ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ
ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈
- နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာမှ ဆက်သွယ်ရေးကြိုးများ ခိုးယူနေသူကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
- ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်ဖေဖေါ်ဝါရီ (၇)ရက်၊ ည(၇)နာရီခန့်က နယ်မြေလှည့်ကင်း ဆောင်ရွက် နေစဉ် ရွှေဘို၊ မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာကျေးရွာအနီး၌ KENBO အစိမ်းရောင်ဖြင့် ပီနန်အိတ်နှင့် ထည့်ထားသော အထုတ်တစ်ထုပ်ကို ဂွကြားညှပ်လျှက် လူငယ်နှစ်ဦးရပ်နေသည်ကို မသင်္ကာသဖြင့် စစ်ဆေးရာ အဆိုပါပီနန်အိတ်အတွင်း ဆက်သွယ်ရေးကြိုးဟု ယူဆရသော အနက်ရောင်ကာဗာပါပေ ၁၅၀ခန့် အရှည်ရှိ ကြိုးခွေ(၃)ခွေနှင့် ဝါးရိုးတပ်ဓါးမတစ်ချောင်းကို တွေ့ရှိသဖြင့် စစ်မေးရာ ၎င်းတို့နှစ်ဦးမှာ မိုးကောင်းမြို့နယ်၊ အောင်ရှမ်းစု ကျေးရွာ နေမျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ်ဟု သိရှိရပြီး တစ်နေရာမှ ခိုးယူလာ သည်ဟု ယူဆသဖြင့် သက်သေများရှေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ဆက်သွယ်ရေးကြိုးများခိုးယူသူ မျိုးထက်(ခ)သားငယ် (၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ်ကို မိုးကောင်း၊ မြို့မရဲစခန်းမှ (ပ)၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉/ကျင့်-၅၄ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။


Comments
Post a Comment