မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ
မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇
မီးမီး
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇
- မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား(၃)ဦးအား ရမာန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့ရှိ မြို့မရဲစခန်းမှ သိရသည်။
- ဇန်န၀ါရီ ၂၃ရက်ညနေ ၃နာရီကျော် အဆိုပါဘဏ်ရှိ ဝန်ထမ်းများမှာငွေသိမ်းရန် ရေတွက်နေချိန်တွင် ဘဏ်အတွင်းသို့ အမည်မသိ လူငယ်၎ဦးမှ မျက်နှာအကာပါ ဆိုင်ကယ်စီးဦးထုတ်ဆောင်းလျှက် တုတ်၊ ဓားလက် နက်များ ကိုင်ဆောင်၍ ဝင်ရောက်လာကာ ဝန်ထမ်းများကို ရန်ပြု၍ ငွေကျပ်သိန်း(၉၂၀)နှင့် ဘဏ်အတွင်းထားရှိသည့် CCTV စက်ကိုပါ ယူဆောင်သွားသည့် လုယက်မှုကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းတွင် အမှုအမှတ်(ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄(လုယက်မှု) အရအဆိုပါဘဏ်၏ မန်နေဂျာမှ အမှုရေး ဖွင့်ထားကြောင်း သိရသည်။
- “ဘဏ်လုယက်မှုအတွက် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ကပဲ မသင်္ကာတဲ့ အမျိုးသား ၃ယောက်ကို ရမာန်(ချုပ်မိန့်)ယူပြီး စစ်ဆေးနေပါတယ်”ဟု မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှ တပ်ကြပ် ကိုသက်နိုင် ကပြောသည်။
- အဆိုပါအမျိုးသား ၃ဦးကို ဇန်န၀ါရီ လ ၂၈ရက်နေ့၊ ဖေဖော်ဝါရီလ ၁ရက်နေ့နှင့် ဖေဖော်ဝါရီ လ ၄ရက်နေ့များတွင် အဆိုပါမြို့မရဲစခန်း၌ ရမာန်ယူစစ်ဆေးလျှက်ရှိကြောင်းသိရပြီး အသေးစိတ်အချက်အလက်များကို ပြောပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- “ကချင်ပြည်နယ်အတွင်းမှာ မှုခင်းဖြစ်ပွားမှုတွေ လျှော့နည်းကျဆင်းအောင် ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပါတယ် လုံခြုံရေးအပိုင်းကိုတော့ ဘယ်ဟာကို ဘယ်လိုလုပ်နေတယ်ဆိုတာ အသေးစိတ် ပြောပြလို့မရပါဘူး”ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင် ကပြောသည်။
- ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ ၂၀၁၈ခုနှစ် ဇန်န၀ါရီလ တစ်လအတွင်းတွင် ကချင်ပြည်နယ် အတွင်း၌ လုယက်မှု ၃မှု ဖြစ်ပွားခဲ့ပြီး ရဲစခန်းများသို့လာရောက်တိုင်ကြားထားခြင်းမရှိသော လုယက်မှုများမှာလည်း မြစ်ကြီးနားမြို့၏ ရပ်ကွက်တိုင်းလိုလိုတွင် ဖြစ်ပွားနေကြောင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တွေ့ရှိနေ ရသည်။
မီးမီး

Comments
Post a Comment