ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၇
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၇
- ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရွှေသာလျောင်းဘုရားဝင်းတွင် ဖေဖေါ်ဝါရီ ၈ ရက်နေ့မှ ၁၅ရက်နေ့ထိ ရွှေသာလျောင်းမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဆယ့်နှစ်ပွဲဈေးသည် များ လာရောက်၍ ဆိုင်ခန်းများကို ခင်းကျင်းနေပြီဖြစ်သည်။
- ရုံပိတ်ပွဲဖြစ်သော"ပွဲတိုင်းကျော်"မန္တလေးဇာတ်ပွဲကို ဖေဖေါ်ဝါရီ၁၀ရက်နေ့မှ စတင်ကပြမည်ဖြစ်ပြီး ဗလာပွဲတွင် "ခိုင်သစ္စာ"ဇာတ်ဖြင့် မိုးအလင်း ကပြအသုံးတော်ခံမည်ဖြစ်သည်။
- "ပွဲတိုင်းကျော်"ဇာတ်နဲ့အတူ အဆိုတော်အနုပညာရှင်များဖြစ်တဲ့ ဂျီပက်၊စည်သူပလပ်ကျွတ်၊ ဖြူဖြူထွေး တို့လဲပါဝင်ပါတယ်။ ယနေ့ခေတ်ပေါ်လူကြိုက်များတဲ့ အဆိုတော်အနုပညာရှင်တွေကိုလည်း ချိတ်ထားပါတယ်၊ ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာဖြစ်အောင် ကြိုးစားနေပါတယ်"ဟု ပွဲကန်ထရိုက် ဦးမြင့်အောင်မှ ဆိုသည်။
- အဆိုပါ ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ စည်ကား သိုက်မြိုက်စွာကျင်းပပြီး ပွဲတော်တွင် မဟာဒုတ် ကံစမ်းမဲကိုလည်း ထည့်သွင်း၍ ပထမဆုအဖြစ် AD-VAN ကား(လိုင်စင်ပါ) (၁)စီး၊ JIANSHE ဆိုင်ကယ်(လိုင်စင်ပါ) (၁)စီး၊ KAMAX ဆိုင်ကယ်(လိုင်စင်ပါ)(၁)စီး၊ BATTERY (၆)လုံးထိုင်ဆိုင်ကယ် (၁)စီး၊ TCL 32’’ LED-TV+PSI စလောင်း(၁)စုံ နှင့် အခြားအပိုဆုများလည်း ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။



Comments
Post a Comment