ရှင်ဗွေယန်မြို့တွင် ဒေသတွင်းဖွံ့ရေးလုပ်ငန်းများလုပ်ဆောင်နေ

ရှင်ဗွေယန်မြို့တွင် ဒေသတွင်းဖွံ့ရေးလုပ်ငန်းများလုပ်ဆောင်နေ
 
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈

  • ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရှဗွေယန်မြို့တွင် မြို့တွင်းလမ်းနှင့် ရပ်ကွက်များရှိလမ်းများ၊ တံတားများဆောက်လုပ်နေခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရှိရသည်။
  • အဆိုပါဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်န၀ါရီလကစတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ အစိုးရဘတ်ဂျတ်ငွေဖြင့် လုပ်ဆောင်နေကြောင်း တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ထံမှသိရသည်။
  • “ကျွန်တော်တို့ဒီလုပ်ငန်းကို ၂၀၁၇-၂၀၁၈ အစိုးရဘတ်ဂျတ်နဲ့လုပ်တာပါ၊ (န.တ.လ)ရံပုံငွေအနေဖြင့် လမ်း အရှည်ပေ၂၀၇၀ဖိုး ကုန်ကျခံထားပါတယ်၊ စည်ပင်ရန်ပုံငွေက သိန်း(၁၅၀၀) ကုန်ကျခံထားတယ် ပြီးတော့ ကျွန်တော် တို့ လွှတ်တော်ရံပုံငွေကိုလည်း (၄)ရပ်ကွက်စလုံးမှာ အသုံးပြုထားပါတယ် "ဟု တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောသည်။
  • ရှင်ဗွေယန်မြို့တွင် ရပ်ကွက်စုစုပေါး(၄)ရပ်ကွက်ရှိရာ ယခင်မြေသားသက်သက်လမ်းများအပေါ် ကျောက်ချော ခင်းခြင်း၊ ကွန်ဂရက်လောင်းခြင်းလုပ်ငန်းများကို ယင်းဒေသခံပြည်သူများ၏ နေ့စားလုပ်အားဖြင့် လုပ်ဆောင်နေ ကြောင်း လမ်းကိုယ်စားလှယ် ဦးသန်းမြင့် ကပြောသည်။
  • “ကျွန်တော်တို့လမ်းအကျယ်(၁၂)ပေအကျယ်ရှိပါတယ်၊ တစ်နေရာနဲ့တစ်နေရာမတူပါဘူး၊ တစ်ချို့နေရာမှာ ကျောက်ချောခင်းတယ်၊ တစ်ချို့နေရာကျတော့ ကွန်ဂရက်လောင်းပါတယ်"ဟု လမ်းကိုယ်စားလှယ် ဦးသန်းမြင့် ကပြောသည်။
  • ယခင်နှစ်များတွင် ရပ်ကွက်များရှိလမ်းများမှာ မြေသားသက်သက်ဖြစ်ခြင်း၊ ရေစီးမြှောင်းများရှိ တံတားငယ် များမှာ အဆင်မပြေခြင်းတို့ကြောင့် မိုးတွင်းကာလတွင် ဒေသခံပြည်သူများ သွားလာရန်ခက်ခဲပြီး ယခုကဲ့သို့ လမ်း တံတားများ တည်ဆောက်ပေးခြင်းတို့ကြောင့်ဒေသခံပြည်သူများ ဝမ်းသာလျှက်ရှိကြောင်းသိရှိရသည်။
  • “ကျွန်တော်တို့နေ့စားခ(၇၀၀၀)ရပါတယ်၊ ခုလမ်းတံတားတွေလုပ်နေပြီဆိုတော့ရမ်းဝမ်းသာပါတယ်၊ အရင်က မိုးတွင်းဆို ကလေးတွေ ကျောင်းသွားရတာ လုံးဝအဆင်မပြေဘူး၊ ရွံ့ဗွတ်တွေအရမ်းထူတယ် အခုလမ်းခင်းလိုက်ပြီ ဆိုတော့ မိုးတွင်းလည်းပူစရာမလိုတော့ဘူး "ဟု အမှတ်(၄)ရပ်ကွက်နေ ဦးဇော်ယောင်း ကပြောသည်။
  • အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတံတားလုပ်ငန်းတွင် လိုအပ်သော စက်ယန္တရားများကို တင်ဒါအောင် ကုမ္ပဏီမှအသုံးပြုထားပြီး ဒေသခံပြည်သူများ၏နေ့စားလုပ်အားဖြင့် ဝိုင်းဝန်းဆောင်ရွက်နေကြောင်း သိရှိရသည်။
                    လွမ်းအောင်





Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ