ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို
ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂
- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်အတွင်းမှ ကေအိုင်အေမှ ဖမ်းဆီးထားသူ အားပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တောင်းဆိုထားကြောင်း သိရှိရသည်။
- ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ရက်နေ့ ညနေ ၃နာရီ အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်တွင် ကေအိုင်အေ တပ်ရင်း(၄)မှ တပ်သားသစ်စုဆောင်းခြင်းဖြင့် ဖမ်းဆီးသွားသူများအနက်မှ နောင်တာလောကျေးရွာ၊ ရပ်ကွက်(၃)နေ (ဘ)ဦးမျိုးအောင် (မိ) ဒေါ်ခင်ညိုတို့၏ သားဖြစ်သူ မောင်မျိုးလင်းဇော် ၊ အသက် (၂၅)နှစ်အား တပ်သားသစ်စုဆောင်းခြင်းမှ ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် တောင်းဆိုထားကြောင်းသိရသည်။
- “သူတို့လက်နက်ကိုင် အချင်းချင်းတောင်မှ ပြန်လွတ်ပေးတာပဲ၊ ရှမ်းမျိုးနွယ်စုနဲ့ ကေအိုင်အေ ဆိုတာက ရန်သူတွေလည်း မဟုတ်ဘူး၊ ဒါကြောင့် ပြန်လွတ်ပေးဖို့တောင်းဆိုတာပါ”ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့မှ အတွင်းရေးမှူး ဦးစိုင်းထွန်းရင် ကပြောသည်။
- အဆိုပါ တောင်ဆိုစာအား မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက် မနောကွင်း ရှေ့ရှိ Technical Advis Team တာဝန်ခံ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ၊ PCGရုံး မြစ်ကြီးနားအား ညှိနှိုင်းဆောင်ရွက်ပေးပါရန် ပေးပို့တောင်းဆိုထားကြောင်းသိရှိရသည်။
Comments
Post a Comment