ကျောင်းပြန်တက်ရန် သူငယ်ချင်းများနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်မည်ဟု သင်တန်းရပ်စဲခံရသည့် မိုးညှင်းဒီဂရီကောလိပ်ကျောင်းသူတစ်ဦး ပြောဆို
ကျောင်းပြန်တက်ရန် သူငယ်ချင်းများနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်မည်ဟု သင်တန်းရပ်စဲခံရသည့် မိုးညှင်းဒီဂရီကောလိပ်ကျောင်းသူတစ်ဦး ပြောဆို
EPN
မိုးညှင်း၊ ဖေဖော်ဝါရီ ၈
EPN
မိုးညှင်း၊ ဖေဖော်ဝါရီ ၈
- ယခုပညာသင်နှစ်တွင် ရတနာပုံတက္ကသိုလ် လေးထပ်ဆောင်ရှေ့နှင့် ကျောင်းဝင်းအတွင်း စာသင်ခန်းများတွင် ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် သင်တန်းမှ ရပ်စဲခြင်းခံရသည့် မိုးညှင်းဒီဂရီကောလိပ်မှကျောင်းသူတစ်ဦးက ကျောင်းပြန်တက်ရန်အတွက် သူငယ်ချင်းများနှင့် တိုင်ပင်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟု ဆိုသည်။
- ''ကျောင်းဆက်တက်မတက်ဆိုတာ ကျွန်မတစ်ယောက်ထဲ ဆုံးဖြတ်လို့မရဘူး၊ ကျန်တဲ့ (၃) ယောက်ကို မေးကြည့်ရဦးမယ်၊ အစိုးရကကျောင်းဆက်တက်ဖို့ အခွင့်အရေးပေးတယ်ဆိုပေမဲ့ ကျွန်မတို့ဘက်ကလည်းစောင့်ကြည့်စရာတွေရှိပါတယ်၊ အားလုံး (၇၂) ယောက် ပြန်ပို့တဲ့အထဲမှာ ၅၆ ယောက်ပဲ ကျောင်းထုတ်ခံရတယ်l ကျန်တဲ့ (၁၆) ယောက်ကို ဘာလို့မထုတ်တာလည်းကိုကျွန်မတို့ သိချင်တယ်'' ဟုတတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသူ မြတ်နိုးဝေ ကပြောသည်။
- မမြတ်နိုးဝေအပါအဝင် ကျောင်းသားကျောင်းသူ (၄) ယောက်တို့အား တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြစ်မှု၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာပြစ်မှုနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်မှုဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ သင်တန်းမှ ရပ်စဲလိုက်ကြောင်း မိုးညှင်းဒီဂရီကောလိပ် စီမံခန့်ခွဲရေးအဖွဲ့မှသိရသည်။
- “ကျွန်တော်တို့ ဆန္ဒပြကျောင်းသားတွေကို သင်တန်းက ရပ်စဲတယ်ဆိုတာ သူတို့သွားရောက်လုပ်ဆောင်ခဲ့တဲ့ ကျောင်းကလုပ်တဲ့အတိုင်း ဆောင်ရွက်ခဲ့တာပါ၊ ကျောင်းသူကျောင်းသားတွေရဲ့ ခံဝန်ကတိနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ ထောက်ခံချက်နဲ့ အသနားခံတင်ပြလာခဲ့ရင်တော့ လက်ရှိပညာသင်နှစ်မှာပဲ ကျောင်းပြန်တက်ခွင့်ရှိပါတယ်'' ဟု မိုးညှင်းဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာအောင်ကျော်သင် ကဆိုသည်။
- မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ယခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ ဆန္ဒပြရာသို့သွားရောက်မှုကြောင့် သင်တန်းရပ်စဲခံရသည့်မိမိတို့သားသမီးများ ဝန်ခံကတိပြုနိုင်ရေးအတွက် ဖျောင်းဖျ ဆွေးနွေးသွားမည်ဟု မိဘများထံမှ သိရသည်။


Comments
Post a Comment