ဖမ်းဆီးထားသောလီဆူ၂၁ဦးအား အမြန်ဆုံးမလွှတ်ပေးပါက ဆန္ဒဖော်ထုတ်သွားမည်ဟုပြော
 
EPN
မြစ်ကြီးနား ဖေဖော်ဝါရီ ၇

  • ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို သွားလမ်းအတွင်းတွင် ကေအိုင်အို/ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသော လီဆူ ၂၁ ဦးနှင့် ဒေသခံများအား အမြန်ဆုံးပြန်လွှတ်ပေးခြင်းမရှိပါက ဆန္ဒဖော်ထုတ်သွားမည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ သိရသည်။
  • ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့သည် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန် ကျေးရွာအနီးရှိ ဆွမ်ပရာဘွမ် ပြည်ထောင်စုလမ်းမကြီးပေါ်မှလီဆူ (၁၉) ဦးနှင့် မေခမြစ်ကြောင်းတစ်လျှောက်ရှိ သဲဝိုင်ရွာမှ လီဆူနှစ်ဦး တို့အား ဇန်နဝါရီ၂၈ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ သိရသည်။
  •  “တရားဝင် ထုတ်ပြန်စာကို စာတိုက်ကနေ ပို့ထားပါတယ်ကျွန်တော်တို့က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ အတွက် ဒီလိုအဖမ်းခံရတာကို သဘောထားတင်ပြတောင်းဆိုမယ် စာနဲ့ပါးစပ်နဲ့ အလုပ်လုပ်တာပေါ့ဗျာ နိုင်ငံရေး စားပွဲပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ဒီတိုင်း ပြည်သူအတွက်၊ အမျိုးသားရေးအတွက် ကြည့်ပြီးတောင်းဆိုမယ် မရရင်ဆန္ဒဖော်ထုတ်မယ် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဒါပြည်သူအနေနဲ့ မိမိဆန္ဒသဘောအလျှောက် ဝင်ရောက်တာကို ကျွန်တော်တို့ ဘာမှအတွန့်တက်၊တက်ပြီးပြောစရာမရှိပါဘူး ဒါပေမယ့် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တာတို့ အတင်းအဓမ္မလူသစ်စုဆောင်း စစ်သားလုပ်ခိုင်းပြီး ရှေ့တန်းမှာအသေခံတိုက်ခိုင်းတာတို့နောက်ပြီး ဖမ်းဆီးခေါ်ဆောင်တာ အကြောင်းပြပြီး ငွေညစ်တောင်းယူပြီး မတော်မတရားလုပ်တာတွေကို ကန့်ကွက်ရှုတ်ချပါ တယ်”ဟုလီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)မှ ဥက္ကဌ ဦးရွှေမင်း ကပြောသည်။
  • အဆိုပါ ဖမ်းဆီးထားသော လီဆူ၂၁ဦးအား အမြန်ဆုံးလွှတ်ပေးရန်နှင့် အခြားဒေသခံများအား တပ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ကိုကန့်ကွက်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က ကြေငြာချက်အမှတ် (၁/၂၀၁၈)နှင့် ဖေဖော်ဝါရီလ ၅ရက်နေ့က သဘောထားကြေငြာချက်ထုတ်ပြန်ထားသည်။
  • ထိုထုတ်ပြန်ကြေငြာချက်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ၊ KIA၊ KIO၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဌာန များသို့ထုတ်ပြန်ချက်စာ တရားဝင်ပေးပို့ထားကြောင်း သိရသည်။
  • ဖမ်းဆီးခံရသူများတွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နေ အမျိုးသား (၁၂)ဦး၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ ကျေးရွာနေသူ အမျိုးသား (၂)ဦး၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနေ (၂)ဦး၊ ပူတာအိုမြို့နေ အမျိုးသား (၅)ဦး တို့ဖြစ်ကြောင်း သိရသည်။
  • ဇန်နဝါရီ ၂၈ရက် တွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုမြို့များ ဆက်သွယ်ပေးထားသော ပြည်ထောင်စု လမ်းမကြီးပေါ်မှ မိုင်တိုင်(၁၁၁)နေရာရှိ ဇနန်သံပေါင်ဘေလီတံတားနှင့် မိုင်တိုင်(၁၁ဝ)နေရာရှိ စီနင်ခချောင်း ကူးတံတားနှစ်စင်းကို ကေအိုင်အို၊ ကေအိုင်အေမှ  ဖျက်ဆီးလိုက်ခြင်းကြောင့် ပူတာအိုခရိုင် တစ်ခုလုံးတွင် လမ်း ပန်းဆက်သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာများပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် ပြည်သူများ လူမှုဘဝ အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

                                 မီးမီး




Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ