မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ  ၉
  •     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့်  အသွားအလာပြတ်တောက်နေပြီး လက်ရှိ    မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။
  •     အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။
  •     “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတဆင့် ဖောက်သည် ယူပြီးရောင်းနေကြတယ်” ဟု ဒေါ်အားချာ ကပြောသည်။
  •     ယခင်လမ်းတံတား မပြတ်တောက်ချိန်တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ဂရိတ်ဖရုသီး ဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ် နှင့်အသေး၊ အလတ်တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၃၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း ဂရိတ်ဖရုသီးသည် ဒေါ်အာနင် ကပြောသည်။
  • “လမ်းပျက်သွားလို့ သစ်သီးဈေးတက်တာပါ။ အရင်လမ်းမပျက်ချိန်ကတော့ အကြီးဆို (၅၀၀)၊ အလတ်ဆို (၄၀၀)၊ အသေးဆို (၃၀၀)ပဲ ရှိပါတယ်။ အခု (၁၀၀)ကနေ (၂၀၀)အထိဈေးတက်ပါတယ်။”ဟု ဒေါ်အာနင် ကပြော သည်။
  •     ထိုကဲ့သို့ မြစ်ကြီနား-ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် ဂရိတ်ဖရုသီးရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုနေရသည့် မိသားစုဝင်များ အနေဖြင့် ယင်းကဲ့သို့ ကားလမ်းဖြတ်တောက်မှု အချိန်ကြာမြင့်ပါက စားဝတ်နေရေးပါ ခက်ခဲလာမည်ကို စိုးရိမ်နေကြကြောင်း ယင်းအသီးရောင်းဝယ်သူများထံမှ သိရသည်။
  •     ကချင်ပြည်နယ် ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်း မိုင်တိုင် (၁၁၁)နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံတောင် ဘေလီတံတားနှင့် ၎င်းတံတားမှ ၁မိုင်အကွာရှိ သံတောင်တေလီအမှတ် (၁/၁၁၀) ကို ဇန်နဝါရီ ၂၈ရက်နေ့က ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေအဖွဲ့မှ မီးရှို့ဖျတ်ဆီးခဲ့ကြောင်း ၊ ယင်းလမ်းပိုင်းပြတ်တောက်မှု့ကြောင့် ပူတာအိုမြို့တွင်းနှင့် အနီးတဝိုက်ရှိ ဒေသများတွင် ဓာတ်ဆီနှင့် ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရသည်။
                                                       လွမ်းအောင်


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ