မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ

မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ

EPN
မိုးကောင်း ဖေဖော်ဝါရီ ၉
  •  မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးကြိုး ကီလိုမီတာ ၇၈၀၀ကျော် ကာလတန်ကြေး ကျပ်သိန်း ၃၀၀ကျော်ဖိုး ခိုးယူသူနှင့်လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သိရသည်။
  • ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်ဆက်သွယ်ရေးကြိုးများ မကြာခဏ ခိုးယူခံ နေရသဖြင့် ပြည်သူများ၊  ဆက်သွယ်ရေးတာဝန်ရှိသူများ နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဖေဖေါ်ဝါရီ ၇ ရက်နေ့က ခိုးရာပါ ပစ္စည်းများနှင့် အတူရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာ ကျေးရွာအနီး၌ မိုးကောင်းမြို့နယ် အောင်ရှမ်းစုကျေးရွာနေ မျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ် တို့ကိုဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးအား  ဆက်လက်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော(၈)ရက် ခန့်က မိုးကောင်းမြို့ အရှေ့ရပ်နေ ဒေါ်ဌေးမြင့်ထံကြေးကြိုး(၂၅)ကျပ်သား ရောင်းချထားကြောင်းနှင့် အရှေ့ရပ်နေ ကိုတင့်နိုင်ဝင်း ထံရောင်းချရန် ကြေးကြိုး(၁၆)ပိဿာပို့ထားကြောင်း၊ အဆိုပါကြေးကြိုးများနှင့် ပတ်သက်၍ ယင်းတို့(၄)ဦးကို စစ်ဆေးမေးမြန်းရာ ၎င်းတို့မှပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆို နိုင်မှုမရှိသောကြောင့် တစ်နေရာမှ ခိုးယူသည် ဟုမသင်္ကာဖွယ်တွေ့ရှိ သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။
  • "ဆက်သွယ်ရေးကြိုးတွေ မကြာခဏခိုးယူခံနေရတော့ ရဲတပ်ဖွဲ့ကိုလဲ အကြောင်းကြားထားသလို ဆက်သွယ်ရေး ကြိုးနဲ့နီးစပ်တဲ့အိမ်တွေကိုလည်း သတိထားစောင့်ကြည့်အကြောင်းကြားပေးဘို့ မေတ္တာရပ်ခံထားပါ တယ်။ အခုလဲခိုးယူ နေစဉ်ပြည်သူက အကြောင်းကြားပေးလို့ လက်ပူးလက်ကြပ်ဖမ်းမိတာပါ။ ကာလတန်ကြေး အနေနဲ့ဆိုကီလိုမီတာ ၁၀၀၀ကိုသိန်း ၄၀ကျပ်ဖြစ်ပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ ဦးသန်းဦးမှပြောသည်။
  • ဖြစ်စဉ်နှင့်ပတ်သက်၍မျိုးထက်ပါ(၄)ဦးကိုမိုးကောင်းမြို့မရဲစခန်းမှ(ပ)၃၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ-၃၇၉/ ကျင့်-၅၄ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရှိရပါသည်။
                                               ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ