ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို ယခုလတွင် မြစ်ကြီးနားမြို့၌ အတည်ပြုဖွဲ့စည်းမည်
ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို ယခုလတွင် မြစ်ကြီးနားမြို့၌ အတည်ပြုဖွဲ့စည်းမည်
EPN
မြစ်ကြီးနား ဖေဖော်ဝါရီ ၂
- ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို အတည်ပြုဖွဲ့စည်းနိုင်ရေးအတွက် ဖေဖော်ဝါရီလတွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်အတွင်းရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
- ကချင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီကို အထည်ပြုဖွဲ့စည်းနိုင်ရေးအတွက် ပထမအကြိမ်တွင် ဖားကန့်မြို့နယ် ကုဋေမှော်တွင် အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီးဒုတိယအကြိမ်ဆွေးနွေးပွဲ ကော်မတီဖွဲ့စည်းပုံမူကြမ်း ဆရာတော် အမည်များကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က သြဝါဒစရိယ ဆရာတော်များအပါအဝင် သံဃာ ၃၅ ပါးနှင့် လူဦးရေ ၅၀ ကျော် တက်ရောက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
- “ကော်မတီဖွဲ့စည်းနိုင်ရေးအတွက်ဆွေးနွေးပွဲမူကြမ်းကို နှစ်ကြိမ်ကျင်းပပြီးတော့ ဒီလ၁၀ရက်နေ့ အတည်ပြု ဖွဲ့စည်းသွားမှာပါ ကချင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ဗုဒ္ဓသာသနာတော် အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီကော်မတီကိုဖွဲ့စည်းခဲ့တာပါ”ဟု ဓမ္မစကူးလ် သင်ကြားရေး နည်းစနစ် ပိုင်းဆိုင်ရာနည်းပြ ကချင်ပြည်နယ် ကိုယ်စားပြု ဒေါ်ပြုံးပြုံးဌေး ကပြောသည်။
- ကော်မတီဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်၊ မဖွင့်လှစ်ရသေးသည့် မြို့နယ၊်ကျောင်းများတွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရန်၊ ဓမ္မစကူးသင်တန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်းသိရသည်။
- “မိဘတွေက စီးပွားရေးလုပ်နေကြရတော့ ကလေးငယ်တွေဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘုရားကျောင်း ကန်တွေသွားဖို့ အားနည်းလာတယ် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ ဓမ္မစကူးလ် ဆရာ/ဆရာမတွေက ဒီ့ထက်ပိုပြီး ဖြစ်အောင်ကြိုးစားကြပါ ဖြစ်လဲဖြစ်သင့်ပါတယ်”ဟု မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာက ဒုတိယအကြီမ် ဆွေးနွေးပွဲ၌ မိန့်ကြားသည်။
- ယခုလက်ရှိတွင် မြစ်ကြီးနားမြို့နယ်အတွင်း ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါသဝမှ ဓမ္မစကူးလ် ဥက္ကဌဆရာတော်အဖြစ်ဦးစီး၍ ကျောင်းတိုက်၂၇တိုက်တွင် ကျောင်းသူကျောင်းသား ၃၀၀၀ကျော် ဆရာ၊ ဆရာမ ၂၇၀ ကျော်ဖြင့် ဓမ္မစကူးလ် သင်တန်းကျောင်းများ ဖွင့်လှစ် သင်ကြားလျှက်ရှိကြောင်း သိရသည်။
မီးမီး



Comments
Post a Comment