ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး

ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး

EPN
မိုးကောင်း၊ ဖေဖော်ဝါရီ ၁၂
  • အများသည် အသင်းအတွက်မဖြစ်စေရ အသင်းကသာလျှင် အများအတွက်ဖြစ်စေရမည် ဟူသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်တာဝန်ယူစဉ်ကာလက နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုပေး အပ်ရန်လျာထား ခြင်းခံခဲ့ရသည်။
  • ကချင်ပြည်နယ် မိုးကောင်းမြို့တွင်၂၀၀၄ ခုနှစ်၌"မိုးကောင်းနာရေးကူညီ မှုအသင်း"ဟူသော အမည်ဖြင့် စတင်ဖွဲ့စည်းပြီး၂၀၀၆ခုနှစ်၌"လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး အဖြစ်အမည်ပြောင်း၍ အလုပ်အမှုဆောင် (၂၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းကာနိုင်ငံတော်၏ လူမှုရေးလုပ်ငန်းများတွင် တဖက်တလမ်းမှကူညီဆောင်ရွက်နေသော အသင်းကြီးဖြစ်သည်။
  • မြို့ရွာဖွံ့ဖြိုးရေး အခမဲ့ပညာသင်ကြားရေး နိုင်ငံဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ နယ်မြေအပိုင်းအခြား သတ်မှတ်မထားဘဲအရေးပေါ်လူနာများ အချိန်မှီဆေးကုသနိုင်ရန် ပို့ဆောင်ပေးရေး ၊နာရေး လိုအပ်ချက် များကိုအခမဲ့ဆောင်ရွက်ရေးနှင့် ဘာသာရေး သာသနာရေး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
  • "စတင်ဖွဲ့စည်းစဉ်ကာလကဆို လမ်းခရီးတွေကအခုချိန်လိုဖြောင့်ဖြူးသာယာတာ မဟုတ်ဘူး နယ်မြေစိုးမိုး မှုမရှိတဲ့ ဒေသတွေကိုလဲလိုအပ်ချက်အရသွားကြရပါတယ်။ ရန်ကုန် မန္တလေး မြစ်ကြီးနားထိုင်း တရုပ်နယ်စပ်မြို့ရွာတွေကို လူနာနဲ့နာရေးပို့ဆောင်တာကြိမ်ဖန်များစွာဆောင်ရွက်ခဲ့ပါတယ်" ဟု လောကတ္တစရိယ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်လွင်စိုးမှဆိုသည်။
  • အဆိုပါအသင်းအမှုဆောင်များသည် SuperCustom ၃စီး IP Sum တစ်စီး SURF တစ်စီးဖြင့်လူနာ သယ်ယူပို့ဆောင်ခြင်းနှင့် တစ်နှစ်လျှင်ပျှမ်းမျှနာရေး ၂၀၀ဦးခန့်မြေကျရန် အခမဲ့ဆောင်ရွက်ပေးနေပြီး စတင်ဖွဲ့စည်းစဉ် ကာလမှယနေ့ချိန်ထိနာရေး ၃၀၀၀ဦးကျော်ကိုယာယီအိမ်လှူဒါန်းခြင်းမြေကျင်းတူးပေးခြင်း နှင့်လိုအပ်ချက်မှန်သမျှကို အခမဲ့ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရသည်။
                                                       ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ