတတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသူ မြတ်နိုးဝေ ကပြောသည်။ မမြတ်နိုးဝေအပါအဝင် ကျောင်းသားကျောင်းသူ (၄) ယောက်တို့အား တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြစ်မှု၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုနှင့် ကျေ...
Image
ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက် EPN ဖီမော်၊ ဇန်နဝါရီ ၇ ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၊ ထန်းဒုံကျေးရွာနှင့် ဂလန်ကျေးရွာအထိလျှပ်စစ်မီးရရှိရေးအတွက် ဇန်နဝါရီ ၄ ရက်နေ့ မှစ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အကုန်းအကျခံဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်မီးလင်းရေးအတွက် ဇန်နဝါရီ(၄)ရက်နေ့ မှစ၍လူအင်းအား(၁၀)ယောက်ကျော်ဖြင့် ဆန်းလင်း အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေပြီး ကုန်ကျစရိတ်အားလုံးကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဇခုန်ယိန်းဆောင်က အကုန်အကျခံဆောင်ရွက်ပေးခြင်းဖြစ်သည်။ "  ဒီဒေသဟာ အလွန်ဝေလံခေါင်းဖျားပြီး ဒေသဖွံ့ဖြိုးရေး နောက်ကျနေတဲ့ဒေသပါ။ ဒေသခံပြည်သူတွေဟာ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ အရှိကိုအရှိအတိုင်းပြောတတ်တယ်၊ အဲအပေါ်မှာ ကိုယ်ချင်းလဲစားတယ် ဒါကြောင့် ဒေသခံပြည်သူတွေ လျှပ်စစ်မီးအသုံးပြုလို့ရအောင်လို့ ကျွန်တော်ကိုယ်ပိုင်ငွေနဲ့ပဲ အကုန်အကျခံ ဆောင်ရွက်ပေးနေ တာပါ " ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ကပြောသည်။ ထန်းဒုံကျေးရွာနှင့်ဂလန်ကျေးရွာ ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြု...
Image
     ဖမ်းဆီးထားသောလီဆူ၂၁ဦးအား အမြန်ဆုံးမလွှတ်ပေးပါက ဆန္ဒဖော်ထုတ်သွားမည်ဟုပြော   EPN မြစ်ကြီးနား ဖေဖော်ဝါရီ ၇ ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို သွားလမ်းအတွင်းတွင် ကေအိုင်အို/ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသော လီဆူ ၂၁ ဦးနှင့် ဒေသခံများအား အမြန်ဆုံးပြန်လွှတ်ပေးခြင်းမရှိပါက ဆန္ဒဖော်ထုတ်သွားမည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ သိရသည်။ ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့သည် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန် ကျေးရွာအနီးရှိ ဆွမ်ပရာဘွမ် ပြည်ထောင်စုလမ်းမကြီးပေါ်မှလီဆူ (၁၉) ဦးနှင့် မေခမြစ်ကြောင်းတစ်လျှောက်ရှိ သဲဝိုင်ရွာမှ လီဆူနှစ်ဦး တို့အား ဇန်နဝါရီ၂၈ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ သိရသည်။  “တရားဝင် ထုတ်ပြန်စာကို စာတိုက်ကနေ ပို့ထားပါတယ်ကျွန်တော်တို့က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ အတွက် ဒီလိုအဖမ်းခံရတာကို သဘောထားတင်ပြတောင်းဆိုမယ် စာနဲ့ပါးစပ်နဲ့ အလုပ်လုပ်တာပေါ့ဗျာ နိုင်ငံရေး စားပွဲပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ဒီတိုင်း ပြည်သူအတွက်၊ အမျိုးသားရေးအတွက် ကြည့်ပြီးတောင်းဆို...
Image
KIA မှ မြစ်ကြီးနားနှင့် ပူတာအိုကြား တံတားဖျက်တောက်ခဲ့မှုနှင့် ပတ်သက်၍ အမြန်ဆုံးေ ဆာင်ရွက်ပေး ရန် ပြည်နယ်လွှတ်တော်သို့ အရေးကြီးအဆိုတင်   EPN မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၇ ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကြားလမ်းပိုင်းရှိ တံတားများဖျက်ဆီးခဲ့သည့်နောက် ပူတာအိုဒေသအတွင်း ကုန်ဈေးနှုန်းများမြှင့်တက်ခဲ့သည့်အတွက် ယင်းလမ်းပိုင်းကို အမြန်ဆုံးပြုပြင်တည်ဆောက် ပေးရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုးကြီးအဆိုကို ကချင်ပြည်နယ် လွှတ်တော်သို့ ယနေ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့က ပူတာအိုမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပြတ်တောက်မှုကြောင့် လက်ရှိ ပူတာအိုမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စက်သုံး ဆီနှင့် အခြားသော ကုန်ဈေးနုန်းမြှင့်တက်ခြင်းများဖြင့် ကြုံတွေ့နေရကြောင်း၊ ထို့အတွက် ကာလကြာသည် နှင့်အမျှ ဒေသခံပြည်သူလူထုအတွက် များစွာအခက်အခဲများနှင့် ကြုံတွေ့လာနိုင်သည့်အတွက် အရေးကြီးအဆိုကို တင်သွင်း ရခြင်းဖြစ်ကြောင်း အဆိုရှင် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က ပြောသည်။ “ အဆိုပါ လမ်းပိုင်းဖျက်...
Image
         ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်   EPN မိုးကောင်း၊ ဖေဖေါ်ဝါရီ ၇ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရွှေသာလျောင်းဘုရားဝင်းတွင် ဖေဖေါ်ဝါရီ ၈ ရက်နေ့မှ ၁၅ရက်နေ့ထိ ရွှေသာလျောင်းမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဆယ့်နှစ်ပွဲဈေးသည် များ လာရောက်၍ ဆိုင်ခန်းများကို ခင်းကျင်းနေပြီဖြစ်သည်။ ရုံပိတ်ပွဲဖြစ်သော"ပွဲတိုင်းကျော်"မန္တလေးဇာတ်ပွဲကို ဖေဖေါ်ဝါရီ၁၀ရက်နေ့မှ စတင်ကပြမည်ဖြစ်ပြီး ဗလာပွဲတွင် "ခိုင်သစ္စာ"ဇာတ်ဖြင့် မိုးအလင်း ကပြအသုံးတော်ခံမည်ဖြစ်သည်။ "ပွဲတိုင်းကျော်"ဇာတ်နဲ့အတူ အဆိုတော်အနုပညာရှင်များဖြစ်တဲ့ ဂျီပက်၊စည်သူပလပ်ကျွတ်၊ ဖြူဖြူထွေး တို့လဲပါဝင်ပါတယ်။ ယနေ့ခေတ်ပေါ်လူကြိုက်များတဲ့ အဆိုတော်အနုပညာရှင်တွေကိုလည်း ချိတ်ထားပါတယ်၊ ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာဖြစ်အောင် ကြိုးစားနေပါတယ်"ဟု ပွဲကန်ထရိုက် ဦးမြင့်အောင်မှ ဆိုသည်။ အဆိုပါ ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ စည်ကား သိုက်မြိုက်စွာကျင်းပပြီး ပွဲတော်တွင် မဟာဒုတ် ကံစမ်းမဲကိုလည်း ထည့်...
Image
        မိုးညှင်းမြို့တွင် ယာဉ်မောင်းလိုင်စင်လျှောက်ထားသူများ ယခင်ကထက် ပိုများလာ   EPN မိုးညှင်း၊ ဖေဖေါ်ဝါရီ  ၇ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများယခင်ကထက်ပိုများလာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံးမှ သိရသည်။ ''ကျွန်တော်တို့ဆီမှာ ယာဉ်မောင်းလိုင်စင် လာလျှောက်သူတွေ အရင်ကထက်ပိုပြီးများလာပါတယ် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းတွေကို ပိုကြပ်မတ်လာတာကြောင့်ရယ် လိုင်စင်ရှိမှဆိုတဲ့ အသိလေးဝင်လာတာကြောင့်ရယ် နိုင်ငံတစ်ဝှမ်းစီးနင်းခွင့်ရှိတယ်ဆိုတာတွေကြောင့် ပိုများလာတယ်လို့ ယူဆရပါတယ်''ဟုအဆိုပါဌာနမှ စစ်ဆေးရေးမှူး ( ၂ )ဦးအောင်ဌေးက ဆိုသည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများသည် ဌာနမှပို့ချသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းကိုရက်တိုတက်ရောက်သင်ယူရသည်ဟုသိရသည်။ ''ဆိုင်ကယ်မောင်းဖို့ (က) လိုင်စင်လာလုပ်တာပါ သင်တန်းတက်ရတော့ အရင်က နားမလည်တဲ့ Road Signအမှတ်အသားတွေက ဘာကိုညွှန်ထားတယ်ဆိုတာသိလာရတယ် ပြီးတော့ လမ်းညွှန်အမှတ်အသားတွေမှာ အဝါရောင်က အန္တရာယ်၊ အနီရောင်က ...

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

Image
        မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ   EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇ မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား(၃)ဦးအား ရမာန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့ရှိ မြို့မရဲစခန်းမှ သိရသည်။ ဇန်န၀ါရီ ၂၃ရက်ညနေ ၃နာရီကျော် အဆိုပါဘဏ်ရှိ ဝန်ထမ်းများမှာငွေသိမ်းရန် ရေတွက်နေချိန်တွင် ဘဏ်အတွင်းသို့  အမည်မသိ လူငယ်၎ဦးမှ မျက်နှာအကာပါ ဆိုင်ကယ်စီးဦးထုတ်ဆောင်းလျှက် တုတ်၊ ဓားလက် နက်များ ကိုင်ဆောင်၍ ဝင်ရောက်လာကာ ဝန်ထမ်းများကို ရန်ပြု၍ ငွေကျပ်သိန်း(၉၂၀)နှင့် ဘဏ်အတွင်းထားရှိသည့် CCTV စက်ကိုပါ ယူဆောင်သွားသည့် လုယက်မှုကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းတွင် အမှုအမှတ်(ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄(လုယက်မှု) အရအဆိုပါဘဏ်၏ မန်နေဂျာမှ အမှုရေး ဖွင့်ထားကြောင်း သိရသည်။ “ဘဏ်လုယက်မှုအတွက် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ကပဲ မသင်္ကာတဲ့ အမျိုးသား ၃ယောက်ကို ရမာန်(ချုပ်မိန့်)ယူပြီး စစ်ဆေးနေပါတယ်”ဟု မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှ တပ်ကြပ် ကိုသက်နိုင် ကပြောသည်။ အဆိုပါ...

ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို ယခုလတွင် မြစ်ကြီးနားမြို့၌ အတည်ပြုဖွဲ့စည်းမည်

Image
ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို ယခုလတွင် မြစ်ကြီးနားမြို့၌ အတည်ပြုဖွဲ့စည်းမည် EPN မြစ်ကြီးနား ဖေဖော်ဝါရီ ၂ ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို အတည်ပြုဖွဲ့စည်းနိုင်ရေးအတွက် ဖေဖော်ဝါရီလတွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်အတွင်းရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို အထည်ပြုဖွဲ့စည်းနိုင်ရေးအတွက် ပထမအကြိမ်တွင် ဖားကန့်မြို့နယ် ကုဋေမှော်တွင် အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီးဒုတိယအကြိမ်ဆွေးနွေးပွဲ ကော်မတီဖွဲ့စည်းပုံမူကြမ်း ဆရာတော် အမည်များကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က သြဝါဒစရိယ ဆရာတော်များအပါအဝင် သံဃာ ၃၅ ပါးနှင့် လူဦးရေ ၅၀ ကျော် တက်ရောက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ “ကော်မတီဖွဲ့စည်းနိုင်ရေးအတွက်ဆွေးနွေးပွဲမူကြမ်းကို နှစ်ကြိမ်ကျင်းပပြီးတော့ ဒီလ၁၀ရက်နေ့ အတည်ပြု ဖွဲ့စည်းသွားမှာပါ ကချင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ဗုဒ္ဓသာသနာတော် အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီကော်မတီကိုဖွဲ့စည်းခဲ့တာပါ”ဟု ဓမ္မစကူးလ် သင်ကြားရေး နည်းစနစ် ပို...

မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်လှစ်

Image
မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်လှစ် EPN မိုးကောင်း ဖေဖေါ်ဝါရီ ၂ ပုဂ္ဂလိကဘဏ်များ၊ စက်သုံးဆီဆိုင်ကြီးများ မြို့မဈေးမှဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အရန်မီးသတ်တပ်ရင်းရုံးတွင် ဖေဖေါ်ဝါရီ(၂)ရက် နံနက်၁၀နာရီအချိန်က မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ကို ဖွင့်လှစ်ရာ ပုဂ္ဂလိကဘဏ်များ၊ စက်သုံးဆီဆိုင်ကြီးများ မြို့မဈေးမှဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် အခြေခံမီးငြိမ်းသတ်နည်း မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးသတ်ပစ္စည်းကိရိယာများအကြောင်း မီးသတ်ဆေးဘူး အသုံးပြုနည်း၊ ပိုက်လိပ်ပိုက်ခေါင်းကောက်နည်း၊ ချနည်း၊ ဖြန့်နည်း၊ မီးသတ်စက်ကလး၊ စက်ကြီး လေ့ကျင့်ခန်းများကို သင်ကြားပို့ချမည်ဖြစ်ကာ ဖွင့်ပွဲတွင် မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်မှ အဖွင့်အမှာစကားပြောကြား၍ မီးသတ်ဒုဦးစီးမှူးချမ်းငြိမ်းသူနှင့် မြို့နယ်မီးသတ်အရန် ဒု-တပ်ရင်းမှူးဦးဆိုင်းနော်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်ကိုရှင်းလင်...