မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်
မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၉
- ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့် အသွားအလာပြတ်တောက်နေပြီး လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။
- အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။
- “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတဆင့် ဖောက်သည် ယူပြီးရောင်းနေကြတယ်” ဟု ဒေါ်အားချာ ကပြောသည်။
- ယခင်လမ်းတံတား မပြတ်တောက်ချိန်တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ဂရိတ်ဖရုသီး ဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ် နှင့်အသေး၊ အလတ်တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၃၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း ဂရိတ်ဖရုသီးသည် ဒေါ်အာနင် ကပြောသည်။
- “လမ်းပျက်သွားလို့ သစ်သီးဈေးတက်တာပါ။ အရင်လမ်းမပျက်ချိန်ကတော့ အကြီးဆို (၅၀၀)၊ အလတ်ဆို (၄၀၀)၊ အသေးဆို (၃၀၀)ပဲ ရှိပါတယ်။ အခု (၁၀၀)ကနေ (၂၀၀)အထိဈေးတက်ပါတယ်။”ဟု ဒေါ်အာနင် ကပြော သည်။
- ထိုကဲ့သို့ မြစ်ကြီနား-ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် ဂရိတ်ဖရုသီးရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုနေရသည့် မိသားစုဝင်များ အနေဖြင့် ယင်းကဲ့သို့ ကားလမ်းဖြတ်တောက်မှု အချိန်ကြာမြင့်ပါက စားဝတ်နေရေးပါ ခက်ခဲလာမည်ကို စိုးရိမ်နေကြကြောင်း ယင်းအသီးရောင်းဝယ်သူများထံမှ သိရသည်။
- ကချင်ပြည်နယ် ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်း မိုင်တိုင် (၁၁၁)နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံတောင် ဘေလီတံတားနှင့် ၎င်းတံတားမှ ၁မိုင်အကွာရှိ သံတောင်တေလီအမှတ် (၁/၁၁၀) ကို ဇန်နဝါရီ ၂၈ရက်နေ့က ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေအဖွဲ့မှ မီးရှို့ဖျတ်ဆီးခဲ့ကြောင်း ၊ ယင်းလမ်းပိုင်းပြတ်တောက်မှု့ကြောင့် ပူတာအိုမြို့တွင်းနှင့် အနီးတဝိုက်ရှိ ဒေသများတွင် ဓာတ်ဆီနှင့် ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရသည်။
Comments
Post a Comment